-စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ အဇ္ဈတ္တရှုခင်းsteemCreated with Sketch.

in #artzone6 years ago

''အထဲမှာတစ်ခုခုရှိတယ်''


အသက်ရှုရတာမောလာတယ်
ဘယ်နှစ်ကြိမ်ရှုပြီးမှ
ဒီဝင်သက်ထွက်သက်တာဝန်ကြီး
ပြီးဆုံးမှာလဲ

ငါ့စိတ်ဝိဥာဉ်ကို စကြဝဠာအထိ
ကျယ်ပြန့် ပစ်လိုက်တယ်

''ဆေးရောင်စုံပန်းချီကား''

ကာလာစုံနဲ့ လူသားများဟာ မြေကမ္ဘာမှာ အလှတရားကိုယ်စီနဲ့ ...
တချို့ က ဖန်တီးကြတယ် တချို့ က ကုစားကြတယ်.... သဘာဝပန်းချီဆရာရဲ့လက်ထဲ တို့  များဟာ ဆေးစက်ကျရာ အရုပ်ထင်နေမိရဲ့...

ထိုင်နေကြတဲ့ခုံများဟာ အနိမ့်အမြင့် တူညီစွာ...
စက်ဝိုင်းပုံ စားပွဲမို့ 
လို့ လည်း ထိပ်မှာ ထိုင်နေသူဆိုတာမရှိ...
အားလုံးဟာ တစ်ပြေးတည်း....
ကျောကုန်းမှာတော့ တာဝန်ကိုယ်စီထမ်းလို့ ....

''မိတ်ဆက်ပေးကြပါဦး''

''ကျနော်က ပန်းရံဆရာပါ... ကျနော့် တာဝန်ဟာ အဆောက်အဦးများကို ဆောက်လုပ်ပေးဖို့  ဖြစ်ပါတယ်''

''ခင်ဗျားရဲ့ကျင့်ဝတ်ကဘာလဲ''

''မဆလာ ဖျော်ရာမှာ အလေအလွင့်နည်းပါးအောင် ဖျော်ရပါတယ်... ကိုယ်တတ်ထားတဲ့ ပညာကို အကောင်းဆုံးအသုံးချပြီး သပ်ရပ်သော ဆောက်အဦးဖြစ်အောင် တည်ဆောက်ပေးရပါတယ်''

''ခင်ဗျားဟာ ပန်းရံဆရာကောင်းပဲ
ကဲနောက်တစ်ယောက်''

''ကျနော်က ယာဉ်မောင်းပါ
ကျနော့်တာဝန်ဟာ ခရီးသည်များကို ယာဉ်လိုင်းကသတ်မှတ်ထားတဲ့ သွားလိုရာသို့  ပို့ ပေးရပါတယ်''

''ခင်ဗျားရဲ့ ကျင့်ဝတ်ကဘာလဲ''

''ခရီးသည်တွေ ဘေးကင်းအောင် မောင်းနှင်ရပါတယ်
ခရီးသည်တွေ အချိန်မလင့်အောင် နိုင်သလောက် မြန်မြန်မောင်းပေးရပါတယ်
ယဉ်စီးခကို မှန်မှန်ကန်ကန်ပေးဖို့  လှုံ့  ဆော်ပေးရပါတယ်''

''ခင်ဗျားက Driverပါကောင်းပဲ
နောက်တစ်ယောက်''

''ကျနော်က တရားသူကြီးပါ တရားစွဲဆိုခံထားရတဲ့ တရားခံများကို ထိုက်သင့်တဲ့အပြစ်ကို စီရင်ပေးရသူပါ''

''ခင်ဗျားရဲ့ကျင့်ဝတ်က ဘာလဲ''

''တရားခံဖြစ်သူဟာ ပြစ်မှုကို ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာကို နှစ်ဖက်သက်သေ ရှေ့ နေရှေ့ ရပ် တွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ်ရပ်တယ်
ပြစ်မှုဖြစ်စဉ်ကို ခြုံငုံသုံးသပ်ပြီးတဲ့အခါ ထိုက်တန်တဲ့ အပြစ်စီရင်ချက်ကို ကျနော်တတ်ထား သင်ထားတဲ့ ဥပဒေအကြောင်းအရာကို ကိုးကားပြီး ချမှတ်ရပါတယ်

