"Illuminati ဆိုတဲ့ ကမ္ဘာကြီးကိုအုပ်ချူပ်တဲ့ လူချမ်းသာအဖွဲ့ အစည်း"

in #esteem6 years ago

image

"Illuminati ဆိုတဲ့ ကမ္ဘာကြီးကိုအုပ်ချူပ်တဲ့ လူချမ်းသာအဖွဲ့ အစည်း"

-ဒီအဖွဲ့ နာမည်ကို မြန်မာလိုအသံထွက်ရမယ်ဆိုရင်တော့ အီလူမနာတီ လို့ အသံထွက်လို့ ရပါတယ်ဗျ။ နိုင်ငံခြားမှာဆိုရင်တော့ နှစ်နှစ်ကို တစ်ခါလောက် အဲ့ဒီအဖွဲ့နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို .. စာတမ်းပြုစုတာတွေ ၊ Videoတွေ....သတင်းတွေကို ပြသတာမျိုး ခေတ်ထပြီး လုပ်ကြပါတယ်။

-အိုကေ! ဒီIIIuminatiဆိုတာ ဘာကြီးလဲ??

ဒီIIIuminatiဆိုတာ လူချမ်းသာတွေ ဖွဲ့ စည်းခဲ့တဲ့ အဖွဲ့ အစည်းတစ်ခုပာ။ ဒီအဖွဲ့ အစည်းထဲမှာ လူချမ်းသာတွေနဲ့ နာမည်ကျော်ကြားတဲ့သူတွေ အကုန်ပါဝင်ပါတယ်။ အထူးသဖြင့်တော့ လူတွေအပေါ် သြဇာအာဏာ ပြည့်ဝတဲ့ သူတွေ ပါဝင်တာဖြစ်ပါတယ်။

-Bavarian Illuminati ဆိုတဲ့လူက မေလ 1 ရက်နေ့ 1776 ခုနှစ်မှာ လူသိမခံတဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့ အစည်းထဲမှာ အဲ့ခေတ်အဲ့အခါက အောင်မြင်ပြီး အာဏာရှိတဲ့သူတွေပါဝင်ခဲ့ပါတယ်။

-ဥပမာ... ယနေ့ ခေတ်အနေနဲ့ ပြောရမယ်ဆိုရင် Jay Z , ဒေါ်နယ်ထရမ့် နဲ့ အခြားသောနာမည်ကြီး လူတွေအများကြီးလည်း ပါဝင်နိုင်ပါတယ်။

(Wiki ကအကြောင်းတွေ ကျော်လိုက်တယ်ဗျာ။ ပျင်းစရာကြီးရယ်)

-အီလူမနာတီ အဖွဲ့ အစည်းက ဘယ်လောက်ထိ ဆရာကျသလဲဆိုတာ ပြောပြပါ့မယ်။ လူတွေ အပန်းဖြေဖို့ အတွက် အဆိုတော်တွေထုတ်ပေးတာက အီလူမနာတီရဲ့ ပယောဂ မကင်းပါဘူး။ မေးခွန်းပြန်မထုတ်ပါနဲ့ ။ သူတို့ ဘယ်လို လုပ်သလဲဆိုတာကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ သရုပ်ဆောင်နဲ့ နည်းပညာရှင်တွေကလည်း သူတို့ စီမံလိုက်လို့ ပေါ်ထွက်လာတာပါ။ ဆိုလိုတာက သူတို့ က တကယ့်ဘုရားတွေလိုပါပဲ။ လူတွေအတွက်ရည်ရွယ်ပြီး အကုန်စီမံပေးတာပါ။

