ခရီးစဉ်မှတ်တမ်း(၂)
အားလုံးဘဲမင်္ဂလာပါခင်ဗျာ
ဟိုတနေ့က ပေါက်မြို့က ညီအကိုသူငယ်ချင်းနဲ့တွေ့ စကားစမြည်ပြောပြီးမကြာမှီနေပူတော့မည်ဖြစ်သဖြင့်ခရီးဆက်ထွက်ရန်စကားကိုဖြတ်လိုက်ရပါသည်။ပေါက်ရဲ့အနောက်နားမှာ လက်နှက်စက်ရုံးကိုခွဲထွက်တဲ့တောလမ်းတလမ်းရှိသည်၊ အဲ့ဒီလမ်းကနေ ပုံတောင်ပုံညာအကြားက ကျော ဆိုသောရွာကိုဖြတ်သွားလိုက်ရင် လမ်းကအတော်နီးသည် ကျော ရွာကနေ ရေမျက်နီ ဂန့်ဂေါဆက်သွားလို့ရသည်၊
သို့သော် ဒီလက်နက်စက်ရုံသည် နိုင်ငံတော်လှိုဝှက်စက်ရုံဖြစ်သဖြင့်ဖြတ်သွား၍ရမည်မရမည်မသိပေ၊ အရင်တနှစ်ကကြားလိုက်မိသည် ဂျာနယ်လစ်သီတင်းထောက်တယောက်သည် ပြင်ပလူများဝင်ခွင့်မရှိသောနေရာသို့ စက်ရုံအတွင်းအလုပ်သမားများနှင့်အလုပ်သမားယောင်ဆောင်ပြီးဝင်ရောက်သီတင်းယူခဲသဖြင့် နိုင်ငံတော်လှိုဝှက်ချက်ဥပဒေဖြင့်တရားစွဲခံလိုက်ရသည်၊ ဒီလိုနှင့်ကျွန်တော်သည်ဒီဝန်းထဲကနေဖြတ်သွား၍ရမရစုံစမ်းလိုက်သောအခါ ကားနဲ့သွားလို့တော့မရဘူး ဆိုင်ကယ်နဲ့တော့သွားရတယ် ဒါပေမဲ့မှတ်ပုံတင်ပြရတယ်ဟုပြောသူကပြောသည် ဆိုင်ကယ်ရော ကားရော ဖြတ်လို့မရဘူးဟုပြောသူကပြောသည်၊ ထို့ကြောင့် ကျွန်တော်သည် ကျောက်ထုကနေ ထီးလင်းကိုသွား နောက်ဂန့်ဂေါကို ဆက်သွားမည်ဟုဆုံးဖြတ်လိုက်သည်၊
ဒီလိုနှင့်ကျောက်ထုဘက်သိုခရီးဆက်ထွက်လာရာ လမ်းတဝက်ရောက်သောအခါထီးလင်းသို့ ဟုဆိုသောလမ်းခွဲတခုတွေ့လေသည် ဒါဆိုကျောက်ထုအထိသွားစရာမလိုဘဲ ထီးလင်းကိုဖြတ်သွားလို့ရလေသည်၊ မသင်္ကာသဖြင့် GPS ကိုဖွင့်ပြီးလမ်ညွန့်မြေပုံကိုကြည့်သောအခါမြေပုံ၌ လမ်းခွဲကိုမတွေ့ရပေ နောက်မှမြေပုံကို zoom ဆွဲကြည့်သောအခါမှ ထိုလမ်းခွဲကို မှိန်မှိန်လေးတွေ့ရလေသည် ၊ ထိုအခါမှဝမ်းသာသွားပြီးဖြတ်လမ်းအတိုင်းဆိုင်ကယ်ကိုစီးလာခဲ့ပါသည်၊ ထိုကြောင့်သူငယ်ချင်းတို့လည်းလမ်းခရီးကို GPS ဖွင့်မြေပုံကိုကြည့်သွားလျှင် ကိုယ်လိုရာဒေသသို့ အနီးဆုံးလမ်းအတိုင်းအချိန်တိုအတွင်းရောက်ရှီနိုင်ကြောင်း နှင့် google map ကြည့်ရမှာမပျင်းကြဘို့တိုက်တွန်းလိုက်ရပါသည်။
Post writer=@yuzana(shineshine)
MSC=146
ခုလိုရေုးပြလို့ကျေးဇူးပါ....
Posted using Partiko Android
ဟုတ်တယ် ခရီးသွားရင် GPS လေးက လမ်းမသိရင် အဆင်ပြေအောင် လမ်းပြပေးတယ်
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
အင်တာနက် ရမှ ဖြစ်မှာပါဗျာ