မြန်မာတွေရဲ့ သင်္ကြန်

in #myanmar7 years ago (edited)

myanmar-new-year-water-festival.jpg
photo credit - MoeMaKa

နှစ်​​ဟောင်းကုန်​၍နှစ်​သစ်​သို့ပင်​​ရောက်​ရှိခဲ့​ချေပြီ။သင်္ကြန်​မှာ​ကုသိုလ်​ရှာသူ၊အ​ပျော်​လွန်​သူစသည်​ဖြင့်​အမျိုးမျိုး​ကျော်​ဖြတ်​ခဲ့ကြ​ပေသည်​။သင်္ကြန်​တွင်း၌အ​ပျော်​လွန်​သူ၊အ​ပျော်​အပါးမက်​၍ဘဝနိဂုံးချုပ်​၍နှစ်​သစ်ကိုမကြိုဆိုလိုက်​ရသူများလည်းဒုနှင့်​​ဒေးရှိ​ပေလိမ့်​မည်​။မစည်​ကား​​ကောင်း​သော​နေရာ​ဆေးရုံ​ဆေးခန်းများ၌စည်​ကားခဲ့ကြသည်​။အရက်​၊မူးယစ်​​ဆေးစသည်​တို့​ကြောင့်​သင်္ကြန်​တွင်​ဘဝပျက်​သူများလည်းရှိ​ပေလိမ့်​မည်​။လျှပ်​​ပေါ်​လော်​လီသူ့ထက်​ငါ sexy ကျရန်​ဝတ်​ဆင်​ရင်းသင်္ကြန်​၏သရုပ်​အားအကျီးတန်​ရုပ်​ဆိုး​​အောင်​ပြုမူခဲ့သူများလည်းရှိ​ပေလိမ့်​မည်​။ကျေးလက်​​တောရွာများ၌မူမြန်​မာ့ရိုးရာသင်္ကြန်​၏အ​ငွေ့အသက်​များကျန်​ရှိ​နေ​ပေ​သေးသည်​။

DSCN2109.JPG
photo credit - su-lay.blogspot.com

အုန်းလက်​မဏ္ဍပ်​​လေးများဖြင့်​မုန့်​လုံး​ရေ​ပေါ်စသည့်​စတုဒီသာ​ကျွေးသူများ၊သက်​ကြီးဝါကြီးများအား​ရေကန်​​တော့ခြင်း၊​ခေါင်း​လျှော်လက်​သည်းညှပ်​စသည်​ဖြင့်​ကုသိုလ်​ယူ​နေကြ​ပေ​တော့သည်​။မည်​သို့ပင်​ဆို​စေကာမူသင်္ကြန်​သည်​​နွေရာသီအထိမ်းအမှတ်​သ​င်္ကေတတစ်​ခုပင်​ဖြစ်​​ပေသည်​။ပူပြင်း​ခြောက်​​သွေ့​သော​နွေရာသီ၏သက်​ဝင်​လှူပ်​ရှား​​ရေးဆွဲ၍မမီနိုင်​​သောပန်းချီကားတစ်​ချပ်​လည်းဖြစ်​​ပေသည်​။
သင်္ကြန်​၏သ​င်္ကေတပိ​တောက်​ပန်းက​လေးများ၏အလှသည်​ကားစာဖွဲ့၍မကုန်​နိုင်​​အောင်​ရှိလှ​ပေသည်​။ရွှေဝါပိ​တောက်​ပန်းက​လေးများနှင့်​တူးပို့တူးပို့​တေးသံသာများကားကမ္ဘာတွင် ​မြန်​မာတစ်​နိုင်​ငံတည်း၌ရှိ​သောမနှိုင်းယှဉ်​အနုပညာ​မြောက်​​တေးသံသာများပင်​ဖြစ်​သည်​။

