၇ ရက် သားသမီးများအတွက် ကံကြမ္မာ တနင်္ဂနွေသားသမီးများ

in #esteem8 years ago

ဒီရက်အတွင်း ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းတွေ ကြုံတတ်ပါတယ်။ ခရီးကိစ္စတွေ လွဲချော်မယ်။ ခြေထောက်တွေ ထိခိုက်မိတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စအစီအစဉ်တွေ လွဲချော်သွားတတ်တယ်။ အလုပ်မှာ အနှောင့်အယှက် အပြိုင်အဆိုင်တွေ ပေါ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကတော့ အတော်ကို သတိထားဖို့ လိုပါတယ်။ လမ်းခွဲရမတတ်ဖြစ်ကုန်တတ်ပါတယ်။ ခရီးတိုတွေ တစ်ခုပြီးတစ်ခု သွားနေရတတ်တယ်။ ကံအကျိုးပေးဂဏန်းကတော့ ၈ နဲ့ ၄ ဖြစ်ပါတယ်။

တနင်္လာသားသမီးများ
image

ဒီရက်တွေအတွင်း ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း ဒါမှမဟုတ် ရုံးတွေ၊ ဂါတ်တွေ ရောက်ရတတ်ပါတယ်။ ပစ္စည်းတစ်ခု အဝယ်အရောင်းကိစ္စ ပြဿနာ ဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သား အိမ်ကထွက်သွားတာ၊ သူတစ်ပါးကိစ္စ ခေါင်းခံရှင်းရတာ၊ တမင်ရန်စ နှောင့်ယှက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဝမ်းသာစရာစာတွေ၊ အဆက်အသွယ်တွေ ရောက်လာမယ်။ နေရာထိုင်ခင်း၊ အဆောက်အဦးကိစ္စ အခြေအနေကောင်း ကြုံလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကတော့ အထစ်အငေါ့လေးတွေ ကြုံပြီးတဲ့နောက် ကောင်းတဲ့အခြေအနေကို ပြောင်းသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အခြေအနေကောင်းကြုံမယ်။ ကံအကျိုးပေးဂဏန်းကတော့ ၅ နဲ့ ၅ ဖြစ်ပါတယ်။

အင်္ဂါသားသမီးများ
image
ဒီရက်တွေအတွင်း ခက်ခဲကြန့်ကြာနေတဲ့ကိစ္စတွေ အဆင်ပြေသွားမယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်းရလိမ့်မယ်။ စပ်တူလုပ်ငန်း စီစဉ်ရတတ်ပါတယ်။ အဲဒီအလုပ်အောင်မြင်မယ်။ မိသားစုအတွင်း အဆင်မပြေဖြစ်နေတဲ့ ကိစ္စတစ်ခု အဆင်ပြေသွားမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေစိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသေးသူတွေ မင်္ဂလာကိစ္စ စီစဉ်ရတတ်ပါတယ်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ ကံအကျိုးပေးဂဏန်းကတော့ ၆ နဲ့ ၃ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများ
image
အခုရက်တွေက နေရင်းထိုင်ရင်း စိတ်တိုနေရတတ်ပါတယ်။ စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲ ဖြစ်နေမယ်။ တဇွတ်ထိုးလုပ်မိပြီး အမှားတွေ ကြုံရတတ်ပါတယ်။ အတတ်နိုင်ဆုံး အနားယူသင့်တဲ့ကာလပါပဲ။ မိတ်ဆွေရင်းတွေ၊ မောင်နှမသားတွေ စိတ်ရှုပ်ရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အောင်မြင်မယ်။ ဆရာသမားတွေ အကူအညီကောင်း ပေးလာလိမ့်မယ်။ ပြဿနာကြီး တစ်ခု အလိုလိုရှင်းသွားလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်အေးချမ်းသာစရာတွေ ကြုံလာပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်းကတော့ ၇ နဲ့ ၁ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးများ

ဒီရက်အတွင်း အစစအရာရာ သတိရှိဖို့ အရေးကြီးပါတယ်။ ပြဿနာတွေ များတတ်တယ်။ မိသားစုက ကိုယ့်အပေါ် အထင်အမြင်လွဲတတ်တယ်။ ကျန်းမာရေးညံ့တာ၊ ငွေတွေ၊ ပစ္စည်းတွေ ပျက်စီးပျောက်ဆုံးတာ၊ အမှုအခင်းလိုမျိုး ရှင်းရလင်းရတာတွေ ကြုံရတတ်ပါတယ်။ ခရီးများများသွားနေလေ ကောင်းလေပါပဲ။ အိပ်ရာရွှေ့အိပ်သင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အခြေအနေ တင်းတင်းမာမာဖြစ်တတ်တယ်။ လူကြီးတွေ ဝင်ရှုပ်လို့ ပိုဆိုးသွားတတ်ပါတယ်။ ပညာရေးသင်တန်းအစီအစဉ်တွေ ပျက်မလိုလိုနဲ့ အောင်မြင်သွားလိမ့်မယ်။ ငွေရေးကြေးရေးကတော့ တော်တော်ညံ့ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၈ နဲ့ ၇ ဖြစ်ပါတယ်။

သောကြာသားသမီးများ

ဒီရက်တွေအတွင်း နာမည်ဂုဏ်သတင်းတိုးတက်မယ်။ ဝင်ငွေ သိသိသာသာတိုးလာမယ်။ ရထူးတက်သလို အခွင့်အရေးကောင်းတွေ ကြုံလိမ့်မယ်။ မိတ်ဆွေ မောင်နှမတို့ရဲ့ အကူအညီကောင်းတွေလည်း ရတတ်တယ်။ အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ စိတ်ချမ်းသာရမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ရပ်ဝေးခရီးသွားရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၃ နဲ့ ၉ ဖြစ်ပါတယ်။

စနေသားသမီးများ

ဒီရက်တွေအတွင်း ကံနည်းနည်းကလေး ညံ့တယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ စိတ်ကတော့ အလွန်ညစ်ရမယ်။ လုပ်သမျှကြံသမျှ အလွဲလွဲအချော်ချော်ဖြစ်နေမယ်။ စိတ်တိုင်းမကျစရာတွေ ကြုံနေမယ်။ အလုပ်လည်း မနားရအောင် ရှုပ်မယ်။ အလုပ်မှာ အထစ်အငေါ့တွေ များတတ်တယ်။ ပညာရေး၊ သင်တန်းအစီအစဉ်တွေမှာ စိတ်မပါပဲ ဖြစ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာဖွယ် သတင်းကောင်းတွေ ကြားရတတ်တယ်။ ကံအကျိုးပေးဂဏန်းကတော့ ၁ နဲ့ ၅ ဖြစ်ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.059
BTC 69465.22
ETH 2115.87
USDT 1.00
SBD 0.53