ဆရာတစ်ယောက်အကြောင်း 2

in #artzone6 years ago

#ဆရာတစ်ယောက်အကြောင်း(၂)

''ဆရာကို ကျနော်ဘာလို့  ခေါ်ရလဲဆရာသိတယ်မဟုတ်လား''

''သိပါတယ် ကျောင်းအုပ်ကြီး''

''ကျနော် ကျောင်းအုပ်တာဝန်ထမ်းဆောင်နေတယ် ကျောင်းမှာ ဆရာဆရာမတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေလည်း ချမှတ်ပေးထားတယ်...
ဒီrule and regulationတွေကို ဆရာအနေနဲ့  ဖောက်ဖျက်ခွင့်မရှိဘူး
အထူးသဖြင့် အခန်းထဲမှာ ဂစ်တာတီးပြီး သီချင်းဆိုတာကျတော့ သိပ်လွန်သွားပြီ''

''ကျောင်းအုပ်ကြီး စကားတစ်ခွန်းလောက် ပြတ်ပြတ်သားသားပြောပေးပါ
ကျနော်တို့ စာသင်တဲ့ ဆရာတွေက rule and regulationဆိုတဲ့ စံထဲဝင်အောင်နေရမှာလား ကျောင်းသားကို စာတတ်မြောက်အောင် သင်ရမှာလား''

ကျောင်းအုပ်ကြီး မျက်နှာရဲသွားသည်
''ဒီမှာမောင်ရင်
မောင်ရင်က အလယ်တန်းပြအဆင့်နော်... အထက်တန်းကျောင်းအုပ်တစ်ယောက်နဲ့  စကားပြောနေတယ်ဆိုတာ သတိထားပါ''

''ဒီမှာကျောင်းအုပ်ကြီး အထက်အောက်ရိုသေမှုဆိုတာ အောက်ကပဲအထက်ကို ရိုသေရတာ မဟုတ်ဘူး အပြန်အလှန်ရိုသေရတာ ကျနော်က ကျောင်းအုပ်ကြီးကို ဂါရဝထားရင် ကျောင်းအုပ်ကြီးကလည်း ကျနော့်ကို နိဝါတ ထားပေးပါ

အလယ်တန်းအဆင့်ဆိုလို့  ကျနော်ပြောရဦးမယ်
ဖြစ်နိုင်ရင် ကျနော်က မူလတန်းပြတောင်ဖြစ်ချင်တာ ကျနော့်မှာ အဲ့ဒိလောက် အရည်အချင်းမရှိလို့ ... မူလတန်းအရွယ်ကျောင်းသားတစ်ယောက်ကို စာတတ်အောင်ဘယ်လို သွန်သင်ရမလဲဆိုတာကျနော် မကျွမ်းကျင်လို့ ...

နောက်တစ်ခုက ကျောင်းအုပ်ကြီးဘက်မှာ မှန်ကန်တဲ့ အကြောင်းပြချက်တွေရှိရင် ရာထူးတွေခဏမေ့ပေးထားပါ
ကျနော့် ဥာဏ်ပညာချင်းပဲ ဆွေးနွေးပါရစေ ဒါတောင်းဆိုတာပါ''

''Sorryကွာ ကိုယ်စိတ်နည်းနည်းလွတ်သွားတယ်
ကိုယ်နဲ့  ညီနဲ့ ပဲ ပြောမယ်ကွာ... အဆင်ပြေတယ်မဟုတ်လား''

''ပြေပါတယ်အစ်ကို''

''ဟုတ်ပြီ ငါ့ညီဘာကြောင့် အခန်းထဲမှာ ဂစ်တာတီးခိုင်းသလဲဆိုတာ reasonပေးနိုင်မလား''

''ဟုတ်ကဲ့ပေးနိုင်ပါတယ်... အခြေခံပညာကျောင်းတွေရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို ဆရာဝန်ဖြစ်ဖို့  အင်ဂျင်နီယာဖြစ်ဖို့ ဆိုပြီး မရည်ရွယ်ပါဘူး
ကျောင်းသားကဘာဖြစ်ချင်တာလဲ
ဖြစ်ချင်တဲ့ဘဝကိုအကောင်းဆုံး လျှောက်လှမ်းနိုင်အောင် ပံ့ပိုးပေးရမှာ အခြေခံပညာကျောင်းတွေရဲ့ တာဝန်ပါ
အားကစားသမားဖြစ်ချင်တာလား
အနုပညာသမားတစ်ယောက်ဖြစ်ချင်သလား ကျနော်တို့  အတတ်နိုင်ဆုံး ပံ့ပိုးပေးနိုင်ရမယ်

