မွန်ပြည်သစ်ပါတီ

in #artzone8 years ago

မွန်ပြည်သစ်ပါတီ လူမျိုးအလိုက် အများသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မတိုင်မီ အကြိုလူထုတွေ့ဆုံပွဲကို ပါတီထိန်းချုပ် နယ်မြေဖြစ်သည့် ရေချောင်းဖျား ဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာနတည်ရှိရာ ညီစားစခန်း တွင် ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် နိုင်ဗညား လယ်က ပြောသည်။ အဆိုပါလူထုတွေ့ဆုံပွဲကို ဧပြီ ၉ ရက်မှ ၁၁ ရက်အထိ သုံး ရက်ကြာ ကျင်းပမည်ဖြစ်ပြီး မွန် ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီ များ၊ မွန်အရပ်ဘက်ဆိုင်ရာ လူမှု အဖွဲ့အစည်းများ၊ မွန်သံဃာ တော်များ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ ကိုယ်စားလှယ်များ နှင့် ပါဝင်သင့် ပါဝင်ထိုက်သည့် အစုအဖွဲ့တို့မှ ကိုယ်စားလှယ်ဦး ရေ ၂၅၀ ပါဝင်ရန် စီစဉ်ထား ကြောင်း မွန်ပြည်သစ်ပါတီ တာ ဝန်ရှိသူများကပြောသည်။ ‘‘အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပခင်မှာ အကြံ ဉာဏ်တွေရဖို့ လူထုတွေနဲ့ တွေ့ ဆုံဖို့လိုတာပေါ့။ လူထုတွေ့ဆုံပွဲ ကို ကျွန်တော်တို့ငါးနေရာလုပ်ဖို့ ရည်ရွယ်ထားတယ်။ အဲဒါကို သင်္ကြန်မတိုင်ခင် ညီစားစခန်းမှာ အရင်လုပ်ဖို့တော့ စီစဉ်ထား တယ်။ ကျင်းပဖို့လည်း အတည် ပြုထားပြီးပြီ’’ ဟု နိုင်ဗညားလယ် ကပြောသည်။ လူထုတွေ့ဆုံပွဲမှရရှိလာ သည့် လူထုအသံများကို အမျိုး သားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွင် ချပြမည်ဖြစ်ကြောင်း နိုင် ဗညားလယ်က ဆိုသည်။
image
မွန်ပြည်သစ်ပါတီသည် လူ မျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပမီ တစ်နေရာလျှင် လူထု ၂၀၀ ခန့် ဖြင့် ပါတီထိန်းချုပ်နယ်မြေ ငါးနေ ရာတွင် ကျင်းပရန် စီစဉ်ထား သော်လည်း တပ်မတော်ဘက်က လူဦးရေ ကန့်သတ်ခဲ့သဖြင့် အ စီအစဉ်ရပ်ဆိုင်းခဲ့ရသည်။

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 73718.77
ETH 2312.79
USDT 1.00
SBD 0.51