ကွမ်းစားခြင်း
ကွမ်းစားတယ်ဆိုတာ မြန်မာလူမျိုးတွေမှာ အရိုးစွဲနေတဲ့ ကိစ္စရပ်။
ဓလေ့တစ်ခုလိုတောင် ဖြစ်နေပြီ။
ယောက်ျားလေး တစ်ဝက်ကျော်ဟာ ကွမ်းစားကြပြီး
လေးပုံတစ်ပုံဟာ ကွမ်းစွဲနေသူတွေ ဖြစ်မယ်တောင် ထင်မိတယ်။ ယောက်ျားအတော်များများဟာ ပါးစပ်တရဲရဲ။
ကွမ်းစားတာ အပြစ်တစ်ခုမဟုတ်ဘူး။
အရက်ကြိုက်တဲ့လူက အရက်သောက်မယ်
ဆေးလိပ်ကြိုက်တဲ့လူက ဆေးလိပ်သောက်မယ်
ကွမ်းကြိုက်တဲ့လူက ကွမ်းစားမယ်။
ဒါအပြစ်တစ်ခုဆိုတာထက် တိမ်းညွတ်ရာတစ်ခုသက်သက်။
နားလည်ပေးလို့ရတယ်။
ပြသနာက ကွမ်းတံတွေးကိစ္စ။
ရောဂါရမှာ ဘာညာအသာထား
အရည်တဗျစ်ဗျစ်ထွက်တဲ့ အဲ့ကွမ်းရဲ့ ဘေးထွက်ပြသနာက ကွမ်းတံတွေးပဲ။
ရန်ကုန်မြို့ လမ်းမတွေမှာ ကွမ်းတံတွေးကွက်တွေနဲ့
တန်ဆာဆင်ထားတယ်။
ပါးစပ်ကြီးနဲ့တစ်လုံး ကွမ်းတံတွေးတွေကို ကားပေါ်ကနေ ဗွမ်းခနဲထွေးသွားဖို့ ဝန်မလေးဘူး။
ကွမ်းဖက်တွေ ဝါးပြီးသားတွေကို ရေနဲ့ပလုပ်ကျင်း
ဗြန်းခနဲလမ်းမပေါ်ထွေးသွား ပေပွကျန်နေခဲ့တာတွေလည်း မြင်နေရတာမဆန်း။
ရန်ကုန်မြို့ ကန်ထရိုက်တိုက်လှေကားတွေမှာ ကွမ်းတံထွေးမထွေးရဆိုတဲ့ ရေးထားတဲ့စာမှာ ကွမ်းတံတွေးတွေပေစွန်းနေတာကို မဆန်းသလိုမြင်ရလိမ့်မယ်။
ပိုဆိုးတာက အိမ်အပေါ်ထပ်ကနေ အောက်ကို ကွမ်းတံတွေးထွေးချ
အောက်ကကားခေါင်မိုးတွေမှာ ဗြန်းဗြန်းကွဲပေ
ကားပိုင်ရှင်က ဘယ်ကောင်ထွေးမှန်းမသိတော့ အပေါ်ထပ်မော့ပြီး အော်ဆဲ
ရပ်ကွက်ထဲကြားနေကျ ပြသနာ။
ပြီးခဲ့တဲ့ရက်က အကောင့်ထဲက ဖျန့်တစ်ယောက် ဓါတ်ပုံတင်ထားတယ်။
မီးပွိုင့်မှာ ကားရပ်ရင်းဘေးကဘတ်စ်ကားပေါ်က ကွမ်းတံတွေးလှမ်းထွေးတာ ရှေ့ကားမှန်တစ်ခုလုံး ပေပွညစ်ပတ်။
ကွမ်းစားတာ အပြစ်မရှိပါဘူး။
ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးတာ အပြစ်ရှိပါတယ်။
ခင်ဗျားတို့တောင် ကိုယ့်ပါးစပ်နဲ့ကိုယ်ဝါးထားတဲ့ဟာတောင်
မျိုမချချင်လို့ ထွေးပစ်ကြတာ
ကွမ်းမစားတဲ့သူ အခြားသူက ခင်ဗျားတို့ပါးစပ်ပေါက်က
အားရပါးရဝါး တံတွေးတွေနဲ့ရောနေတဲ့ အဲ့အရည်တွေကို ဘယ်လောက်ရွံမလဲ ကိုယ်ချင်းစာကြည့်ကြ။
ကွမ်းတံတွေးကို မကြိုက်လို့ ကွမ်းစားခွင့်ပိတ်စရာမလိုဘူး။
ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးသူတွေကို မှတ်လောက်သားလောက်အောင် ဒဏ်ရိုက်ရမှာ။
ဒီမိုကရေစီကွ လွတ်လပ်ခွင့်ကွလို့ ပြောချင်ရင်
အဲ့ကောင်တွေ မျက်နှာပေါ် ဒီမိုကရေစီကွဆိုပြီး တံတွေးနဲ့ သွားထွေးဦးမယ်။
အရက်သောက်တာ အပြစ်မဟုတ်ဘူး
အရက်သောက်ပြီး ရပ်ကွက်အော်ဆဲနေရင်တော့ အပြစ်ပဲ။
ဆေးလိပ်သောက်တာ အပြစ်မဟုတ်ဘူး
Public Areaမှာမရှောင် လူအများအနှောက်အယှက်ဖြစ်အောင် ဖွတ်ဖင်ထ မီးခိုးထွက်ပြနေရင်တော့ အပြစ်ပဲ။
ကွမ်းစားတာအပြစ်မဟုတ်ဘူး
ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ စောက်ရမ်းလျှောက်ထွေးနေရင်တော့ အပြစ်ပဲ။
ဒီမိုကရေစီဆိုတာ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ
ကိုယ့်စည်းဘောင်အတွင်းမှာ နေထိုင်ခြင်းပဲ။
မသေခင်လေး လူ့ဘဝမှာ အများအတွက်ကြိုးပမ်းနိုင်သူတစ်ယောက် မဖြစ်တောင်
အများကို ဒုက္ခမပေးတဲ့ အနှောက်အယှက်မပေးတဲ့
လောကကို အပိုဝန်တွေ မပေးတဲ့ လူ့အနှောက်အယှက်လူ့အမှိုက်တစ်ယောက်မဖြစ်ရင်ကိုပဲ တာဝန်ကျေလှပြီ။
ကိုယ့်ကြောင့် သူတပါးပေစွန်းရမှာ
ရှက်စရာကောင်းလွန်းပါတယ်လေ။
Zawphyowai
Msc 082
Image from google
ဘယ်စည်းကမ်းဖောက်ဖောက်ဒဏ်ငွေများများရိုက်သင့်တာ
ဟုတ်တယ် ဆရာ
ကိုယ်တိုင်ထိမ်းသိမ်ကြရမှာပါ။
ပတ်ဝန်းကျင်ကို အလှမဆင်ရင်နေပါ။မဖျက်ဆီးမိဖို့တော့ စောင့်ထိန်းသင့်ပါတယ်..bro
ဟုတ်ပါတယ် အကို
ကွမ်းလေးတော့စားပါ့ရစေဆရာ
ကျန်တာဘာမှလုပ်တာမဟုတ်ဘူး😁
ယုံဘူး
good post
ဟုတ်
ကွမ်းမစားတာအကောင်းဆုံးပဲ
ဟုတ်
ကွမ်းမစားပါ
ဟုတ် ဆရာ
ကျန်းမာရေးတွက်ကောင်းဘူးနော်
ဟုတ်