ကက်​စက်​တလုံ့းဇာတ်​လမ်း

in #myanmar7 years ago

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
မ​နေ့ကကျွန်​​တော်​စက်​ပြင်​ဆိုင်​ပြဿ်​နာ​လေးဆက်​​ရေးပါအုံးမယ်
သူကစ္စည်းသူပြန်​ယူမယ်​​လို့ပြော​တော့။ဟာ...ဒါ​တော့မဖြစ်​နိုင်​ဘူး လာအပ်​တဲ့သူကို​ဘောင်​ချာ​ပေးလိုက်​တယ်​ ပိုင်​ရှင်​အစစ်​ဆို​တောင်​​ဘောင်​ခြာမပါဘဲနဲ့စက်​ပြင်​ဆို​င်​တွေက​ပေး​လေ့​ပေးထမရှိဘူးလို့​ပြောလိုက်​ပါတယ်​၊ ဒါကိုသူကလက်​မခံပါဘူး၊ ဒီလို​တော့မဖြစ်​ဖူးဗျာ့ လာအပ်​တဲ့သူ့ ပိုင်​ရှင်​ကြ​တော့ကျွန်​​တော်​တို့ဘယ်​လိုသွားရှင်းမလဲ၊ခင်​ဗျားကက်​စက်​ဆိုတာခင်​ဗျားအ​ပြောဘဲ အဲ..တခု​တော့ရှိတယ်​ ခင်​ဗျားပိုင်​တဲ့ကက်​စက်​အမှန်​ဆိုရင်​ လူမူ​ရေးအရ ကျွန်​​တော်​​ပေးလိုက်​တဲ့​ဘောင်​ချာမပါခြင်​​နေစက်​ပြင်​ခ​ပေးရင်​​ပေးလိုက်​မယ်​၊ စက်​ပြင်​ခမ​ပေးရင်​​တော့မ​ပေးနိုင်​ဘူးပိုင်​ရှင်​လာရင်​ ခင်​ဗျားဆီပို့မယ်​လို့​ပြောလိုက်​ပါတယ်​၊ ဒီကလဲဘယ်​ရမလဲ ကိုယ်​ဝယ်​လိုက်​တဲ့ပိုက်​ဆံစက်​ပြင်​ခအ​နေနဲ့ပြန်​​တောင်းရမယ်​​လေ၊ သူကမ​ပေးနိုင်​ဘူးတဲ့ ရယကရုံးမှာရှင်းမယ်​တဲ့ ရှင်းဗျာ ကျုပ်​ထည့်​တားတဲ့အိုင်​စီနဲ့ ​မော်​တာ​တော့အလကားမ​ပေးနိုင်​ဘူး တဖက်​လှည့်​နဲ့က​လေးတ​ယောက်​အပ်​ခိုင်း ခင်​ဗျားက ငါ့ပစ္စည်းဆိုပြီးပြင်​ခမ​ပေးဘူးသိမ်းမယ်​ဆိုတဲ့သ​ဘောမျိုးကျုပ်​တို့လဲ​တွေးလို့ရတာဘဲလို့​အော်​လွှတ်​လိုက်​တယ်​၊ဝတရုပ်​ ရှူးရူး..ရှူးရှူး ..နဲ့စိတ်​ဆိုးပြီးထွက်​သွာပါ​လေတယ်​၊

Panasonic-Boombox-RX-DS545-Portable-Stereo-AM-FM-Radio-CD-Cassette-Tape-Player-01-tqmi.jpg

