ရုပ်ရှင် အကြိုခံစားခြင်း - ARMED RESPONSE

in #esteem8 years ago

ဒီနေ့ ရုပ်ရှင်အကြိုခံစားဖို့ကိုတော့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြလိုက်ပါတယ်။

အထူးလေ့ကျင့်ရေး တပ်ဖွဲ့တစ်ဖွဲ့ဟာ အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ စစ်တပ်ပိုင်ဧရိယာတစ်ခုဆီကို စုံစမ်းစစ်ဆေးဖို့ ရောက်လာခဲ့ပါတယ်။ သီးခြားတည်ရှိနေတဲ့ အဲဒီနေရာကို စောင့်ကြပ်တဲ့ တခြားတပ်ဖွဲ့က လူတွေအကုန်လုံး ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာခဲ့တာပါ။

The Temple လို့ခေါ်တဲ့ တပ်ပိုင်အဆောက်အအုံကြီးဟာ တကယ့်ထိပ်တန်း လူဆိုးလူမိုက် ထောင်သားတွေကို စစ်ဆေးမေးမြန်းတဲ့ စစ်ကြောရေးစခန်းကြီးအဖြစ်တည်ဆောက်ထားတာဖြစ်ပြီး အဆင့်မြင့်လုံခြုံရေးစနစ်တွေနဲ့ ဆောက်ထားတာပါ။ အဲဒီထဲကို ၀င်ရောက်စစ်ဆေးရင်း စစ်ဆေးရေးတပ်ဖွဲ့ဟာ အရင်ရှိနေတဲ့တပ်ဖွဲ့က လူတွေ ရက်ရက်စက် စက်သုတ်သင်ရှင်းလင်းခံရတာ ကို တွေ့ရှိခဲ့ပါတော့တယ်။

စုံစမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ဒီလိုထူးဆန်းပြီး ဆိုးရွားလှတဲ့အဖြစ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကို ဆက်စုံစမ်းရင်း အန္တရာယ်ဧရိယာကြီးမှာ အသက်ရှင်ကျန်နေတဲ့ အကြမ်းဖက်သမားတစ်ယောက် နေတယ်ဆိုတာ သိခဲ့သလို အဲဒီလူဟာ Temple အဆောက်အအုံနဲ့ပတ်သက်ပြီး သိတဲ့သူဖြစ်ပါတယ်။

အဲဒီနောက် စုံစမ်းရေးတပ်ဖွဲ့ပါ စစ်ကြောရေးအဆောက်အအုံကြီးထဲမှာ ပိတ်မိနေတဲ့အခါမှာ ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမှာလဲ။

အသက်ရှင်နေတဲ့ အကြမ်းဖက်သမားနဲ့ အဆောက်အအုံကြီးက ဘယ်လိုဆက်စပ်နေတာလဲ၊ နောက်ရောက်တဲ့ တပ်ဖွဲ့ရဲ့ကံကြမ္မာက ဘယ်လိုတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

ရင်တဖိုဖိုကြည့်ရမယ့် ဒီ အက်ရှင်ကားမှာ မင်းသားကြီး ၀က်စလေစနိုက်ပ်က ခေါင်း ဆောင်ပါဝင်ထားပြီး အန်နီဟက်ချီ၊ ဒေ့ဗ်အန်နာဗယ်လ်နဲ့ ဆက်သ်ရိုးလင်းတို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။

Credit:http://7daydaily.com/story/104179

MSO-31

ArmedResponse.jpg

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.052
BTC 73484.57
ETH 2188.39
USDT 1.00
SBD 0.47