The Second Son of God "LUCIFER "
in #esteem6 years ago
image
“Lucifer”
အင်္ဂလိပ်အဘိဓာန်ထဲကို အခုစာဖတ်တဲ့သူတွေ မမွေးခင်ကတည်းက ဒီနာမည်ကို ထည့်သွင်းခဲ့ပါတယ်။ ဆိုလိုထားတာကတော့ အချစ်နတ်ဘုရားမ တစ်ယောက် မနက်မိုးလင်းခါနီးမှာ ပေါ်ပေါက်လာတယ်လို့ အဓိပ္ပါယ် ဖွဲ့ ထားလို့ ရပါတယ်။ (ဘုရားသခင် အဲ့စော်ကြီးကို တွေ့တဲ့အချိန် ဒီကလေးကိုရတာလား မသိ??)
လက်တင်ဘာသာနဲ့ ဆိုရင်တော့ အလင်းသယ်ဆောင်သူလို့ အဓိပ္ပါယ်ရပါတယ်ဗျ။ နည်းနည်းတော့ ခေါင်း စားတယ်နော်။ ဘယ်လိုမှန်းကိုမသိတာ
လူစီဖာဆိုတာ အဆိုးတကာ့ အဆိုးဆုံးထဲမှာ ထိပ်ဆုံးကရပ်တည်တဲ့သူ တစ်ယောက်ပါ။ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် ခင်များတို့ မွေးတဲ့ကလေးနာမည်ကို အရဲစွန့် ပြီးပေးကြည့်ပါ။ ပထမဆုံးစီးပွားပျက်။ ဒုက္ခပေးပြီးတော့ ကံမကောင်းရင် ခင်များပါပြန်အသတ်ခံနိုင်ရလောက်ပါတယ်။
ဘုရားသခင်မှာ ကျွန်တော်သိသလောက်တော့ သားသုံးယောက်ရှိပါတယ်ဗျ။ အကြီးဆုံးသားနာမည်က မိုက်ကယ်လို့ ခေါ်ပြီးတော့ ကောင်းကင်မှာရှိတဲ့ တမန်တော်အားလုံးကို ထိန်းချူပ်ပါတယ်။ ဆိုလိုတာက သူက သားအကြီးဆုံးပီပီ အကောင်းဘက်မှာပဲ အမြဲရပ်တည်သူတစ်ဦးပါ။
တတိယသားကတော့ Trick Star လို့ ခေါ်ပါတယ်။ နာမည်အရင်းက ဂေဘရီရယ်လားမသိ? (ကျွန်တော် မမှတ်မိပါ) သူကတော့ စနောက်တဲ့နေရာမှာ ထိပ်ဆုံးဖြစ်ပြီးတော့ လူသားတွေအပေါ်လည်း သိပ်အထာ မထားပါဘူး။
image
ကဲ..ဆက်ရအောင်…
လူစီဖာကို ဘုရားသခင်ကိုယ်တိုင်က ဖမ်းချူပ်ခွင့် ပါမစ်ပေးပြီးတော့ ဖမ်းဆီးထားတာပါ။ ဖမ်းဆီးခဲ့သူကတော့ မိုက်ကယ်ကိုယ်တိုင်ပါပဲ။ ဘုရားကျောင်းတချို့ မှာ မိုက်ကယ်က အပေါ်ကနေ လည်ပင်းညှစ်ပြီးတော့ ဓါးနဲ့ ထိုးနေတာကို မြင်ဖူးကြမယ်လို့ ထင်ပါတယ်
အဲ့ကတည်းက ဖမ်းဆီးခဲ့တာဟာ ဒီနေ့ အထိပဲဆိုပါတော့ဗျာ။ ဒီဘဲကြီးလွတ်မြောက်ဖို့ အတွက် တားဆီးထားတဲ့ စည်းတွေ အများဖျက်ပစ်ရပါတယ်။ Supernatural ထဲက နှစ်ကောင်ကတော့ ဖျက်ပစ်ခဲ့ပါတယ်။
သူ့ ကိုဖမ်းဆီးဖို့ အတွက် မဖြစ်နိုင်တဲ့ အရာ၎ခုကို စုစည်းထားပါတယ်
ဆိုလိုတာက တော်တော်ကို ခပ်ကြမ်း ကြမ်းပဲဗျ။ အဲ့ဒါကတော့ မြန်မာလူမျိုးတွေအယူအရဆိုရင် ကမ္ဘာကြီးကို ဗြဟ္မာကြီးလေးဦးက ထမ်းထားတယ်ဆိုတာ ကြားဖူးမှာပါ။
အိုကေ.. ဒီလောက်ဆိုးသွမ်းတဲ့သူက ဘယ်လိုစွမ်းသလဲ?? ရာဇ၀င်တွေထဲမှာတော့ လူစီဖာက ဂျိုနှစ်ချောင်း ပါတယ်။ လင်းနို့ အတောင်ပံလည်းရှိသလို ခန္ဓာကိုယ်က အနီရောင်ရှိပြီးတော့ ငရဲသားလိုမျိုးပဲ အပူချိန် ပြင်း ထန်နေပါတယ်။ Demon လို့ ခေါ်လို့ ရတဲ့ မကောင်းဆိုးဝါးမှန်သမျှကို သူအုပ်ချူပ်ပါတယ်။
အိုကေ.. သူ့ ကောင်းကွက်ရှိလား?? ရှိပါတယ်။ သူ့ အဒေါ် (အမှောင်ထု) ကို ဘုရားသခင်နဲ့ သူနဲ့ ပေါင်းပြီးတော့ ဖမ်းဆီးလိုက်တာပါ။ သူ့ အဒေါ်က သူ့ ထက်ဆယ်ဆလောက်ကို ဆိုးပါတယ်။ ဘုရားသခင်ထက်ကို ပိုအင်အားကြီးပါတယ်။ အဲ့လိုဖမ်းဆီးနိုင်ခဲ့တဲ့အတွက် လူသားတွေအသက်ရှင်နေရတာပါ။
လူစီဖာကို ကျမ်းစာထဲမှာ စေတန်(Rap အဆိုတော်မဟုတ်ပါ) လို့ သုံးနှုန်းကျပြီးတော့ ဘာသာရေးလိုက်စားသူတိုင်းအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်ပါတယ်။ သူတို့ ဘ၀တွေ တစ်ခုခုအခက်အခဲကြုံရရင် စေတန်နှောက် ယှက်တယ်ပြောပါတယ်။ မြန်မာနိုင်ငံမှာလူဦးရေ သန်း 60 ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ မရေတွက်နိုင်အောင် လူဦးရေများပါတယ်။
အဲ့ထဲကမှ အဖမ်းခံနေရတဲ့ လူစီဖာက ခင်များရဲ့ ကံကို ဒုက္ခလိုက်ပေးတယ်ဆိုတာ ကျွန်တော့်အတွက် ဟာသတစ်ခုပါပဲ။
သူ့ ကို သတ်လို့ ရလား ?
သူ့ ကို ဘာနဲ့ မှကို သတ်လို့ မရပါဘူး။ ငရဲပြည်မှာ ချူပ်နှောင်ထားတယ်ဆိုတာလည်း သူ့ အတွက်အေးဆေး ပါ။ ငရဲဆိုတာ သူ့ ကိုကိုယ်စားပြုတဲ့အတွက် သူ့ ကို ဘာနဲ့ မှ ထိန်းချူပ်လို့ မရပါဘူး။
သူပြန်လာရင် ဘာဖြစ်မလဲ ?
သေချာတာကတော့ လူသားတွေ အရင် မာလကီးယားပါမယ်။ ဘာလို့ လည်းဆိုတော့ သူ့ အဖေ ဘုရားသခင်က လူသားတွေကို အရမ်းဂရုစိုက်ပြီး ကြင်နာလို့ ပါ။ ကျွန်တော်သာ လူစီဖာဆိုလည်း သ၀န်တိုမိမယ် ထင်တယ်။ မကောင်းဆိုးဝါးလို့ သတ်မှတ်လို့ ရတဲ့ အရာတိုင်းက သူ့ ကိုစောင့်မျှော်နေတတ်ပါတယ်။ သူပြန်လာရင် ကမ္ဘာကြီးအပါအ၀င် တစ်လောကလုံး မျိုးတုံးပြီး ဆိုးပေ့ ကြမ်းပေ့ဆိုတဲ့သူတွေပဲ အသက်ရှင်ရမှာပါ။
အားလုံးကို ဘုရားသခင်ကောင်းချီးပေးကြပါစေ။
All god bless you guy. ✌👍 @amchan (SMT23)
Sort:  
good smt16
Congratulations! This post has been upvoted from the communal account, @minnowsupport, by amchann from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Coin Marketplace
STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26