ရုပ်ရှင် အကြိုခံစားခြင်း - A TAXI DRIVER

in #esteem8 years ago

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍအတွက် ဖြစ်ရပ်မှန်အကြောင်းအရာကို အ ခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ တောင်ကိုရီးယားဒရာမာဇာတ် ကားအကြောင်း ဖော်ပြလိုက်ပါ တယ်။

ဇာတ်လမ်းက ၁၉၈၀ ပြည့်နှစ်က ဂွမ်ဂျူးဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ မတော်တဆပါဝင် ပတ်သက်မိတဲ့ တက္ကစီယာဉ်မောင်းတစ်ယောက်ရဲ့အကြောင်း ကို ဇာတ်အိမ်တည်ထားတာဖြစ်ပါ တယ်။

မန်ဆော့ဟာ ခပ်ပျော်ပျော် နေတတ်တဲ့ ဆိုးလ်မြို့က တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်ပြီး တစ် ရက်မှာတော့ ခရီးသည်လိုက်ရှာ ရင်း ဂျာမန်သတင်းထောက်ပီတာ နဲ့ဆုံခဲ့ပါတယ်။ အဲဒီကာလက ဒီမိုကရေစီအရေးအတွက် ဂွမ်ဂျူး မှာ ဆန္ဒပြလှုပ်ရှားမှုတွေဖြစ်နေ ပြီး သတင်းယူသွားမယ့် ဂျာမန် သတင်းထောက်ကို မန်ဆော့ လိုက်ပို့ဖြစ်ခဲ့ပါတယ်။

လမ်းတစ်လျှောက်မေးမြန်း စုံစမ်းရင်း ဂွမ်ဂျူးကို မောင်းလာခဲ့ ရာမှာ လမ်းမှာဆန္ဒပြလူငယ်တွေ ပါတဲ့ ကားတစ်စီးနဲ့ဆုံခဲ့ပြီး ပီတာ ကသတင်းဆင်းယူပြီး လူငယ် လေးတစ်ဦးနဲ့ သိကျွမ်းခဲ့ကာ အဲဒီလူငယ်လေးက ပီတာတို့ကားနဲ့ လိုက်လာခဲ့ပြီး ဂွမ်ဂျူးက သူ့အိမ် ကို ခေါ်သွားခဲ့ပါတယ်။

လမ်းတွေမှာဆန္ဒပြတဲ့ ပုံရိပ်တွေကို ပီတာသတင်းယူဖို့အ တွက် မန်ဆော့လိုက်ပို့တဲ့အခါမှာ လက်နက်သုံး ဖြိုခွင်းမှုတွေကို လည်း အသက်လုပြေးခဲ့ရပါ တယ်။

ခရီးသည်လိုက်ပို့ရင်း ဆန္ဒပြမှုမှာမတော်ဆ ပါဝင်မိခဲ့တဲ့ မန်ဆော့တစ်ယောက် ဘယ်လိုအန္တရာယ်တွေ၊ အခက်အခဲတွေရင်ဆိုင်ရမှာလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။ ၁၉၈၀ တုန်းကဂွမ်ဂျူးက ဆန္ဒပြမှု မြင်ကွင်းတွေနဲ့အတူ စိတ်လှုပ်ရှားရင်းကြည့်ရမယ့် ဒီဇာတ်ကားမှာ မန်ဆော့အဖြစ် ဆောင်ကန်ဟို၊ ပီတာအဖြစ် သောမတ်စ်ခရပ်ခ်ျမန်း၊ ဟွမ်ထယ်ဆိုးအဖြစ် ယူဟယ်ဂျင်း၊ ဂျယ်ဆစ်အဖြစ် ယူဂျန်ယို စသူတွေပါဝင်ထားကြပါတယ်။

Credit:http://7daydaily.com/story/104352

MSO-31

A_Taxi_Driver-P1.jpg

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 66961.93
ETH 2057.77
USDT 1.00
SBD 0.47