-ဥပမာ မနှစ်က Despacito သီချင်း ခေတ်စားလာတာ သူတို့ ကြောင့်ပါ။ ဂျက်စတင်ဘီဘာ နာမည်ကြီးတာ သူတို့ ကြောင့်ပါ။ သူတို့ပဲ အကုန်စီစဉ်နေတာပါ။ သူတို့ က လူသားမျိုးနွယ်တွေ အာရုံမထွေပြားပဲ ကမ္ဘာကြီးကို ဆက်လက်တည်တံ့အောင် တရားမျှတမှုတွေရှိအောင် လိုက်လုပ်ပေးနေတဲ့အဖွဲ့ ပါ။

-သူတို့ အဖွဲ့ ရဲ့ အမှတ်တံဆိပ်က တြိဂံအလယ်မှာ မျက်လုံးပါဝင်ပါတယ်။ လူတွေက Third Eye လို့ သိကြပေမယ့် .. သူတို့ မှန်း ဘယ်သူမှသိပ်မသိကြပါဘူး။ သူတို့ က အားလုံးကို သိကြပါတယ်။ ခင်များကိုတောင် သူတို့ စောင့်ကြည့်ရင် စောင့်ကြည့်နေလိမ့်မယ်။

-မြန်မာနိုင်ငံမှာ စိုင်းစိုင်းခမ်းလှိုင်က အီလူမနာတီပဲ။ သူနှစ်ရှည်လများ အောင်မြင်နေတယ်။ နာမည်မကျသွားဘူး။ လူတွေအပေါ် အာဏာအနည်းငယ်ရှိတယ်။ ပရိတ်သတ် သိန်းနဲ့ ချီပြီးရှိတယ်။ အသက်တောင် သိပ်မကြီးဘူးဆိုတော့... သွေးစုတ်ဖုတ်ကောင်တောင် ဖြစ်နိုင်တယ်ဗျ။

-Third Eye တံဆိပ်ကို တရားဝင်အသုံးပြုတဲ့သူဆိုရင် Big Bag Band လည်းရှိပါတယ်။ သူတို့ လည်း အီလူမနာတီတွေဖြစ်နိုင်ပါတယ်။ လူတွေအပေါ်လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ သီချင်းတိုင်း ကောင်းတယ်။ Anger Management အခွေဆိုရင် ခေတ်ရှေ့ တောင်ပြေးနေပါသေးတယ်ဗျ။

-ဆိုလိုတာက အခုဆို အီလူမနာတီလို့ လူတွေ အသိအမှတ်ပြုထားတာက နိုင်ငံခြားက အဆိုတော် Poppy ပဲဖြစ်ပါတယ်။ သူက Youtube မှာ တော်တော်နာမည်ကြီးပါတယ်။ ဆိုလိုတာက သူက ရူးကြောင်ကြောင်လေးဖြစ်နေတာပါ။ ပြီးတော့ အပင်တွေဆီကနေ စွမ်းအင်တွေရပါတယ်။ သူ့ နာမည်တစ်ခုကို 10 မိနစ်ကြာအောင် အသံပေါင်းစုံနဲ့ ပြောပါတယ်။ ရူးကြောင်ကြောင်ပဲ ဆိုပါတော့။

-သူ့ ကို ခန့် မှန်းနေကြတာက အီလူမနာတီကနေ လွှတ်လိုက်တဲ့ လူတွေကို ဦးနှောက်ဆေးမယ့် တစ်ဦးတည်းသောသူပေါ့လေ။ အဲ့တော့ဗျာ ကျွန်တော်တို့ လူသားတွေအကုန်လုံးက သူတို့ စီမံရာကိုပဲ စိတ်ဝင်တစားနဲ့ လိုက်လုပ်နေရတယ်။ သူတို့ စီစဉ်တဲ့ပုံစံခွက်ထဲမှာပဲ နေထိုင်နေရတာသိပ်တော့လည်း သဘာဝမကျပါဘူး။

-ခင်များတို့ ဒီတစ်ခုကောသိလား ..

-ကျွန်တော်လည်း အီလူမနာတီပဲဆိုတာကို .... 👁
image

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58296.60
ETH 3064.91
USDT 1.00
SBD 2.26