နှလုံးသွင်းကောင်းဖို့ ကြိုးပမ်းစို့ အပိုင်း (၅)
နှလုံးသွင်းကောင်းဖို့ ကြိုးပမ်းစို့ အပိုင်း (၅)
မည်သည့်အချိန်က ရောက်နေမှန်းမသိသော အမေသည် ကျွန်တော့်ဘေးနားမှနေ၍ အဘွားကို ကြည့်ပြီး ငိုနေသည်။
အမေနှင့် အဘွားကို ကြည့်နေရင်း စိတ်မကောင်းစွာဖြင့် ကျွန်တော့်အတွေးက မရေမရာ ၊ ဟိုရောက် ဒီရောက်ဖြင့် တွေးနေမိပြန်သည်။
ကျွန်တော့်အတွေးမဆုံးချိန်မှာပင် မြောက်ဘက်နားအိမ်မှ ဦးကြီးတစ်ယောက် ရောက်လာကာ
"ငါ့တူမ၊ ငိုမနေပါနဲ့ကွယ်၊ တို့များတစ်တွေလည်း လုပ်နိုင်သလောက် လုပ်ပေးပြီးပြီပဲ၊ သတ္တ၀ါမှန်သမျှ ရင်ဆိုင်ရမှာက အမှန်ပဲ။
အရင်တွေ့တာနဲ့ နောက်ကျတာပဲကွာတာပါပဲ"
ဟု နှစ်သိမ့်ကာ ဆက်ပြီး ...
အပိုင်း (၆) ဆက်ရန်
မုံရွာ - ဝင်းထိန် ရေးသားသည်။