ကုတင်အမှတ်(၁၈)

in #busy7 years ago

ငါဟာ ပျော်သလိုနေခဲ့တော့
အမှားတွေနဲ့ လည်ပင်းဖက်ပြီး ငါပေါင်းသင်းခဲ့တာနှစ်သုံးဆယ်ပေါ့
ငါဟာလူမိုက်တစ်ယောက်ပေါ့
သံသရာ ဆိုတာမသိသေးတော့
ဗုဒ္ဓရဲ့လမ်းညွှန်မှုနဲ့ ကင်းဝေးခဲ့တာ နှစ်သုံးဆယ်ပေါ့
ငါဟာလူမိုက်တစ်ယောက်ပေါ့
မမြဲခြင်းတရားတွေ ဘုရားဟောပေမယ့်
မရင့်ကျက်နိုင်ပဲ ငါတွယ်ငြိခဲ့
ဒီချိန်မှာတော့ လူနာကုတင် အမှတ် (၁၈) မှာ
နောင်တရကာ နာကျင်နေတာ
မြင့်မြတ်တဲ့ဘုရားရှိတယ် ငါ့အတွက်အခုမှသိတယ်
ငါသေရင် ဘယ်ကိုသွားမလဲ
ငါ့မိုက်ပစ်တွေ ဘီးအဖြစ်အသွင်ပြောင်းကာ
ခေါ်ဆောင်မှာ ငရဲ...
ချော့သိပ်မှအိပ်တတ်တယ်
ဟိုးတုန်းက ခလေးဘ၀ရယ်
ပြန်လည်ကာလိုချင်မိခဲ့
ငါ..ဒီကုတင်လေးမှာ နာကျင်ရင်းသာ ငါထွက်သွားမှာပါ..

Capture.JPG
credit - you tube

အရာရာ ငါချန်ရစ်သွားဖို့
နီးလာနီးလာတဲ့အချိန်မှ အကုန်ဝိုင်းပြောကြတယ်
ထွက်သွားပါတော့ တဲ့...ငါဟာလူမိုက်တစ်ယောက်မို့
ငိုသံတွေ ဆူညံနေလွန်းလို့
ဘေးကုတင်ကလူတစ်ယောက်သေဆုံးချိန် ၀ိုင်းပြောကြတယ် သိပ်နှမျောစရာပေါ့တဲ့
သူဟာလူကောင်းတစ်ယောက်မို့...
ငါဆိုးသွမ်းခဲ့တယ်...
ဟိုးအတိတ်နေ့ထဲ အမေ့မျက်ရည်တစ်စက်ကို ဒီချိန်ငတ်ခဲ့
ငိုသူမရှိသော လူနာကုတင်အမှတ် (၁၈) မှာ နောင်တရကာ နာကျင်နေတာ
မြင့်မြတ်တဲ့ဘုရားရှိတယ် ငါ့အတွက်အခုမှသိတယ်
ငါသေရင် ဘယ်ကိုသွားမလဲ
ငါ့မိုက်ပစ်တွေ ဘီးအဖြစ်အသွင်ပြောင်းကာ ခေါ်ဆောင်မှာ ငရဲ...
ချော့သိပ်မှအိပ်တတ်တယ် ..ဟိုးတုန်းက ခလေးဘ၀ရယ်
ပြန်လည်ကာလိုချင်မိခဲ့....
ငါ..ဒီကုတင်လေးမှာ နာကျင်ရင်းသာ ငါထွက်သွားမှာပါ

ငါ..ဒီကုတင်လေးမှာ နာကျင်ရင်းသာ ငါထွက်သွားမှာပါ.......

ဒီသီချင်းလေးဟာဝေလ ကခံစားပြီးတော့ရေးထားတာဖြစ်ပါတယ်။ခံစားချက်အပြည့်နဲ့လဲသီဆိုခဲ့တာပါ။ချီးကျူးစရာပါဗျာ။CREDIT MY Brother Wai la.

17155379_2244468925777319_4774948581904726654_n-724x470.jpg
credit - Eleven Media Group

သီချင်းရဲ့အဓိပ္ပာယ်ကတော့ သေချိန်တန်တဲ့အထိဆိုးသွမ်းစွာနေထိုင်ခဲ့သောသူတစ်ယောက်အကြောင်းကို သံဝေဂ ရစရာရေးထားတာပါ။လူ့အသိုင်းအ၀ိုင်းဟာ အနှစ်မရှိတဲ့သူတွေကို မြန်မြန်သေစေချင်ပြီးတော့ တန်ဖိုးရှိတဲ့သူတွေသေတဲ့အခါမှာ ချီးကျူးစကားပြောဆိုပြီး ငိုကြွေးကြလေ့ရှိတယ်။လူမိုက်တစ်ယောက်ဇာတ်သိမ်းရင် တော့ မြန်မြန်သေလေနားအေးလေဆိုပြီးတော့ ပြောလေ့ရှိတယ်။မသေခင်မှာဘုရားတရားလုပ်ကြဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။မိုက်ရင်းနဲ့ ဘုရားမသိ တရားမသိသေခဲ့ရင် မိုက်ခဲ့တဲ့အပစ်တွေဟာ ဘီးလိုပဲအသွင်ပြောင်းပြီးတော့ ငရဲဆီကိုပို့ဆောင်လိမ့်မယ်လို့ဆိုထားတာပါ။သေခါနီးမှ နောင်တရနေလို့အလကားပါပဲ။မသေခင်မှာ ကောင်းတာတွေလုပ်ပါ။သံသရာဆိုတာကိုသတိထားပါ။လည်နေတာပါ။မိုက်ပစ်နဲ့ဇာတ်သိမ်းရင် နောင်သံသရာကျရင်လဲ ကောင်းရာဘုံမရောက်နိုင်ပါဘူး။အသိနဲ့သတိကိုလက်ကိုင်ထားကြပါလို့..........
Bedroom-clipart-single_Bed_blue_T.png
credit - animaljam.wikia.com

ချစ်လှစွာဖြင့်
ဇာမဏီ ဇော်လင်း (နေပြည်တော်)
MSC-210

Sort:  

သေသွားသူဟာ ကိုယ့်အတွက် အသုံးတည့်ရင်
ငိုကြတယ် ကိုယ့်အတွက်အသုံးမဝင်ရင်
မငိုကြ မလွမ်းကြဘူးဗျ

ဟုတ်ပါ့ကိုကြီးထွေးရေ ဝေလကိုတော့လေးစားတယ် တော်တော်ပညာပါတယ်ရေးဆိုထားတာတွေက။

အသိနဲ့ သတိ လက်​ကိုင်​ထားလို့ သံသရာခရီး ဆက်​ကြပါစို့ အစ်​ကို​ရေ ..

ဟုတ်ပ ကိုမြန်မာရေ နောက်မှပဲလိုက် V+M တော့မယ် လောလောဆယ်မအားတာနဲ့ဗျာ ကျေးဇူးပါလာအားပေးတာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အတတ်​နိုင်​ဆုံးလူ​ကောင်းတစ်​​ယောက်​ဖြစ်​​အောင်​​နေရမှာ​ပေါ့ကွယ်​။

ဟုတ် နေနော်မမ။အားပေးနေမယ်။