အခု ဂစ်တာတီးတဲ့ကလေးက ဂီတဘက်ကို ဝါသနာပါတယ်... သူတကယ်ဝါသနာပါတာဟုတ်ရဲ့လား
ကျနော် စူးစမ်းရမယ်
တကယ်ဝါသနာပါခဲ့ရင် ဘာအခက်အခဲတွေကြုံနေလဲ
ကျနော်မေးမြန်းရမယ်
အဲ့ဒိအခက်အခဲကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျနော်အကြံပြု ရမယ်

ဒါကြောင့်အချိန်အခါကိုက်တုန်းမှာ
သူ့ ဝါသနာ
အဲ့ဒိဝါသနာပေါ်မှာ
သူ့  အရည်အချင်းဘယ်လောက်ရှိလဲ
စမ်းတဝါးဝါး ဝါသနာလား ခိုင်မာပြတ်သားတဲ့ ဝါသနာလားဆိုတာ ကျနော်သိဖို့  ကြိုးစားတယ်...
ဒါမှကျနော်သူ့ ကို (သဒ္ဓါ)ခွန်အားတွေပေးလို့ ရမယ်
(ပညာ)အကြံဥာဏ်တွေပေးလို့  ရမယ်''

''စည်းမျဉ်းစည်းကမ်းဘောင်ကျော်မှုကို ဘယ်လိုဖြေရှင်းချက်ပေးမလဲ ငါ့ညီ''

''ဆရာတစ်ယောက်ရဲ့ သင်ကြားနိုင်စွမ်းကို အစ်ကိုဘယ်လောက်အထိ သတ်မှတ်ထားလဲ ဆရာတစ်ယောက်ရဲ့တာဝန်က အတော်အတန်ကျယ်ဝန်းရင် ဆရာတစ်ယောက်ရဲ့ ဝတ္တရားဟာ အတိုင်းအစမဲ့ ကျယ်ဝန်းတယ်အစ်ကို
ကျနော်တကယ်တပည့်တွေအတွက် ပေးဆပ်မယ်ဆိုရင် ၂၄နာရီတောင် မလောက်ဘူး... ဒီတော့ မြန်မာနိုင်ငံအတွင်းက မည်သည့် ကျောင်းသားတပည့်အတွက်မဆို
ကျနော်ပေးလို့ ရသလောက်ပေးမယ်
ဒီရည်ရွယ်ချက်နဲ့  ဆရာလာလုပ်တာ

ဆရာဆိုတဲ့အလုပ်ကို ကျနော် စမ်းတဝါးဝါးလာလုပ်တာမဟုတ်ဘူး
အကယ်၍များ ကျနော့်ကို အထက်တန်း သင်ခိုင်းရင်တောင် ကျနော်ကငြင်းမှာ ... ကျနော်လေ့လာထားတဲ့ အရည်အချင်းအရ အလယ်တန်းကို သင်ဖို့  ပိုအားသန်တယ်''

အခု ကျနော့်သင်ကြားမှုက စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်တာမဟုတ်ဘူး
အစ်ကိုတို့  သတ်မှတ်ထားတဲ့ ရေကန်လေးက ကျနော့်ကူးခပ်နိုင်စွမ်းလောက် မကျယ်ဝန်းတာ... ကျနော်ဆရာလုပ်တဲ့ရည်ရွယ်ချက်က တပည့်တွေရဲ့မျက်နှာကို
ကြည့်ဖို့ ပါအစ်ကို''

''ညီ့သင်ကြားနည်းက အဆင်ပြေပါ့မလား''

''အစ်ကိုက ဗဟိုကချမှတ်ထားတဲ့ သင်ကြားနည်းက အကောင်းဆုံးထင်နေတာလား

အတန်းထဲမှာ ကျောင်းသား ၃၀ရှိရင် အမျိုးအစား ၃၀ကွဲတယ်
မြန်မာနိုင်ငံအတိုင်းအတာနဲ့  ကျောင်းသားသိန်းတောင်မကဘဲ
သန်းကျော်ရှိတယ်
ဒီလောက်လူအမျိုးအစားအမျိုးမျိုး အတွက် တစ်ခုတည်းသောဗဟိုသင်ကြား
မှုစနစ်က အံဝင်ပါ့မလား

