WLC ပြိုင်ပွဲကို နယ်သာလန်အခြေစိုက်

in #artzone8 years ago

ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC) ကို Fight Globe ရုပ်သံကုမ္ပဏီက မူပိုင်ခွင့်စာချုပ် သုံးနှစ်ချုပ်ဆိုကြောင်း WLC က ထုတ်ပြန်သည်။ နယ်သာလန်နိုင်ငံ အခြေ စိုက် Fight Globe ရုပ်သံကုမ္ပဏီ သည် MMA ပြိုင်ပွဲနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများကို ရိုက်ကူးဖြန့်ချိ နေသည့် ရုပ်သံအဖွဲ့အစည်းဖြစ် ပြီး နှစ်စဉ်ပြိုင်ပွဲ ၃၀၀ ကျော်ကို နိုင်ငံ ၁၅၀ သို့ တိုက်ရိုက်ထုတ်လွှင့်နေသည်။ မြန်မာ့ရိုးရာလက်ဝှေ့အား ကစားနည်းကို နိုင်ငံတကာပရိ သတ်များနှင့် ရင်းနှီးစေရန် ရည် ရွယ်၍ Fight Globe နှင့် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း WLC ဥက္ကဋ္ဌ ဦးဇေသီဟက ပြောသည်။ ‘‘လက်ဝှေ့က သမိုင်းနဲ့ချီတဲ့ အားကစားနည်းတစ်ရပ်ပါ။
image
ဒီ အားကစားနည်းကို မြှင့်တင်ပြီး တော့ ကမ္ဘာ့အဆင့်အားကစား နည်းတစ်ခုအဖြစ် ကျွန်တော်တို့ ရပ်တည်ချင်ပါတယ်။ ကစ် ဘောက်ဆင်နဲ့ မွေထိုင်းက နိုင်ငံ တကာမှာ လူသိများပြီးပေမယ့် ကမ္ဘာတစ်လွှားက ကိုယ်ခံပညာ သမားတွေအတွက် လက်ဝှေ့အား ကစားမှာ သင်ယူစရာတွေ အ မြောက်အမြားရှိနေပါတယ်။ မြန် မာ့ရိုးရာကိုယ်ခံပညာကို ကမ္ဘာသိ အောင် တင်ပြပေးနိုင်မယ့် လက် တွဲဖက်လည်း ကျွန်တော်တို့မှာ ရှိ နေပါပြီ’’ဟု ၎င်းက ဆိုသည်။
WLC နှင့် ရုပ်သံထုတ်လွှင့် ရန် မူပိုင်ခွင့်စာချုပ်ချုပ်ဆိုခွင့်ရ သဖြင့် ၀မ်းသာမိကြောင်း Fight Globe စီမံခန့်ခွဲမှုဒါရိုက်တာ ဆဘိန်းကက်စလာက ပြောသည်။ ‘‘လက်ဝှေ့ဆိုတာက ကစ် ဘောက်ဆင်နဲ့ ကိုယ်ခံပညာစုံပြိုင် ပွဲ (MMA) က ပရိသတ်တွေကို ပေါင်းကူးပေးမယ့် နေရာတစ်ခု အခိုင်အမာရထားတဲ့ အားကစား နည်းပါ။ အထူးသဖြင့် One Championship က အခုဆိုရင် WLC ကတစ်ဆင့် အရည်အသွေး မြင့်သူတွေကို ရှာဖွေတွေ့ရှိနေပါ တယ်။ သူတို့နဲ့ လက်တွဲရမှာကို အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်ပါ တယ်’’ဟု ဆဘိန်းကက်စလာက ပြောကြားကြောင်း WLC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC) ကို ရန်ကုန်မြို့ တွင် သုံးကြိမ်နှင့် နေပြည်တော် တွင် တစ်ကြိမ်ကျင်းပပြီး ဖြစ် သည်။

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.045
BTC 66243.76
ETH 1963.84
USDT 1.00
SBD 0.50