''ခင်ဗျားလည်း တရားသူကြီးကောင်းပဲ''

''ကျနော်က ရှေ့ နေပါ ကျနော့်တာဝန်က ကျနော်ကို ငှားရမ်းတဲ့သူ ကို တရားလိုဖြစ်ဖြစ် တရားခံဖြစ်ဖြစ် သူ့ ဘက်က ရပ်တည်ပြီး ဖြေရှင်းပေးပါတယ်''

''ခင်ဗျားရဲ့ကျင့်ဝတ်ကဘာလဲ''

''ရှေ့ နေတစ်ယောက်ရဲ့ ကျင့်ဝတ်ဟာ ဆန်းပြားရှုပ်ထွေးပါတယ်
ကိုယ်က တရားလိုဘက်က ရပ်ရင် တရားခံကို နစ်နာဖို့  ဦးစားပေးရမလား
တရားခံဘက်ကရပ်ရင် တရားလိုကို နစ်နာစေရမလား... ဒီနေ့ ခေတ်မှာ ရှေ့ နေဆိုတာ ကိုယ့်အမှုသည် မျက်နှာကလွဲရင် တရားဥပဒေကိုပါ လက်တလုံးခြား လှည့်ဖြားတတ်သူတွေလို့  အထင်ရောက်ကြတယ်...
အလို လုပ်တဲ့ ရှေ့ နေဟာလည်းမှားပြီး အဲ့လိုထင်ကြတဲ့ လူတွေကလည်းမှားပါတယ်...
ရှေ့ နေဆိုတာ ကိုယ့်အမှုသည်မသိတဲ့ ဥပဒေကြောင်းကို အမှုသည်ကို ရှင်းပြသူပါ... ကိုယ့်အမှုသည် လိပ်ပတ်လည်အောင်မပြောတတ်တဲ့ စကားတွေကို ကိုယ်စားပြောပေးသူပါ
လူသတ်ထားတဲ့ကိုယ့်အမှုသည်ကို လူမသတ်ဘူးလို့  ဝိုင်းလိမ်ပေးရင် ဒါဟာ ရှေ့ နေမဟုတ်တော့ဘူး
ဥပဒေကို နှောက်ယှက်ဖျက်စီးသူ...

ဘာကြောင့်သတ်လဲ ဘယ်လိုစိတ်နဲ့  သတ်သလဲဆိုပြီး ဒေါသ သဘာဝကို တင်ပြရင်း အမှုကို ပေါ့လျော့စေဖို့  ရပ်တည်တာမျိုးပဲ ဖြစ်သင့်ပါတယ်
ဖြစ်ရပ်ကို ဖုံးကွယ်တာမျိုး မဖြစ်သင့်ဘူး.... ရှေ့ နေလူတန်းစား ဟာ စိတ်ထားမတတ်ရင် ငွေမျက်နှာသာကြည့်တတ်တဲ့ လူယုတ်မာနဲ့ မခြားတော့ဘူး
သိပ်ကျင့်ဝတ်ပြည့်စုံတဲ့ရှေ့ နေတွေ ဟာ အမှုတိုင်းကို မလိုက်ကြဘူး
တချို့ လင်မယားကွာရှင်းမယ့်ကိစ္စ မျိုး တောင် မကွာရှင်းအောင် နားချစည်းရုံးတာမျိုးပေါ့... ကိုယ်ငွေရဖို့  မိသားစုတစ်စုကို အပြိုကွဲမခံကြဘူး''

''ခင်ဗျားလည်း ရှေ့ နေကောင်း တစ်ယောက်ပဲ''

ထို့ နောက် ရဲ ကျောင်းဆရာ လွှတ်တော်အမတ် သမ္မတ အသီးသီးတို့ ဟာ
သူတို့ ထမ်းဆောင်သောတာဝန်နှင့် လိုက်နာသောကျင့်ဝတ်များကို အသီးသီးပြောပြကြသည်...
စကားဝိုင်းပြီးနောက် အပြန်အလှန် အရိုအသေပေးကြရင်း စက်ဝိုင်းပုံ စားပွဲကြီးမှ ထွက်ခွာသွားကြလေသည်