ကိုယ့်တပည့် ကိုယ့်ကျောင်းသား ဘယ်လို အခြေအနေရှိတယ်ဆိုတာကို တကယ်သင်နေတဲ့ဆရာထက် ဘယ်သူကပိုသိမှာလဲ
ဒါကြောင့် တကယ်သင်နေရတဲ့ ဆရာအတွက် သင်ကြားမှုလွတ်လပ်ခွင့်လိုတယ်
အစ်ကို''

''ညီရဲ့ သင်ကြားမှုစနစ်က ဘယ်လိုလဲ''

''အဋ္ဌမတန်းဆိုတဲ့ အတန်းပညာဟာ အထက်တန်းကို ကူးဖို့  နောက်ဆုံး pointဖြစ်သလို ၁၃ ၁၄ဆိုတဲ့ အသက်အရွယ်ဟာ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ အသက်အရွယ် ၉တန်း၁၀တန်းပြီးသွားရင် ဒီလူငယ်လေးတွေကို လွတ်လပ် လူ့  အဖွဲ့ အစည်းထဲစေလွှတ်ရတော့မယ်
တက္ကသိုလ်ဟာ သိပ္ပဆိုတဲ့ အတတ်ပညာကိုသာ အထူးပြု သင်ကြားတယ်ဆိုရင် ဒီအခြေခံအဆင့်ကျောင်းတွေဟာ
ဝိဇ္ဇာသိပ္ပလူ့ ကိစ္စဆိုတဲ့ အသိပညာအတတ်ပညာနှစ်ခုလုံးကို အစပြု ပေးရလိမ့်မယ်

ဒါကြောင့် ကျနော့်စာသင်နည်းဟာ ကျနော်သင်ကြားနေတဲ့ အထူးပြု ဘာသာ သမိုင်းအပြင် သူတို့  တိုးဝင်ရမယ့် လူမှုရေးနယ်ပယ်အတွက်လည်း ကျနော်သင်ပေးဖို့  ဝတ္တရားရှိတယ်
ဒါကြောင့် ဆရာတစ်ယောက်ရဲ့ ဝတ္တရားဟာ အဆုံးအစမဲ့တယ်လို့  ကျနော်က ပြောတာ''

''သင်ရိုးပြတ်ဖို့  အချိန်လောက်ရဲ့လား''

''အစ်ကိုရယ် သမိုင်းစာအုပ်က
ဘယ်လောက်ထူလို့ လဲ
၈လစာ သင်ရိုးဟာ ထိုင်ဖတ်ရင်
တစ်ရက်နဲ့ ပြီးတယ် သမိုင်းဆိုတာ ဖတ်ဖို့ မှတ်ဖို့ ပါ ကျက်ဖို့  မဟုတ်ဘူး
သမိုင်းဘာသာကို တာဝန်ကြီးတစ်ရပ်လို တပည့်တွေကို ဝန်မပိစေချင်ဘူး ဖျော်ဖြေမှုတစ်ခုလို ကျနော်က တင်ဆက်မှာ
သမိုင်းသင်ရင်သူတို့ ပျော်နေရမယ်
ကျနော်ဝင်လာရင် သူတို့  ပျော်နေရမယ်
ဒါကျနော့် သင်ကြားနည်းစနစ်ပဲ''

''ဆရာမတစ်ယောက်ကလာ
ပြောတယ် ကိုယ်မရှိတဲ့နေလောက်ကဖြစ်မယ်
ညီ ကျောင်းသားတွေကို စာသင်ခန်းအပြင်ခေါ်ထုတ်ပြီး စာသင်တယ်ဆို ''

''ဟုတ်တယ်အစ်ကို ... အစ်ကို သတိထားမိလားမသိဘူး ကျနော်တို့  စာအုပ်သိပ်ထူရင် အထင်ကြီးစိတ်ဖြစ်တယ်
ရှိန်တယ်... အဆောက်အဦး သိပ်ခမ်းနားရင် ရှိန်တယ်
အခုဆို အင်ဂျင်နီယာတက္ကသိုလ်တွေရဲ့ အဆောက်အဦးပုံစံက တော်တော်ခမ်းနားတယ်

ဒါပေမယ့် စာအုပ်ဘယ်လောက်ထူထူ တကယ်ဖတ်နေရတာက စာမျက်နှာ တစ်ခုရဲ့ စာကြောင်းတစ်ကြောင်းထဲက စကားလုံးတစ်လုံးကို ဖတ်နေရတာ
စကားလုံးရဲ့ အနှစ်သာရဟာ စာအုပ်အပြင်အဆင်ပေါ် မမှီခိုဘူး

