Last part of Beyond Myitsone

in #dlike7 years ago

Shared From Dlike

ကန့်ကွက်နိုင်စွမ်း မရှိပါ

SPIC ပါဝင်ပတ်သက်နေသည့် ဖက်စပ်လုပ်ငန်းကို ကိုယ်စားပြုသည့် Asia World ကုမ္ပဏီ၏ ကိုယ်စားလှယ်များနှင့် မြန်မာအစိုးရသည် Mandung ရွာသို့ ၂၀၀၇ ခုနှစ်တွင် ရောက်လာခဲ့ပြီး ချီဗွေ စီမံကိန်းနှင့် ပတ်သက်ပြီး လာရောက်ဆွေးနွေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဟောင်း Dawng Hkawng က ပြောပြသည်။

၎င်းက ပြောပြရာတွင် စီမံကိန်းသည် ဒေသခံများကို အခက်အခဲ မဖြစ်စေသောကြောင့် ထောက်ခံကြသည်ဟု ဆိုသည်။ သို့သော် လက်တွေ့တွင် သူတို့တွင် ကန့်ကွက်နိုင်စွမ်းလည်း မရှိပါ။ ကျွန်တော်တို့က မကန့်ကွက်ရဲဘူး။ သူတို့က ကျွန်တော်တို့ထက် သြဇာအာဏာ ကြီးတယ်။ ကျွန်တော်တို့ ဆန့်ကျင်လိုက်ရင် ပြဿနာ ဖြစ်လာလိမ့်မယ်။ အဲဒီတုန်းက စစ်အစိုးရ လက်ထက်လေဟု ဒေသခံ တစ်ဦးက ပြောသည်။

သို့သော် စီမံကိန်းအကြောင်း ပိုမိုသိရှိလာသောအခါ ကန့်ကွက်မှုများ ရှိလာသည်။ Asia World ကုမ္ပဏီသည် ဒေသခံများကို စွန့်ပစ်ထားသော Mandung ရွာဟောင်းသို့ ပြောင်းရွေ့စေလိုသည်။ သို့သော် ဒေသခံများက ယင်းကမ်းလှမ်းချက်ကို လက်မခံကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသည် တောင်ပေါ်တွင် တည်ရှိပြီး မော်တော်ဆိုင်ကယ်နှင့်ပင် သွားလာလို့ မရသောကြောင့် ဖြစ်သည်။

ယခင်က Mandung ရွာဟောင်းတွင်း လူဦးရေ ၁၃၅ ယောက်ခန့် ရှိသည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ထိုနေရာတွင် စစ်ပွဲများ ဖြစ်ပွားလာသောကြောင့် စွန့်ပစ်ပြီး ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ယနေ့တွင် ထိုလူများသည် ချီဗွေမြို့ရှိ ဒုက္ခသည် စခန်းတွင် နေထိုင်နေကြသည်။ ထိုနေရာတွင် လူမနေလိုကြသော်လည်း နေရာပြောင်းရွှေ့ရန်နှင့် စီမံကိန်းမြေတွင် ပါဝင်နေသူများအား လျော်ကြေးပေးရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ သို့သော် ရွာသားများက နေရာပြောင်းရွှေ့ရန် ငြင်းဆိုနေသောကြောင့် သူတို့ ရှေ့ဆက် မရခဲ့ပေ။

Dawng Hkawng က ပြောကြားရာတွင် ကုမ္ပဏီများထံမှ ရွာသားများ ရရှိသော ငွေမှာ စီမံကိန်း အလုပ်သမားများ နေထိုင်ရန် ဆောက်လုပ်မည့် အိမ်များအတွက် ဝါးများ သယ်ပေးသောကြောင့် လူတစ်ယောက်ကို ကျပ်တစ်ထောင်စီပေးသော ငွေသာရှိသည်ဟု ဆိုသည်။

Lachik Lum Zawng သည် Asia World ကုမ္ပဏီနှင့် ထိခိုက်နစ်နာသွားသော ရွာသားများကြား စေ့စပ်ဆွေးနွေးမှုများကို လုပ်ဆောင်ပေးနေသော Lawngbyit Hkawng အရပ်ဘက် အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည်။ ၎င်းက ပြောကြားရာတွင် စီမံကိန်း၏ အနာဂတ်သည် ပဋိပက္ခများကြောင့် မရေရာ မသေချာ ဖြစ်နေခြင်းကြောင့် ကုမ္ပဏီသည် လျော်ကြေးပေးရေးအတွက် သဘောတူညီမှု တစ်ခုရရှိရန် အလျင်စလို လုပ်ဆောင်လိုခြင်း မရှိကြောင်း သူက ဆိုသည်။

Dawng Hkawng က ပြောကြားရာတွင် ရွာသားများသည် ရွာပတ်ဝန်းကျင်တွင် တူးခဲ့သော လှိုဏ်များအတွက် လျော်ကြေးပေးစေလိုသည်။ သို့သော် အများစုသည် စီမံကိန်းကို ဆက်လက်မလုပ်တော့ဘဲ ယခင်ဘဝကိုသာ ပြန်နေလိုကြသည်။

ကျွန်တော်တို့က အရင်အိမ်ဟောင်းကိုပဲ ပြန်နေလိုတယ်။ ဒါပေမဲ့ ပြန်လို့မရဘူး။ မြေမြုပ်မိုင်းတွေ ရှိနေတယ်။ စီမံကိန်းကြောင့် ဒေသခံတွေ မနစ်နာရအောင် အစိုးရက နည်းလမ်းတစ်ခု ရှာဖွေသင့်တယ်ဟု Dawng Hkawng က ပြောပြသည်။

Asia World ၏ ပြောခွင့်ရသူက ပြောကြားရာတွင် Asia World ကုမ္ပဏီသည် ချီဗွေ စီမံကိန်းနှင့် ဆက်စပ်မှု မရှိတော့ကြောင်း ပြောကြားသည်။ သို့သော် ထပ်မံ အကျယ်တံ့ ပြောကြားခြင်းတော့ မရှိခဲ့ပေ။


Source of shared Link

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.054
BTC 74082.67
ETH 2315.06
USDT 1.00
SBD 0.51