သင်္ကြန်မလည်ခြင်း၏ အကျိုးကျေးဇူးများ

in #artzone8 years ago

image
၁။ အိမ်ပြန်မရောက်မချင်း စိတ်ပူနေရမည့် ဒုက္ခ မိဘများ၌ မခံစားရခြင်း။

၂။ မိဘများ စိတ်ချလက်ချ ဥပုပ်စောင့် သွားနိုင်ခြင်း

၃။ အိမ်တွင် တီဗွီကြည့်ရင်း တနိုင်ငံလုံးမှ မဏ္ဍပ်အစုံ ကို ကြည့်ရှုရခြင်း

၄။ အပြင်မထွက်ဖြစ်၍ အိမ်တွင်လဲ ဘီယာ အရက် သောက်သုံးခြင်းကိုရှောင်ကျဉ်ပီး ဖြစ်ခြင်း

၅။ မျက်စိညောင်းလျင် တီဗီပိတ်၍ ပုတီးစိတ်ခြင်းဖြင့် ကုသိုလ်ဘာဝနာ ပွါးများနိုင်ခြင်း

၆။ အိမ်တွင် နေခြင်းကြောင့် ဆိုင်ကယ် ကား အက်စီးဒန့်ဖြစ်ခြင်းတို့မှ ကင်းဝေးခြင်း

၇။ မူးယစ်ရမ်းကား ခိုက်ရန်ဖြစ်ပွါးမှုကို ရှောင်ကျဉ်နိုင်ခြင်း

၈။ နေပူဒဏ် မခံစားရသဖြင့် အသားအရည်ထိန်းသိမ်းပြီးသားဖြစ်ခြင်း

၉။ စာအုပ်စာပေများ အေးဆွေးစွာ ဖတ်ရှုရခြင်းဖြင့် ဗဟုသုတ တိုးပွါးစေခြင်း

၁၀။ အစာ စားချိန် မှန်ခြင်းဖြင့် ကျန်းမာဝဖြိုးအလှတိုးစေခြင်း

၁၁။ အင်တာနက် လိုင်း ကောင်းကောင်း သုံးစွဲရခြင်း

၁၂။ မိဘများအား စိတ်မပူပန်စေရခြင်းဖြင့် စိတ်ချမ်းသာစေခြင်း

ပြောရရင်တော့အများကြီးပေါ့လေ နော

စာကြွင်း။ ။ တကယ့် တကယ် တော့ အလိုက်တသိ လာမခေါ်ကြတဲ့ ငနာတေကိုပဲ စိတ်ဆိုးဒေါသထွက်တယ် တကယ်

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.059
BTC 69329.53
ETH 2119.22
USDT 1.00
SBD 0.51