အဲ့ဒိလိုပဲ စာသင်ကြားခြင်းရဲ့ အနှစ်သာရဟာလည်း အဆောက်အဦး Designပေါ် မမှီခိုဘူး
ကွင်းပြင်ထဲမှာပဲ သင်သင် သစ်ပင်အောက်မှာပဲသင်သင်
သင်ကြားသူဆရာရဲ့ စိတ်အားထက်သန်မှုရယ် အသင်ခံတပည့်ရဲ့ စိတ်ဝင်စားမှုရယ် ပေါင်းစပ်မှသာ အောင်မြင်တဲ့သင်ကြားမှုတစ်ခုဖြစ်မယ်... အဲ့ဒိသဘောကို နားလည်စေချင်လို့  အရိပ်ကောင်းတဲ့ သစ်ပင်တန်းအောက်မှာ စာသွားသင်တာ''

''ဒါဆို စာသင်ကျောင်းကြီးက အပိုပေါ့''

'အဲ့လိုတော့စကားမကပ်နဲ့ လေ အစ်ကိုရယ်
အဓိကနဲ့  သာမညကို ခွဲခြားပြချင်ရုံပါ
သင်ကြားမှုတစ်ခုမှာ ဆရာနဲ့  တပည့်က အဓိကလို့  ဆိုလိုချင်တာ''

''အေးကွာ ငါ့ညီကို ကိုယ်ယုံကြည်လိုက်ပြီ... မင်းရဲ့ ဝါသနာနဲ့ စေတနာကိုလည်း ကိုယ်မြင်ပြီ... ငါ့ညီက အတွေးအခေါ်ကောင်းမယ်ထင်တယ်
ကိုယ်မေးတာလေး စဉ်းစားပြီး ဖြေကြည့်ပါလား''

''ဟုတ် အစ်ကို''

''ဆရာအလုပ်မှာ အမျိုးသမီးဆရာက
ဘာလို့ အမျိုးသားဆရာထက် ပိုများနေရတာလဲ''

''ကျနော်စကားကြိုခံမယ် ဒီစကားက genderခွဲတာမဟုတ်ဘူးနော်
မိန်းမတွေဟာ အုပ်ထိန်းမှုတစ်ခုအောက်မှာ နေရတာကို လုံခြုံတယ်လို့  ယူဆကြပြီး ယောက်ျားတွေက စည်းတွေနည်းတဲ့နေရာမှာ နေရတာကို လွတ်လပ်တယ်လို့  ယူဆကြတယ်
ဒါကြောင့်လည်း အစိုးရကျောင်းတွေမှာ ဆရာမများသလောက် အလွတ်သင်
ကျူ ရှင်ပညာရေးမှာ ဆရာတွေက ပိုများတယ်

နောက်တစ်ခုက ဆရာအလုပ်ကို တကယ်ဝါသနာပါလို့  ဆိုတာထက် အာမခံရှိတဲ့အလုပ်တစ်ခု ဂုဏ်ရှိတယ်လို့  ယူဆခံထားရတဲ့ အလုပ်တစ်ခုဆြိုပီး ရွေးချယ်ချင်ကြတယ်

အဲ့ဒိမေးခွန်းဟာ ကိုယ့်ကိုယ်ကို ပြန်မေးရမှာ
ငါဟာ ဆရာတစ်တစ်ယောက်ရဲ့ (အကျိုး) ခံစားခွင့်ကို မက်တာလား
(အကြောင်း)ဆောင်ရွက်ခြင်းကို ဝါသနာပါတာလားဆိုတာ...

ဒါလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ဆရာတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးရမယ့်မေးခွန်းပဲ''

''ခုနစကားလေး မရှင်းလို့ မေးမယ်
မိန်းမတွေက အုပ်ထိန်းမှုအောက်မှာ လုံခြုံတယ်ဆိုတဲ့စကားလေး''

''ဒီလိုပါ အစိုးရကျောင်းမှာက လုပ်ပိုင်ခွင့်အာဏာပိုရှိတယ် နောက်တစ်ချက် ဒီနိုင်ငံအနေအထားအရ မိန်းကလေးတွေက မိမိကိုယ်ကို ယုံကြည်မှုအားနည်းတယ်
ထပ်ပြောမယ်နော် ကျနော် genderခွဲတာမဟုတ်ဘူး...
အမျိုးသမီးဆရာမတစ်ယောက်ဟာ ကျနော့်လို
အလွတ်သင်ဖို့ မရဲလောက်သေးဘူး

