Electronics
အားလုံးမင်္ဂလာပါ ခင်ဗျာ့
မနေ့ကကျွန်တော်စက်ပြင်ဆိုင်က ပြဿ်နာလေးတွေဆက်ရေးပါအုံးမယ်။
ကျွန်တော်တို့အီလက်ထရောနစ်သမားတွေမှာ အီလက်ထရောနစ်သမားအခြင်းခြင်းပဲနားလည်ပြီး ကျန်တဲ့သူကိုရှင်းပြလို့နားမလည်နိုင်တဲ့အခက်အခဲပြဿ်နာတွေအများကြီးရှိပါတယ်။ လာအပ်တဲ့သူကိုအပြစ်ပြောလို့မရသလိုစက်ပြင်သမားဘက်ကြည့်ရင်လဲမမှားဘူးဆိုတဲ့ပြဿ်နာလေးတွေပေါ့။ အီလက်ထရောနစ်ပညာသည်၊ မမြင်ရသောတဆ္စေ သို့မဟုပ် တန်ခိုးရှင်လျှပ်စစ်ကို ကျွန်တော်တိုကခိုင်းစားရတဲ့ပညာပါ၊
သုံးစွဲသူ user ဖက်ကနေကြည့်မယ်ဆိုရင်လည်း သူတို့ကပိုက်ဆံရှိလို့ အီလက်ထရောနစ်ပစ္စည်းကိုဝယ်ပြီးသုံးတယ်၊ ဒါပေမယ့် စက်ထဲမှာသော အီလက်ထရောနစ်ပစ္စည်း တခုခြင်းဆီ ဘယ်ပစ္စည်းကဘယ်လိုအလုပ် လုပ်တယ် ဘယ်ပစ္စည်းက ဘယ်လိုသုံးရင်ပျက်တပ်တယ်ဆိုတာသူတို့မသိကြပါဘူး။ အီလက်ထရောနစ်ပစ္စည်းဆိုတာ ဓာတ်ပစ္စည်းတွေမို့တချက်အမှားမခံပါဘူး၊ တချက်မှာလိုက်တာနဲ့ ဘွာတေး လုပ်မရဘဲသုံးစားလို့မရတော့ပါဘူး တခြားမက္ကင်းနစ်ပစ္စည်းတွေလို တွင်ထိုး ဖာထေး ပွတ်သတ်ပြီးသုံးလို့မရပါဘူး ၊ အပျက်နဲ့အကောင်းဒီနစ်လမ်းဘဲရှိပါတယ်၊ ပျက်သွားတဲ့ အီလက်ထရောနစ်အပိုပစ္စည်းလေးတွေကလည်း တချို့ပစ္စည်းလေးတွေက ပေါက်ကွဲပွင့်ထွက်ပြီး အပျက်လို့သတ်မှတ်နိုင်ပေမဲ့ တချို့ပစ္စည်းလေးတွေက အကောင်းပကတိအတိုင်းအနာအဆာမရှိဘဲနဲ့ ပျက်စီးနေတာကိုတွေ့ရပါတယ်၊
ဒီအပိုပစ္စည်းလေးတွေ ကောင်းမကောင်းကို သာမန်မျက်စိနဲ့ကြည့်ယုံနဲ့မသိသာပါဘူး၊ သူ့ရဲ့သတ်မှတ်တဲ့အရည်အသွေးလုပ်ဆောင်ချက်ကို မီတာတိုင်းပြီးစစ်ဆေးရပါတယ်၊ဒါကိုတချို့ သုံးစွဲ့သူတွေက အကောင်းကြီးကို ပိုက်ဆံတောင်းကောင်ဖြတ်လဲပြစ်တယ်ဘာညာနဲ့ ကိုလည်းနားမလည်ဘဲနဲ့ မေးငေါ့ပြောတပ်ကြပါသေးတယ်၊ ကျွန်တော်နောက်ဆုံးပြောခြင်တာကတော့ အီလက်ထရောနစ်အပိုပစ္စည်းလေးတွေသည် အလေးမထားဘဲတချက်မှားလိုက်တာနဲ့သုံးစွဲမရအောင်ပျက်တပ်သဖြင့် အီလက်ထရောနစ်အကြောင်းကိုနဲနဲလေးလေ့လာထားသင့်သလို့ ဂရုစိုက်၍လည်းသုံးစွဲသင့်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။ စာလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Post writer=@yuzana(shineshine)
MSC=146


ပျက်သည် ပြင်သည်
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
ကျေးဇူးပါဗျာ
👍 👍 ခြိုးခြံ ချွေတာရာလည်း ရောက်တာပေါ့ဗျ။
Posted using Partiko Android