အလွမ်းနဲ့ ဇတ်သိမ်းထားတဲ့ ပြဇတ်တစ်ပုဒ်

in #esteem6 years ago

image
အထင်ကရ စစ်ကို ကျေးဇူးတင်သွားမိသည် စစ်ကသူဘဝတွင်မရှိမဖြစ်လိုအပ်တဲ့.သူငယ်ချင်းကောင်းတစ်ယောက်ပင် ငါမင်းကိုကျေးဇူးအရမ်းတင်ပါတယ်ကွာ စစ်ပြုံးပြီးအထင် ပခုံးကိုလက်သီးနဲ့ထိုးပစ်လိုက်သည်။ဒါတွေပြောစရာမလိုပါဘူး အထင်ရာ မင်းနဲ့ငါကညီအစ်ကို သူငယ်ချင်း ပါ မင်းဖေဖေက ငါ့အဖေပဲလို့ငါခံယူထားတာ ဒါတွေအားလုံးက ငါ့တာဝန် အထင်ကရ ခေါင်းငြိမ့်ပြလိုက်သည်။
လာလေ အချိန်ရလား ဟင့်အင်း ငါမနေတော့ဘူး အထင် ပြန်တော့မှာ မင်း မိုးကုတ်ကိုလာခဲ့ဦး လာခဲ့မယ် စစ် အထင်ကရကိုနှုတ်ဆက်ပြီုးပြန်လာခဲ့သည် စစ်ထွက်သွားပြီးသည်နှင့် ကဒ်လေးကိုဖွင့်ကြည့်လိုက်မိသည်။ဦးထင်ကျော်အခန်းသို့ သံသာချိုရောက်လာခဲ့သည်။ ဟန်ဆောင်ပြီးသားလုပ်သူကိုထောင်ထဲထည့်လိုက်တယ် ဦးထင်ကျော်မျက်လုံးပြူးကြီးတွေနှင့် ကြည့်နေမိသည် သံသာကအဲ့လောက်မနုံဘူးနော် ရှင်နဲ့ကျွန်မအပေးအယူတစ်ခုလုပ်ရအောင် ကျွန်မကို ဒီအိမ်မှာ ရှင့်ချွေးမအနေနဲ့ ဆက်နေခွင့်ပေး ရှင့်ကိစ္စကိုဖုံးကွယ်ပေးထားမယ် ဘာလဲ ရှင်ကငြင်းနေတာလား ကောင်းပြီလေ သံသာလက်ခုပ်သုံးချက်လောက်တီးလိုက်သည်။
ထိုစဉ်အတွင်းခန်းမှ လူသုံးယောက် ထွက်လာသည် သူ့ကိုငါမမြင်ချင်ဘူး သံသာပြောပြီးသည်နှင့်ထိုလူသုံးယောက် ဦးထင်ကျော်ကိုဝိုင်းချုပ်လိုက်သည်။ ဦးထင်ကျော် ဘယ်လိုရုန်းရုန်းမရပေ။ ဦးထင်ကျော်ကို ကားထဲသို့ထည့်လိုက်သည် ကားကိုသံသာချို မောင်းထွက်သွားသည်။ အထင်ကရ ခေါင်းရှုပ်သွားသည် ဖေဖေကကားထဲပါသွားပြီးဘယ်ကိုရောက်သွားလဲ သံသာချိုကပြန်ရောက်လာသည် ဖေဖေကဒါဆိုအိမ်မှာရောဂါကြောင့်ဆုံးတာမဟုတ်ပေ။ သံသာချို ဘာလုပ်လိုက်လဲ အလွန်အမင်းသိချင်လာမိသည်။ နှိုင်းမရ အနောက်မှရောက်လာ၍ လန့်သွားမိသည်။အံမယ် ဘာတွေကြည့်နေတာလဲ နှိုင်းကိုလဲပြ ဘာမှမဟုတ်ဘူး ငါမအားဘူးနှိုင်းမရ ဖယ် အထင်ကရ နှိုင်းကိုမောင်းထုတ်လိုက်မိသည်။သူ့အိမ်ရဲ့အကြောင်းကို ဘယ်သူကိုမှမသိစေလိုပေ သူကိစ္စတွေမပြီးပြတ်သေးခင် သူနှိုင်းနဲ့မပတ်သတ်ချင်ပေ။သူ့ရဲ့အတိတ်တွေကြောင့်သည်မိန်းကလေးကိုမထိခိုက်စေလိုပေ။ရိုက်နှက်လိုက်တဲ့မင်းကိုငါ့သမီးနဲ့ပေးတွေ့စရာလား အခုချက်ခြင်းငါ့ခြံထဲကထွက်သွား ဦးထက်ဇော်အထင်ကရ ကိုဒေါသတကြီးမောင်းထုတ်နေမိသည်။
ဖိုးဇော် လာစမ်း ဒီကောင့်ကိုငါ့ခြံထဲ အခုဆွဲထုတ်သွား ခဏလေးပါ အန်ကယ် ကျွန်တော် နှိုင်းနဲ့ခဏလောက်တွေ့ပ်ါရစေ မင်းကိုငါ့သမီးက မတွေ့ချင်ဘူး ငါဒေါသမထွက်ခင် မင်းဒီခြံထဲကထွက်သွားနော် ဒေါ်မေနှိုငိးယှဉ်ရောက်လာသည်။ဒီမယ် အထင်ကရ မင်းကမိကောင်းဖခင် သားသမီးတစ်ယောက်လို့ အန်တီထင်ပါတယ်ကွယ် အခုလိုမျိုး အန်တီတို့ဘက်ကမရိုင်းချင်ဘူး ကျေးဇူးပြုပြီးပြန်ပါတော့ အန်တီ့သမီးကလည်း မင်းကိုမတွေ့ချင်ဘူး အန်တီတောင်းပန်ပါတယ် ပြန်ပါတော့ကွယ် အထင်ကရခေါင်းငြိမ့်ပြလိုက်ပြီးလှည့်ထွက်လာခဲ့မိသည်။ဒါဆို ခွင့်လွှတ်တယ်ပေါ့လေ ငါစိတ်ဆိုးတယ်ပြောလို့လား လာ လာ လက်က သွေးထွက်နေတာ ဆေးထည့်ရအောင် မှော်လက်ကို ဆွဲခေါ်သွားလေသည်။နောက်မှ နှုတ်ခမ်းကို ကွေးသွားအောင်မဲ့ပြုံးပြုံးလိုက်သည်ကို မဟာတော့ မြင်လိမ့်မည်မထင်ပေ။ ဒါက ရှင့်ရဲ့ပထမဦးဆုံး ရှုံးနိမ့်ခြင်းဆိုတာ ရှင်သိလား တဖြည်းဖြည်း ရှင်ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ရှင်ကိုယ်တိုင် ချိုးဖောက်စေရမယ် မင်းမဟာ စိတ်ထဲမှ နာကြည်းစွာ ပြောနေမိသည်။ မင်းမဟာကို စူးစိုက်ကြည့်နေတာကြောင့် မင်းမဟာမော့ကြည့်တော့ မျက်နှာလွဲလိုက်သည်။ အရက်ပြန်နဲ့ဆေးမယ်နော် နည်းနည်းတော့စပ်မယ် ကောင်မလေး၏ အကြည့်စူးစူးများသည် ထူးဆန်းသည်။မဟာကို သိသလိုဖြင့် ကြည့်နေတတ်သည်။ အရက်ပြန်ကို အနာပေါ်သုတ်လိုက်စဉ် မျက်လုံးကို စုံမှိတ်ကာ အော်နေသည့် ကောင်မလေးကြောင့် မဟာ လက်တွန့်သွားသည်။ လေဖြင့်မှုတ်ပေးနေသည်။မှော်သိထားသည့် အသည်းနှလုံးမရှိသည့်သုက သည်လို လုပ်ပေးတတ်၍ အံ့သြနေသည်။သို့သော် မင်းမဟာ၏ မယာများပင် ဖြစ်ပါလိမ့်မည်။ ဒီလောက်နဲ့သည်းခံရတယ် အော်မနေနဲ့ မရှက်ဘူးလား မင်းမဟာ၏စကားကြောင့် ချက်ချင် အသံတိတ်လိုက်ပြီး အံကြိတ်နေလိုက်သည်။အများအမြင် မင်းမဟာ၏ စကားနားထောင်သည် ထင်ပါလိမ့်မည်။သို့သော် မှော်၏ လှည့်ကွက်ဆိုတာ မှော်ကိုယ်တိုင်သာသိသည်။ ကိုယ့်စကားကို ချက်ချင်းနားထောင်ကာ အသံတိတ်ကာ နာကြင်မှုကို အံတုနေသည့် မိန်းကလေးကြောင့် စိတ်ထဲတွင် ကြည်နူးမိသွားသည်။ရယ်ချင်စိတ်လည်း ထိန်းမရဖြစ်ရသည်။ဘကဲ ရပြီ သွားတော့ ဆေးထည့်ပြီး၍ မှော်လည်း မဟာအနားမှ ထွက်သွားရန် ပြင်လိုက်သည်။အလိုက်သိသည့် အိမ်မြှောင်တစ်ကောင်က မျက်စိရှေ့ရောက်လာသည်။ မှော် ပြုံးလိုက်မိ၏ ချက်ချင်း ကြောက်သည့်မျက်နှာအသွင် ပြောင်းလိုက်သည်။ မဟာဆီကို ပြေးကာ ခုန်တက်လိုက်တော့ မဟာမှာအလိုက်တသင့် ဖမ်းကာပွေ့ထားလိုက်သည်။ မဟာ၏ ရင်ခွင်ထဲခေါင်းမဖော်တမ်း တိုးဝင်နေလိုက်သည်။မဟာ၏ နှလုံးခုန်သံများကို နားဖြင့် ဆက်ဆက် ကြားနေရသည်။ ခုန်နေလိုက်သည့်ရင်တွေ တစက္ကန့်အတွင်း အကြိမ်မနည်းမနော ခုန်နေသည်။
သည်လိုသာ အမြဲလုပ်ပေးလျှင် မင်းမဟာကို ရယ်ရွယ်ထားသည့်အတိုင်း ကျော့ကွင်းထဲ ဆွဲခေါ်နိုင် ပေလိမ့်မည်။မဟာ၏ နှာသီးဝမှ ဝင်လေထွက်သည် မှော့်နဖူးကို ထိခတ်နေသည်ကို သတိထားမိသည်။မှော်လည်း အခွင့်ကောင်းယူကာ နဖူးကို နည်းနည်း ပိုတိုးပေးလိုက်တော့ မဟာက မှော်နဖုးကို နမ်းလျှက်ဖြစ်သွားသည်။
image
မဟာ ဘာဖြစ်သွားမှန်းမသိအောင် နှလုံးခုန်သံတွေ မြန်ဆန်နေသည်။ရင်ခွင်ထဲတွင် ကြောက်လန့်ကာ တွယ်ကပ်နေသည့် ကောက်မလေး နဖူးကို နမ်းမိသွားသည်။ လေရူးပွေချိန် ရောက်ပြီမို့လေ ပိတောက်ရယ်ကြို တမာသင်းတဲ့ ရော်ရွက်ဝါလေးတွေက ကြွေ ဟိုးးး အဝေးတစ်နေရာကို ငေးကြည့် အလွမ်းတွေက ဝေ အတိတ်ကိုပြန်တွေးရင်း အနမ်းတွေက ခြွေ မြေခနေတဲ့ ရွက်ခြောက်တွေနဲ့အပြိုင် လွမ်းနေတာက နွေ သစ်ရွက်ခြောက်လေးတွေ စကားမပြောတက်ပေမဲ့ အလွမ်းနဲ့ ဇတ်သိမ်းထားတဲ့ပြဇတ်တစ်ပုဒ်ကို ကလကာနောက်ကွယ်ကနေ သူတို့ ခံစားပေးနိုင်ခဲ့မှာပါ ပူလောင်မှုတွေက ငါ့ရဲ့ကျောပြင်ထက်မှာ ကြယ်မလင်းတဲ့ လမိုက်ညမှာ မက်ခဲ့ရတဲ့ အိပ်မက်တိုင်း နွေလို တမြည့်မြည့် ပူ နာရီတွေ နောက်ပြန်ရစ်လို့ရဦးမယ်ဆိုရင်ပေါ့ အရင်လို တစ်နေ့နေ့ အတူ အေးစက်တောင့်တင်းနေတဲ့ သောက်လက်စ ကော်ဖီခါးခါးက အလွမ်းနဲ့ နွေကို နှစ်သိမ့်မပေးနိုင်သေးဘူး ခုံတန်းလေးတွေကလည်း အထီးကျန် လွမ်းနေဆဲပါပဲ နွေ တသွင်သွင် တိုက်ခတ်လာတဲ့ေ လညင်းကလေးတွေက ထင်းရူးရနံ့လေးတွေ ယူဆောင်လာတယ် ပုဇဉ်းရင်ကွဲတွေရဲ့ အော်သံတွေက ငါ့ကိုများ လှောင်နေသလား ငါ့ကိုများ ပြောင်နေသလား ရင်ဘက်ထဲ ခဏဝင်ကြည့်လိုက် ကြေမွခဲ့တဲ့ အိပ်မက်တွေကို နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ တွေ့ရမှာပါ နေပူကြဲတဲထဲက အဖော်မဲ့ပင်စည်တိုင်းရဲ့ အရိပ်အာဝါသတွေက ငါ့ရင်ကို မအေးမြစေနိုင်ခဲ့ဘူး မျော်လင့်ချက်တိုင်းကလည်း နွေရဲ့သစ်ရွက်လေးတွေလို ကြွေ အကယ်၍ လွမ်းခွင့်သာရှိနေဦးမယ်ဆိုရင် အတ္တတွေ မာန်မာနတွေကျောခိုင်းပြီး လွမ်းနေဦးမှာပါ နွေ ဆွေးခွင့်သာ ကံတရားဆိုရင်လည်း မညီမျှခြင်းတွေကို မျဉ်းပြိုင်ပေါ်ရေးဆွဲလို့ အဖော်မဲ့ တစ်ယောက်ထဲ ဆွေးနေဦးမှာပါ နွေ ရယူပိုင်ဆိုင်ခွင့်သာ ရှိခဲ့မယ်ဆိုရင်တော့ ချိုမြဖူးပွင့်နေတဲ့ နှုတ်ခမ်းလွှာအစုံကို နမ်းရှိုက်ပါရစေ နွေရယ် အသင့်ရဲ့ ပူလောင်မှုတွေကို ကျွန်ုပ်ရင်ဆီ ဖြန့်ကျတ်လိုက်ပါ သစ္စာနဲ့ ရောယှက်လို့ ရေခဲပြင်တမျှ အေးမြမှုမျိုးတွေ တစ်နေ့ ဆောင်ကျဉ်းပေးနိုင်မှာပါ နွေအရောက် လေပြေသော့ပါလို့ ပန်းကံကော်၊ လက်ပံ့ပွင့်ရယ်နှင့် စိန်ပန်းပြာ ပင်ယံထက်ဆီမှ ဥသြငှက်လေးသံချိုနှော နေခြည်ဖြာ ရွှေစင်အဖျန်းမှာ ရွက်ဝါတွေ မြေသက်ဆင်းလို့ ပုရစ်ဖူးလေးတွေ စီစီမြိုင် မြင်ရသူ ရွှေဘဝင်အေးတော့ နူတ်တစ်စုံက ညည်းညူးမိတယ် သြော် နွေတစ်ခေါက်ရောက်လာပြီလေ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Chai Thu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26