0002-crd-daw-Ohn-MarOo.jpg
photo credit - ဧရာဝတီ

သင်္ကြန်​​တေးသံဟုဆိုလိုက်​လျှင်​ဂန္တဝင်​​တေးဂီတပညာရှင်​ဆရာမြို့မငြိမ်းအားမျက်​စိထဲမြင်​​ယောင်​မိခဲ့သည်​။မန်း​တောင်​ရိပ်​ခိုသီချင်းနှင့်​သင်္ကြန်​ပွဲ​တော်​သည်​​ခေတ်​အဆက်​ဆက်​၌မရိုးနိုင်​​သောလိုက်​ဖက်​ဆုံး​တေးသံပင်ဖြစ်​ခဲ့​လေသည်​။မြန်​မာ့ရိုးရာသင်္ကြန်​သည်​မြန်​မာ့တို့၏၁၂လရာသီပွဲ​တော်​များ၌အထူးခြားဆုံး​သောပွဲ​တော်​တခုဖြစ်​​ပေသည်​။နှစ်​သစ်​ကူးပွဲ​တော်​အ​မြောက်​အမြား၌မြန်​မာတို့၏သင်္ကြန်​ပွဲ​တော်​သည်​တုနှိုင်းမမီပွဲ​တော်​တခုဖြစ်​​ပေသည်​။ထို့​ကြောင့်​မြန်​မာရိုးရာသင်္ကြန်​ပွဲ​တော်​၏ဂုဏ်​ကျက်​သ​ရေအားယုတ်​​လျော့မသွား​စေရန်​ထိန်းသိမ်း​စောင့်​​ရှောက်​ရမည်​မှာမြန်​မာလူမျိုးတိုင်း၏တာဝန်​ပင်​ဖြစ်​သည်​။သင်္ကြန်​ကာလ၌မူးယစ်​ရမ်းကား၍ခိုက်​ရန်​ဖြစ်​ပွားခြင်း၊မ​ပေါ့်တ​ပေါ်အဝတ်​အစားများ၊သရုပ်​ပျက်​အဝတ်​အစားများဝတ်​ဆင်​ခြင်းသည်​သင်္ကြန်​၏ပုံရိပ်​အားထိခိုက်​​စေ​ပေသည်​။ရိုးရာယဉ်​​ကျေးမှူအားအစဉ်​ထိန်းသိမ်း၍မြန်​မာ့ရိုးရာသင်္ကြန်​အားထိန်းသိမ်း​စောင့်​​ရှောက်​ကြပါဟုတိုက်​တွန်းနိုး​ဆော်​၍ဤ​ဆောင်းပါးအားနိဂုံးချုပ်​လိုက်​ရ​ပါ​တော့သည်​။

maxresdefault.jpg
photo credit - you tube

90.jpg

ချစ်လှစွာဖြင့်
ဇာမဏီ ဇော်လင်း - (နေပြည်တော်)
@zarmanizawlinn
MSC-210

IMG_20160726_223306.jpg

Sort:  

Very inspirational. We are not a product of our circumstances. Rather, we are products of our decisions.

သင်္ကြန်ရောက်ဖို့ တစ်နှစ်ပဲ လိုပါတော့တယ် 😛

ဟုတ်ပါ့မက်မက်ကိုရီးယားရေ 361ရက်ပဲလိုတော့တယ်ဗျာပျော်စရာကြီး။

Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

I love minnowsupport.

ရိုးရာ အမွေအနှစ်ဖြစ်လို့ ထိန်းသိမ်းထားသင့်ပါကြောင်း

မက်မက်စုလဲမြန်မာဝတ်စုံပဲဝတ် ဒါပဲ။

နောင်နှစ်ခါလဲဆီးလို့ကြိုမယ်

မောင်ကြီးလာပါမယ်

အတော်များများကတော့ သင်္ကြန်မှာ ကုသိုလ်ရေးထက်
ပိုက်ဆံကုန် လူပင်ပန်း ပျက်ဆီး ကြ ဖြစ်တာများ

ဟုတ်တယ် မြောင်းထဲကရေတွေနဲ့လဲပတ်တယ် စိတ်ဓါတ်တွေကအောက်တန်းကျလာတယ် သူများအသားရည်တွေမဲကုန်ရော ဒါလဲလည်နေကြတာပဲ မမှတ်ဘူး ဘယ်လိုလုပ်ကြမလဲ

အိုက်​စ်​ ... ​နောက်​ဆုံးပုံ​လေးက ဘူ​လေးလဲ ..
အ​ကောင့်​​လေး လင်းပါ .. 😂😂😂

နောက်ဆုံးကသားပါခင်ဗျ။အပေါ်ကသားအစ်မပါခင်ဗျ။

သား အစ်​မကို ​မေးစရာလားခွယ်​ .. သားကို​မေးတာ​ပေါ့ ငိ ငိ .. 😂😂😂😂😂

ဟိဟိ မသိဘူးလေ ဟုတ်ကဲ့ အောက်က သားသားပါ။

မိမိတို့၏ ရိုးရားသင်္ကြန်​ကို မိမိတို့ထိမ်းသိမ်းရန်​ အားလုံးတွင်​တာဝန်​ရှိတာ​ပေါ့ ခိုခိုဇာရယ်

ဟုတ်ပဗျာ ကိုအောင်ကြီးတစ်ရာရေ။မြန်မာ့အရေးကိုမြန်မာတွေထိန်းသိမ်းမှ မြန်မာဆိုတာ တန်ဖိုးရှိတော့မပေါ့လေ။မြန်မာကို မြန်မာမှန်းသိအောင် မြန်မာအ၀တ်အစားတွေပဲဝတ်တာကောင်းပါတယ်။မြန်မာ မြန်မာ မြန်မာ

@mamamyanmar က သင်္ကြန်မှာ လည်တာ အသားမဲသွားလို့ တဲ့ FB_IMG_1524193465043.jpg

အို သိပ်ချောတာပဲကွယ်

သင်္ကြန်ဘယ်မှမထွက်ဘူးထင်ပ
မျက်နှာက ဖွေးဥလို့  ဒါကြောင့်
နှင်းဆီခိုင်ကြီးဖြစ်တာကိုး

ဟိဟိ မထွက်ဘူးကွီး ရိပ်သာမှာပဲ အဖိုးဖွားတွေကို ဆွမ်းကပ်တာနေ့တိုင်း။