တနေ့တာအကြောင်းလေး
တနေ့တာအကြောင်းလေး
တနေ့က ကျွန်တော်မနက်အိပ်ယာထပြီး မျက်နှာသစ်သွားတိုက် ဆန်းဒေးကော်ဖီတခွက်နဲ့ ပဲပလာတာတပွဲကိုယ့်ဘာသာကိုယူစားလိုက်သည်၊စားပြီးတော့ဘာကစလုပ်ရမလဲစဉ်းစားလိုက်တဲ့အခါ ညီတော်မောင်က အိမ်ကဟာတွေကတော့ထားဝယ်က ကထိန်ပွဲသွားကုန်ကြပြီတဲ့ ဟုပ်ပါသည် ဟိုတနေ့က ညီရဲ့မိန်းမက အကို ထားဝယ်သွားမလို့လိုက်အုံးမလားတဲ့ အင်း ကျွန်တော်က ခြေထောက်ဗွေပါတဲ့သူဆိုတော့ လိုက်တော့လိုက်ခြင်မိတာပေါ့ဒါပေမဲ့ခြေထောက်ကို မနည်းချုပ်ထားရတာ ဘာဖြစ်လို့လဲဆိုတော့ ပြာသိုလ်လပြည့်နေကြရင် အညာကိုပြန်ရအုံးမှာ ဒီလိုခရီးတွေခနခနစိတ်နေရင်တော့အလုပ်လုပ်စားချိန်တောင်ရှိမှာမဟုပ်တော့ဘူးဟုဆင်ခြင်နေရလေသည်၊
ညီရဲ့မိန်းမ မရှိဘူးဆိုတော့ နေလည်စာဘယ်လိုလုပ်မလည်းစဉ်းစားမိလိုက်လေသည်၊ညီကိုပြောနေရင်လည်း အလုပ်ရှူပ်ပါတယ်အကိုရာ ဆိုင်ဝယ်စားလိုက်ကြတာပေါ့လို့ပြောမှာ ကျွန်တော်ကလည်း အသားဟင်းငါးဟင်းဆီပြန်တွေကမစားခြင်တော့ဘူးဆိုတော့ မထူးဘူးဆိုပြီးဈေးထဲသွားအသီးအရွက်ကလေး ဘာလေးသွားဝယ်လိုက်ပါသည်၊ ဈေးဝယ်ပြန်လာတော့ ဟင်းချက်ရမှာကစောသေးသည် ထမင်းကချက်စရာမလို ထမင်းကြော် ထမင်းသုပ်ရောင်းသဖြင့် ထမင်းက အမြဲတမ်းရှိလေသည်၊ ဒီလိုနဲ့ ပန်ကာကွိုင်လေးထိုင်ပတ်နေလိုက်မိသည်၊တော်တော်ကြာဝယ်တဲ့သူရှိခဲရင်အရံသင့်ရောင်းရန်ပတ်ထားခြင်းဖြစ်လေသည်၊ ကွိုင်ခွေပြီး အော် ဒီနေ့လိုင်းမဖွင့်မိသေးဘူးဆိုပြီးတော့ လိုင်းလေးဖွင့်ကြည့်မိလိုက်ပါသည်၊ဒီနေ့ပရိုတင်ရမှာပါ့လားဆိုပြီး ပရိုတင်စရာ ပိုစ်ကိုနုပ်ပိတ်ထဲမှာရှာကြည့်မိလိုက်ပါသည်၊ နုပ်ပိတ်ထဲမှာကတခုမှရေးထားပြီးသားကမရှိပေ ၊အသေအခြာရှာကြည့်မိမှ လွန်ခဲ့တဲ့ နှစ်လလောက်ကရေးထားသောတန်ခူးလအကြောင်းလေးရေးထားတာတွေ့ရှိရလေသည်
အဲ့တာနဲ့ စာလေးနဲနဲပါးပါးဖြည့်ပြီး ပိုစ်ကိုတင်လိုက်ပါသည်၊ တန်ခူးလအကြောင်းမှာ ပွဲတော်အကြောင်း ရာသီပန်းအကြောင်း ပြည့်စုံအောင်ရေးရသဖြင့် တပိုင်းနှင့်မပြီးနိုင်ပေ၊ နောက်ရာသီပန်းအကြောင်းလေးရေးတင်လိုက်တော့ မကြည်က နင့်က ငါရေးနေတာ လုရေးနေတယ်ဟု ရန်ထောင်လေသည်၊ အဟိ ထင်တော့ထင်သား သူကလည်း ၁၂ လရာသီအကြောင်းရေးနေတာ ကဆုန်လအကြောင်းရောက်နေပေပြီ အဲ့တာကြောင့် ငါလည်းရှိတာလေးကောက်ရေးမိတာပါဟာ ငါပြောင်းရေးမှာပါဟု ပြန်ချော့လိုက်ရလေတော့သည်၊
Post writer=@yuzana(shineshine)
MSC=146
ပဲပလာတာအသေကြိုက်တယ်နော့...ကော်ဖီနဲ့မိုက်မိုက်😁
Posted using Partiko Android
မနက်စာကတော့ သိပ်ကောင်းတဲ့အစားအစာပေါ့
အစဉ်အလာပျက်လို့ မရဘူး မရှိရှိတာ ရေးတင်မှဘာ အကြံတူနေပြီ
Posted using Partiko Android
တပ်နိုင်ဘူး အလုပ်လုပ်ရင်းတန်းလန်းဆိုတော့ကြုံတာကောက်တင်ရတာပ့
ဘာရေးရေး အားပေးနေပါတယ် ။ဒီရက်ပိုင်း မအားလို့ ပျက်ကွက်ခဲ့တာတွေအတွက် sorry ပါနော်ဦးယု။
ကျေးဇူးတင်ပါတယ် ဆရာဟော် အခုလို အားပေးတဲ့အတွက်
ဟာ့ဟာ့ နာ့အတင်းတုပ်သေးတယ်ပေါ့လေ😁😁ရေးပါအေ စတာဘာ အညာပြန်ရင် နာ့ဆိလာခက်အူး😁
Posted using Partiko Android
တုပ်ရပါဘူးဗျာ့ ....တောသူအလှ စာဖွဲ့ပြတာပါ.....
ခုကော စားပြီးပြီလား ဗျ။
😊
အဟပ် ...စားသေးဘူးဗျာ့ မဆာလို့
ကြံဖန်ရေးတတ်နေပြီပဲ
Posted using Partiko Android
ဒါနဲ့ တစ်နေ့တာ အကြောင်းလေး ဖြစ်သွားတယ်ဆိုပါတော့ ဦးယုရေ
Posted using Partiko Android
ချတာချ ဦးယုရေ။
ကျွန်တော်လည်း အလုပ်များနေလို့ မလာဖြစ်သေးတာ။