အပြင်ကျူ ရှင်လို နေရာမျိုးမှာ
ကျောင်းဆရာမဟန်နဲ့ သွားသင်ရင် မအောင်မြင်ဘူး...
ဟိုမှာက ဆန်းသစ်ရတယ် သင်ကြားနည်းစနစ်က ကိုယ့်လမ်းကိုယ်ဖောက်ရတယ်
ဟန်မပျက်သင်ရုံနဲ့ မရဘူး...
ဘာကြောင့်လဲဆိုရင် အုပ်ထိန်းမှုတစ်ခုမရှိဘူး
ကြိုက်သလိုသင် သင်တတ်သလိုသင် resultကိုပဲကြည့်တယ်...

အစိုးရကျောင်းမှာတော့ အတန်းထဲဝင်မယ်
စာဖတ်ပြမယ်
စာရေးခိုင်းမယ်
အိမ်စာပေးမယ်
သင်ရိုးပြတ်အောင်သင်မယ်ဆိုရင် ဆရာမတာဝန်ကျေပြီလို့  ယူဆလို့  ရတယ်... ကျောင်းသားတကယ်တတ်ဖို့ ထက် ကိုယ့်ကိုယ်ကို ဟန်မပျက်ဖို့  ကြိုးစား နေရတဲ့ ဆရာမတွေမှ အများကြီးပဲ''

''genderမခွဲဘူးဆိုပေမယ့် genderခွဲလိုက်သလိုပါပဲ''

''မဟုတ်ဘူးဆရာ အခုဆရာမဝင်လုပ်နေတဲ့ မိန်းကလေးရဲ့ history backgroundကို လေ့လာကြည့်ပါ
တော်တဲ့လူတွေရှိတယ်ဆိုပေမယ့်
လိုအပ်ချက်ရှိကြသူတွေလည်း အများကြီးပဲ

သူစာဖတ်ဘယ်လောက်ဝါသနာပါလဲ
ဆရာမဆို ရိုးရိုးအေးအေးဆိုတဲ့ စံအလွဲကြီးကပါသေးတယ်

တကယ်တော့ ဆရာအလုပ် လုပ်မယ့်သူက activeဖြစ်နေရမယ်
လေ့လာအားကောင်းရမယ်
စာကို မပြတ်ဆည်းပူးနေရမယ်
ကိုယ့်လက်ထဲမှာ ကျောင်းသားများစွာရဲ့ ဘဝတွေကို ကိုင်ထားတာ

လေ့လာဖတ်ရှုမှုရပ်တန့် နေတဲ့ ဆရာတွေအများကြီးပဲ''

''ငါ့ညီပြောသလို လုပ်ရမယ်ဆိုရင် ရတဲ့လစာနဲ့  တောင် မတန်တော့ဘူး''

''ဟုတ်တယ်မတန်ဘူး
ဒါအစိုးရပိုင်းက ဆရာအပေါ် သတ်မှတ်တဲ့ လိုအပ်ချက်တစ်ခုပဲ
ဆရာတစ်ယောက်တာဝန် ဘယ်လောက်ကြီးလေးသလဲ
နိုင်ငံ့အနာဂတ်ကို ကိုင်ထားကြသူတွေပါလားလို့  မမြင်ကြသေးလို့  ဆရာ့လုပ်အားပေါ် အစိုးရမြှပ်နှံမှုက အားနည်းသေးတာ

ဒါပေမယ့် ဒါက အစိုးရပိုင်း လိုအပ်ချက်ပဲ
ကျောင်းသားနဲ့ မဆိုင်ဘူး
အစိုးရကို စိတ်ကွက်ပြီး ကျောင်းသားကို နစ်နာစေရမလား

ကျနော်ငြင်းတယ်...
ကျနော်တို့  နိုင်ငံတိုးတက်ဖို့ ဆို ကျနော်တို့  အစ်ကိုတို့ မျိုးဆက်က အနစ်နာခံရမယ့်မျိုးဆက်ပဲ

ကြီးကြီးကျယ်ကျယ်ပြောရင် ဒါကို သမိုင်းပေးတာဝန် လို့  ခေါ်လို့  ရတယ်...
ဥပမာ ဗ်ုလ်ချုပ်အောင်ဆန်းတို့  မျိုးဆက်ဆို လွတ်လပ်ရေးယူပေးဖို့  သမိုင်းက တာဝန်ပေးခံထားရတဲ့မျိုးဆက်တွေ''