နောက်​ရက်​ရုံးက​ခေါ်လို့သွားလိုက်​တယ်​ ဖြစ်​​ကြောင်းကုန်​စင်​​ပြောပြတယ်​ ရပ်​ကွက်​ဥက္ကဌကလဲကိုယ့်​အသိ ၊ ​နောက်​ဆုံး​တော့ဥက္ကဌက သူကအပျက်​ကိုလာပြင်​လို့ပြင်​တာ ​ဘောင်​ချာမပါဘဲနဲ့အ​ရွေးခံတယ်​ဆိုတာ​တောင်​ခင်​ဗျားကစက်​ပြင်​ခမ​ပေးနိုင်​ဘူးဆို​တော့စဉ်းစားကြည့်​အုံး​လေ သူ့ဘက်​ကမနစ်​နာ​နေဘူးလားတဲ့ ၊သူကလဲ​ပျောက်​သွားတုန်​ကအ​ကောင်းတဲ့ ၊အ​ကောင်းဆိုစက်​ပြင်​ဆိုင်​ဘယ်​လို​ရောက်​မလဲလို့​ပြော​တော့ ခင်​ဗျားကဘာ​တွေထည့်​ထားလဲတဲ့ အသံIC နဲ့ ​မော်​တာထည့်​ထားတယ်​လို့​ပြောလိုက်​​တော့ အဲ့ဒီနှစ်​ခုပြန်​ဖြုပ်​ယူလိုက်​တဲ့ ၊ ကျွန်​​တော်​လဲ OK ခင်​ဗျားတပည့်​တခါထဲထည့်​လိုက်​တခါထဲယူသွား လို့​ပြောလိုက်​ပါတယ်​၊ ဒီသီတင်းက ဆိုင်း​တောင်​မှာစက်​ပြင်​ဆိုင်​​လေးသုံးဆိုင်​ရှိတာ စက်​ပြင်​သမားအချင်းချင်းအားလုံးသိသွားပြီ​လေ ၊

maxresdefault.jpg

နောက်ရက်​ ဝတရုပ်​ရဲ့တပည့်​​လေး ကက်​စက်​ကြီးဆွဲပြီးပြန်​ယူလာတယ်​​လေ၊ ​လောပန်းကပြန်​ပြင်​​ပေးပါတဲ့ ပြင်​ခ​ပေးမယ်​တဲ့၊ သိ​နေတယ်​​လေ ဘယ်​ဆိုင်​မှပြင်​မ​ပေးဘူးဆိုတာ၊ အားလုံးက ကျွန်​​တော်​တိုပြဿ်​နာသိ​နေ​တော့ ​နောက်​ပစ္စည်းကလည်းရှာတယ်​မဟုပ်​လား၊ ကျွန်​​တော်​ကအဲ့ဒီအခါမှ​အော်​လွှတ်​လိုက်​ပါတယ်​၊ ​တော်​ပြီဒီ​လောက်​ဇယားရှူပ်​တဲ့စက်​ICလဲမရှိ​တော့ဘူး ပြင်​ခလဲမရခြင်​​နေ ပြင်​လဲပြင်​မ​ပေးနိုင်​ဘူးလို့​​အော်​လွှတ်​လိုက်​ပါတယ်​၊ ခု​ခေတ်​ဆိုရင်​အဲ့ဒီကက်​စက်​ရိုက်​ခွဲမိမှာ၊အဲ့ဒီ​ခေတ်​က ကက်​စက်​တန်​​ကြေးက နှစ်​​သောင်းခွဲ​လောက်​တန်​တယ်​၊ ​ရွှေတကျပ်​သားတသိန်း​ကျော်​​ကျော်​​လေး​​ဘဲရှိတာဆို​တော့ ခု​ခေတ်​အ​နေနဲ့တွက်​ရင်​​ဈေးမနည်းဘူး​လေ၊ ကျွန်​​တော်​တို့စက်​ပြင်​သမား​တွေမှာ ဒီလို​လေး​တွေလဲကြုံရပါတယ်​လို့တင်​ပြရင်း....စာလာဖတ်​သူအားလုံးကို​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကက်ဆက်တွေ ဘယ်ပျောက်ကုန်လဲ

Posted using Partiko Android

ခု ဘယ်​​ရောက်​ကုန်​လဲမသိ 😄😄

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

တီဗွီ ဖုန်းတွေပေါ်လာတော့ သူတို့လည်းချောင်ရောက်ရော

တော်တော်ဆိုးတဲ့ တရုပ်