Alvarine (အယ်လ်ဗာရင်း)
ဆေးအသုံးပြုရန်ရောဂါ
အူလှုံ့ဆွနာနှင့် အူခွက်နာများတွင် အူကြွက်သားများ ပြင်းထန်စွာကျုံ့ခြင်းကို ပြေပျောက်စေခြင်းဖြင့် ဗိုက်ရစ်ပြီးနာခြင်းကို ပြေပျောက်စေရန် အသုံးပြာသောဆေးဖြစ်သည်။
အမျိုးသမီးများ ဓမ္မတာပေါ်ချိန် ကိုက်ခဲနာကျင်ခြင်းတွင်လည်း အသုံးပြုနိုင်ပါသည်။
ဆေးအသုံးပြုပုံ အညွှန်း
လူကြီးနှင့်ဆယ်နှစ်အထက်လေးများ ၁၃၅မီလီဂရမ် မှ ၁၅၀မီလီဂရမ် တစ်နေ့လျှင် သုံးကြိမ် သောက်သုံးနိုင်ပါသည်။ အစာမစားခင် မိနစ်နှစ်ဆယ်ခန့် ကြိုသောက်နိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။
ဘေးထွက်ဆိုကျိုးများ
ဆေးအပြစ်မှ ဆိုးဆိုးရွားရွားမရှိပါ။ဆေးနှင့် ဓာတ်မတည့်ခြင်းဖြစ်နိုင်သော်လည်း အလွန်ရှားပါးပါသည်။
သတိပြုရန်
ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးနို့တိုက်မိခင်များ သတိပြု၍ အသုံြးုရပါမည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်ခင်ဗျာ။
ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။
မြန်မာ steemit ချစ်သူအားလုံးအပေါင်းကို အစဉ်လေးစားလျှက်ပါ။
MSU
NO;017
ဘုတ်သွားသည်
Nice post
Nice sharing