ကျောင်းအုပ်ကြီး ကကျနော့်ကို စေ့စေ့ကြည့်ပြီး
''ကိုယ်ပြောင်းလဲချင်သွားပြီ
မနက်ဖြန် အပြု သဘောဆောင်မယ့် အစည်းအဝေးတစ်ခု ကိုယ်လုပ်မယ်
ညီတို့ ကိုလည်း မပျက်မကွက် တက်စေချင်တယ် ဘယ်အချိန်လုပ်ရမလဲ ''

''စာသင်ချိန်လုပ်ရင် ကျောင်းသားတွေ နစ်နာပြီး စာသင်ချိန်ပြင်ပဆို ဆရာတွေနစ်နာတယ်
ကျနော်တို့  ကျောင်းသားဘဝကဆို ဆရာတွေအစည်းဝေးလုပ်ရင်သိပ်ပျော်တာ... စာသင်ချိန်တွေ ကင်းလွတ်ခွင့်ရလို့ 

အကယ်၍သာ ဆရာတိုင်းက ကိုယ်ဝင်ရမယ့်အတန်းကို သာဝင်ဖို့  စိတ်ဆန္ဒပြင်းပြနေရင် စာသင်ချိန်ပြီးမှ အစည်းအဝေးလုပ်တာ ပိုကောင်းတယ်

စစ်ဘက်ကစကားတစ်ခွန်းရှိတယ်
ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးလိုအပ်
ခြင်းဟာ အကောင်းဆုံးအုပ်ချုပ်မှုပဲတဲ့
ကျောင်းအစည်းအဝေးဆိုတာ တတ်နိုင်သလောက်မလုပ်တာ ကောင်းတယ်''

''မဟုတ်ဘူးညီ... ကိုယ်က ကျောင်းအုပ်ကြီးအနေနဲ့  ဆိုတာထက် လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပေါင်းစပ်ညှိုနှိုင်းချင်တဲ့ စိတ်နဲ့  စုဝေးစကားပြောချင်တာ

ဒီလိုလုပ်မယ် လာမယ့်ပိတ်ရက်မှာ ကိုယ့်အိမ်မှာ အလှုတစ်ခုလုပ်မယ်
မိတ်ဆုံစားပွဲဆန်ဆန်ပေါ့ကွာ
အဲ့ဒိမှာ ကျောင်းရဲ့လိုအပ်ချက်တွေကို ကိုယ်ဆရာ ဆရာမတွေဆီက အကြံပြန်တောင်းမယ်''

ကျနော် ကျောင်းအုပ်ကြီးကို လေးစားကြည်ညိုစွာ ကြည့်လိုက်မိသည်
''အစ်ကို့ ရဲ့ မာန်နည်းပါးမှုနဲ့  စိတ်ရှည်ပေးမှုအပေါ် လေးလည်းလေးစားပါတယ် ကျေးဇူးလည်းတင်ပါတယ်
အစ်ကို့  လိုကျောင်းအုပ်လက်အောက်မှာ စာသင်ခွင့်ရတာကိုလည်း ကျနော် သိပ်ကျေနပ်တယ်

ဒီကျောင်းက ကျောင်းသားလေးတွေဟာ
ကျနော်တို့  ကောက်ပြီးလွှတ်ပေးရမယ့် ကြယ်ငါးလေးတွေပါ နိမ့်ကျနေဆဲ မြန်မာ့ပညာရေးအတွက် ကျနော်တို့  ဆရာတွေကမှ စမပြောင်းလဲရဲရင် ဘယ်သူတွေက စကြမှာ မို့ လို့ လဲ''

ကျောင်းအုပ်ကြီးကို လက်အုပ်ချီကန်တော့ပြီး ကျနော်ထွက်လာခဲ့သည်
တကယ့်ကို ရိုကျိုးလေးစားမှုစစ်စစ်နဲ့  ပါ... ကျနော်က ကျနော့်တပည့်လေးတွေကို လွတ်လပ်စွာ စာသင်ကြားခွင့်ကလွဲရင် ဘာကိုမှ မမက်တဲ့ ဆရာတစ်ယောက်ပေါ့
image
writer by @minmaha

Sort:  

World of Photography
>Visit the website<

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 15:51:58
Account Level: 0
Total XP: 15.20/100.00
Total Photos: 3
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26