အီလက်ထရောနစ်ကမ္ဘာ
အရင်အပတ်ကရေးထားတဲ့ကွန်ဒစ်ဆာအကြောင်းကိုဆက်ရေးပါမယ် ကွန်ဒစ်ဆာအမျိုးမျိုးရှိတဲ့အထဲကအဓိကလုပ်ဆောင်ချက်တွေက တခုနဲ့တခုမတူညီကြပါဘူး DCကွန်ဒစ်ဆာနဲ့ ACကွန်ဒစ်ဆာကတော့လျှပ်စစ်သိုလောက်မှူကိုအဓိကထားလုပ်ဆောင်ပါတယ် ဒစ်ကွန်ဒစ်ဆာကတော့ အဓိကကြိမ်နူန်းကိုထိမ်းပါတယ်
မိမိလိုချင်သောကြိမ်နှူန်းရရှိရန် ရိစစ္စတာနဲ့ ဒစ်ကွန်ဒစ်ဆာများနဲ့ထိမ်းပြီးယူကြပါတယ်၊ ဒါ့ကြောင့်အော်ဒီယိုပိုင်းက အသံထိန်းတဲ့အီကွေလဇာပိုင်းမှာ ဒစ်ကွန်ဒစ်ဆာများနဲ့အများဆုံးထိမ်းကြပါတယ် ၊ဒါမှသာလျှင်
ကိုယ်လိုချင်သော ဘေစ့်သံ ရှပ်သံ စသည်ဖြင့်ညိမ့်ညောင်းသောအသံကိုရရှိမှာဖြစ်ပါတယ် ၊ ခက်တာက
ဒစ်ကွန်ဒင်ဆာကိုကောင်းမကောင်းမီတာနဲ့တိုင်းလို့မလွယ်ပါဘူး၊ သူရဲ့လုပ်ဆောင်ချက် ဒစ်ကွန်ဒင်ဆာကောင်းမကောင်းကိုတော့ စက်ပြားမှာတပ်ဆင်ပြီးမှ သိရတာပါ တခုတော့ရှိတယ် ကြိမ်နှူန်း (ဖန်ကွေစီ) တိုင်းတဲ့စက်နဲ့မှတိုင်းရတာပါ စက်ပြားကိုဖန်ကွေစီတိုင်းတဲ့စက်မှာတိုင်းထားပြီးကိုယ်လိုချင်သောဖန်ကွေစီရရှိရန် ဒစ်ကွန်ဒင်ဆာတန်ဖိုးအတိုးအရှော့လုပ်ပေးရတာပါ၊
ဖန်ကွေစီ ကြိမ်နှူန်းတိုင်းတဲ့စက်ကအလွန်တရာဈေးကြီးသဖြင့်စက်ပြင်သမားများမကိုင်နိုင်ပါ အီလထရွန်းနစ်စက်ပစ္စည်း ထုပ်လုပ်တပ်ဆင်သောကုမ္မဏီကြီးများသာလျှင်ထားရှိနိုင်ပါသည်၊ ဒစ်ကွန်ဒစ်ဆာသည် ပြက်ခဲသဖြင့်
စပယ်ယာပစ္စည်းသိပ်မထုပ်လုပ်ပါ ၊ပြက်ခဲ့လျှင်လဲ ပစ္စည်းရှားသဖြင့် ကျွန်တော်တို့မှာ အဟောင်းထဲကအကောင်းလေးတွေရှာကြံပြီးထည့်ရပါတယ်၊
နောက်တခုကကျုးနင်းကွန်ဒစ်ဆာပါ သူကတော့ လျှပ်စစ်သိုလှောင်မူ့နဲ ဖန်ကွေစီထိမ်းသိမ်းမူကိုလိုသလိုအတိုးအရှော့လုပ်လို့ရတဲ့ လျှပ်သိုအရှင်ပါ သူကတမျိုးထူးဆန်းပါတယ် ၊သူ့ကိုတော့ ရေဒီယိုကျုးနင်းများ၊တီဗွီရုပ်သံလှိုင်းအန်နာလော့စနစ်တွေမှာသုံးပါတယ်
လေထဲတွင်အသံလွှင့်ရုံပေါင်းမြောက်များစွာကလွှင့်ထုပ်လိုက်တဲ့အသံလှိုင်းရုပ်လှိုင်းတွေရှိပါတယ် အဲဒီလှိုင်းတွေထဲက ကိုယ်လိုချင်သော ကြိမ်နှူန်းရရှိရန် ကျုးနင်းကလိုသလိုအတိုးအရှောလုပ်ယူရပါတယ် ကျုးနင်းမှဖန်းယူရရှိသောကြိမ်နူန်းတို့ကို မိမိလိုချင်သောကြိမ်နူန်းရရန်စက်ပြားကအော်တိုထုပ်ပေးသောကြိမ်နှူန်းနဲ့ရောနှောလိုက်ရပါတယ် ဒါမှသာလျှင်နားနှင့်ကြားနိုင်သောကြိမ်နူန်းကိုရမှာပါ ၊အသံလွှင်ရုံများမှလွှင့်လိုက်သောကြိမ်နှူန်းကကျွန်တော်တို့နားနှင့်မကြားနိုင်ပါဘူး၊
