ဒိုင်ယာရီ ၇

in #blog9 years ago

image
   ထွန်းတောက်နှင့်စံပယ်တို့ အရမ်းချစ်ခဲ့ကြသည်။အတူစား အတူသွား၊ ဘာလုပ်လုပ် အတူတူဖြစ်သည်။တစ်နေ့မမြင်ရ မနေနိုင်အောင် ချစ်ခဲ့ကြသည်။မနက်မိုးလင်းသည် ထွန်းတောက် စံပယ်အား အလုပ်သွားဖို့ သွားကြိုမြဲ၊ အချိန်ကား မနက် ၄နာရီခွဲ ၅နာရီ၊ ညနေအလုပ်ဆင်းချိန် နေ့လည် ၄နာရီ  ဆိုလည်း ထွန်းတောက် စံပယ်ကိုအိမ်လိုက်ပို့မြဲ။ဒါက ထွန်းတောက်နေ့စဉ် အလုပ်ဖြစ်သည်။အလုပ်နားသည့်နေ့တွင်ပင် အနည်းဆုံးဖုန်းပြော ဖြစ်သည်။

   ဒီလိုနဲ့ တစ်နေ့မှာ ထွန်းတောက်၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတချို့ နိုင်ငံခြားသို့ထွက်ခွာသွားလေသည်။ဒါက ထွန်းတောက်နိုင်ငံခြားသွားရန် ဖြစ်ပေါ်လာသည့်ကြောင်း တစ်ချက်၊ ၎င်းတို့ အိမ်သို့ပြန်ပို့ ပိုက်ဆံအမြောက်အများမြင်နေ ကြားနေရသည်ကိုး။                     

   ထွန်းတောက်နှင့်စံပယ် ချစ်သူသက်တမ်း ၄နှစ်အတွင်းမှာ နှစ်ယောက်လုံး အိမ်ကိုထောက်ပံ့လိုက် သုံးလိုက်ဖြင့် စုမိဆောင်းမိသည် မရှိ၊ နိုင်ငံခြားသွားလျှင် ပိုက်ဆံအနည်းငယ် စုမိနိုင်သည်ဟု ထွန်းတောက်တို့ နှစ်ယောက်တွေးထင်ခဲ့ကြသည်။ထို့ကြောင့်ထွန်းတောက်ပတ်စ်ပို့ အားချင်းလုပ်ကာ သူငယ်ချင်များရှိရာ အဘူဒါဘီသို့ ဟော်တယ် ဝန်ထမ်းအဖြစ် ထွက်ခွာသွားလေတော့သည်။ image

PHOTO CREDIT: GOOGLE

Coin Marketplace

STEEM 0.07
TRX 0.31
JST 0.056
BTC 73940.07
ETH 2318.16
USDT 1.00
SBD 0.53