ရုပ်ရှင် အကြိုခံစားခြင်း - JAGGA JASOOS

in #esteem8 years ago

ဒီနေ့တော့ ပရိသတ်တွေကိုစွန့်စားခန်း၊ အချစ်၊ ဟာသ၊ ဂီတ ဒရာမာ ရသမျိုးစုံ ခံစားရင်းကြည့်ရမယ့် အိန္ဒိယဇာတ်ကားလေးအကြောင်း ဖော်ပြလိုက်ပါတယ်။

ဂျက်ဂါဟာ အရှက်အ ကြောက်ကြီး၊ စပ်စုတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ထူးခြားတဲ့ မြို့ငယ်လေးတစ်မြို့ မှာ သူ့ဖခင်ဘက်ချီနဲ့အတူ နေထိုင်သူပါ။ တစ်ရက်မှာတော့ ဂျက်ဂါကို သူ့အဖေက ဘော်ဒါကျောင်း ကိုပို့ခဲ့ပြီး အဲဒီကစလို့ ဂျက်ဂါရဲ့အဖေဟာ လုံးဝကို အစအန ပျောက်သွားပါတယ်။

ဘော်ဒါကျောင်းမှာ တစ် ယောက်တည်းအထီးကျန်နေတဲ့ဂျက်ဂါဆီကို သူ့အဖေဆီက အ ဆက်အသွယ်ဆိုလို့ သူ့မွေးနေ့တိုင်း တိပ်ခွေတစ်ခွေရောက်လာ တာကလွဲလို့ ဘာသတင်းမှမရ တာပဲဖြစ်ပါတယ်။ စုံစမ်းထောက် လှမ်းရတာ ၀ါသနာပါပြီး စပ်စပ် စုစုရှိတဲ့ ဂျက်ဂါဟာ သူ့အဖေ ရုတ်တရက် ပျောက်သွားရတဲ့အ ကြောင်းရင်းကိုရှာဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။

ဂျက်ဂါဟာ သူ့ရဲ့အဖေရှာပုံ တော်ခရီးစဉ်မှာ ရှရူတီဆိုတဲ့သတင်းထောက်မလေးနဲ့ဆုံခဲ့ပါ တယ်။ ရှရူတီဟာလည်း နိုင်ငံတကာ မှုခင်းတစ်ခုကို လိုက်နေ သူဖြစ်ပြီး တစ်ချိန်လုံးဟိုလိုဖြစ် ဒီလိုဖြစ်နဲ့ ပြဿနာလေးတွေနဲ့ပါ။

သူ့အဖေဆီက သင်ယူခဲ့တဲ့ ဖြတ်ထိုးဉာဏ်၊ လှည့်ကွက်လေးတွေ ကိုသုံးရင်း ဂျက်ဂါဟာ ရှရူတီနဲ့ အတူ သူ့အဖေရဲ့ ထူးဆန်းတဲ့ဘ၀ ဇာတ်ကြောင်း အသေးစိတ်ကိုဖော်ထုတ်ခဲ့သလို သူကိုယ်တိုင် လည်း ကမ္ဘာ့မှောင်ခိုအရောင်းအ ၀ယ်လုပ်ငန်းနဲ့ ပါဝင်ပတ်သက်နေ တယ်ဆိုတာ သိရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ အလွဲလေးတွေနဲ့အတူ ရယ်ရင်း မောရင်း ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေကတော့ ဂျက်ဂါအဖြစ် ရန်ဘီယာကာပူးရ်၊ ရှရူတီအဖြစ်ကက်ထရီနာကိဖ်၊ ဘက်ချီအဖြစ်ဆာစ်ဝါတာချက်တာဂျီးစသူတွေဖြစ်ပါတယ်။

Credit:http://7daydaily.com/story/103969

MSO-31

JAGGAJASOOS.jpg

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.052
BTC 72785.09
ETH 2146.34
USDT 1.00
SBD 0.47