ငါ့လက်ထဲမှာ
ဓါးတစ်လက်ရှိရင်
လူတွေလိုက်ပြီးလည်လှီးမယ်
ငါ့လက်ထဲမှာ
တူတစ်လက်ရှိရင်
လူတွေကို လက်ထုနှက်မယ်
ငါ့လက်ထဲမှာ ဘာမှမရှိဘူး
ဒါပေမယ့် ငါ့လက်ထဲမှာ
ငါပဲရှိနေတယ်
ငါ့ကိုယ်ငါသတ်မယ်

ငါနေတဲ့အခန်းဟာ ငါ့ထက်ကျယ်တယ်
သံတိုင်တွေရှိတယ်
နံရံတွေရှိတယ်
တော်တော်ကြီးကိုကျယ်နေတယ်
၆ပေ၂ပေ အခန်းထဲမှာ
ငါဝင်လဲလျှောင်းချင်တယ်
ပြီးမှ vampireတစ်ကောင်အဖြစ်
ရှင်သန်ပစ်မယ်

သန်မာမယ်
ပေါ့ပါးမယ်
ငါမုန်းတဲ့နေရောင်ကို
ရှောင်ပုန်းလိုစိတ်ရှိမယ်
အပျိုစင်သွေးကို
အားရပါးရသောက်သုံးရမယ်

မင်းတို့ တွေငါ့ လက်တွေခြေတွေကို
ကြိုးချည်ထားလို့ ရမယ်
ငါ့စိတ်ကို ဘာကြိုးနဲ့ မှ ချည်မရဘူး
သနားသလိုကြည့်တဲ့
မျက်ဝန်းတွေကို
ငါမုန်းတယ်...
ငါ့ကို ကြောက်ရွံ့ တဲ့
မျက်ဝန်းတွေကိုကြည့်ရတာ
သိပ်အရသာရှိတယ်

နောက်ဆုံးတစ်ယောက်ကို
သတ်ခဲ့တုန်းက
သိပ်ကိုအရသာရှိတာပဲ
လက်တစ်ချောင်း ဖြတ်တိုင်း
ကြားရတဲ့ငိုသံတွေ
တောင်းပန်သံတွေဟာ
တေးသီချင်းလို
ငါ့နားဝင်ချိုမြလှချည်ရဲ့....

ဒီလိုတေးသွား အပုဒ် ၃၀
ငါနားထောင်ခဲ့ဖူးတယ်...
ပေါရိသာရမမှားခဲ့ဘူး
လူသားက သိပ်ချိုတယ်
ကြိုက်မယ်ဆိုလည်း
ကြိုက်ချင်စရာပဲ...
သဲခြေတော့ထုတ်ပေါ့
လူသဲခြေက သိပ်ခါးတယ်

သားသတ်သမား
တစ်ယောက်မဟုတ်ဘူး
အနုပညာသည်ပီပီ
သွေးကြောတစ်ချောင်းစီကို
အရသာခံလှီးဖြတ်တယ်
မျက်ဝန်းတွေကိုကြည့်ပြီးလှီးစမ်း
အဲ့ဒါပိုအရသာရှိတယ်

သေဆုံးခြင်းဟာ ဆုလဒ်ပဲတဲ့
လူတစ်ချို့ကပြောတယ်

အခန်းအမှတ် ၅၆မှာ ငါရှိတယ်
သေဆုံးလိုတဲ့အခါ
ဆက်သွယ်ပါ
မေတ္တာဖြင့်ကူညီနေတယ်
အဖိုးအခမလိုဘူး
ငါက လောဘနည်းတယ်
မင်းရဲ့အသားတော့ ငါ့ကိုကျွေးပေါ့


image
writer by @minmaha

Sort:  

World of Photography
>Visit the website<

You have earned 5.10 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.02
Server time: 14:12:14
Account Level: 0
Total XP: 10.15/100.00
Total Photos: 2
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26