ခေတ်တွေတိုးတက်လာတာနဲ့အညီ ကျုးနင်းနဲ့အသံတွေရုပ်တွေဖမ်းယူရာမှာ အန်နာလော့မသုံးကြတော့ပါဘူး ဒစ်ဂျတယ်စနစ်ကိုအသုံးပြုလာကြပါပြီ၊မည်သို့ပင်ဖြစ်စေ ဒစ်ကွန်ဒစ်ဆာနဲ့မလိုအပ်သောကြိမ်နူန်းများမဝင်ရောက်နိုင်ရန် လွှင့်တဲ့ရုံကထုပ်လွှင့်လိုက်သောကြိမ်နှူန်းကိုသာအဓိဖမ်းယူတဲ့စနှစ်နဲ့လုပ်ထားခြင်းဖြစ်ပါတယ်၊ထိုကြောင့်လွှင့်တဲ့ရုံကရုပ်သံမလွှင့်ရင်သော်လည်းကောင်း၊ဖိုင်းကျုးနင်းလွှင့်တဲ့ရုံကလိုင်းနဲ့လွဲချော်နေရင်သော်လည်းကောင်း မည်သည့်ကြိမ်နူန်းမျှမဝင်စေရန် တီဗွီမှန်ပြင် အပြာပြင်များခင်းပေချင်းဖြင့်တားဆီးပေးထားပါသည်၊ကွန်ဒစ်ဆာနှင့်ပတ်သက်၍
ဗဟုသုတရရန်ဤမျှလောက်သာတင်ပြနိုင်ပါသည်၊
တကယ်လိုက်စားပြီး တကယ်အလုပ်လုပ်စားမယ်ဆိုရင်လေ့လာစရာတွေအများကြီးကျန်ပါသေးသည်၊
နောက်အပတ်များတွက် ထရန်စဖော်မာ ပတ်နည်း
ချာချင်ဘယ်ထရီအားသွင်းစက်များပတ်နည်းများကို
အဆင့်ဆင့်တင်ပြပါအုံးမည် စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးကြပါအုံးလို့ပြောကြားရင်း အားလုံးကိုကျေးဇူးတင်ပါသည်။
Post writer=@yuzana(shineshine)
MSC=146
နားလည်မှတ်သားလွယ်အောင် ရေးသားပေးတဲ့အတွက် ကျေးဇူးပါဗျာ
အားပေးတဲ့ အတွက် ကျေးဇူးပါဗျာ
လျှပ်စစ်နဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေရလို့ ကျေးဇူးတင်ပါတယါ
ခုလိုဖတ်ပေးတဲ့အတွက်ကျေးဇူးပါ
4.72
နားလည်လွယ်စေပါတယ်
နားလည်တယ်ဆိုတော့ ရေးရကျိုးနပ်တာပေါ့ဗျာ
အီလက်ထရောနစ်နဲ့ပတ်သက်ပြီးဗဟုသုတရတယ်...ဆက်ဖတ်ဖို့စောင့်နေပါ့မယ်...
အီလထရောနစ်စိတ်ဝင်စားတာဝမ်းသာပါတယ်ဗျာ
ပို့ချချက်လေးကောင်းပါတယ်နားလည်လွယ်တယ်။။
ကျေးဇူးပါဗျာ
လျှပ်စစ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ အများကျြီးရေးပြပေးလို့ 
ကျေးဇူးပါအကို
ဒီလိုစကားကြားရတာ ဝမ်းသာပါတယ်ဗျာ
ခုလိုpostမျိုး များများရေးပါ
ဟုပ်ကဲ နောက်လဲ လာမှာပါဗျာ
ဒါမျိုးပြောပြလို့ကတော့ စောင့်နေရတာပေါ့ဗျာ😊😊😊
transformerပတ်နည်းတော့စိတ်ဝင်စားပါတယ်မျော်နေပါ့မယ်
ရေးတော့ရေးမယ်ဗျ ပုံတွေကဖုန်းထဲမှာမဆွဲတပ်
လိုတဲ့ပုံကလဲရှာမရဖြစ်နေ အတပ်နိုင်ဆုံးနာလည်အောင်တော့
ရေးပါမယ်
ဗဟုသုတရတယ်ဗျာ ဆက်အားပေးပါ့မယ်
ကျေးဇူးပါ ဆက်ရေးပါမယ်ဗျာ