အောင်​မြင်​မှု့အတွက်​ စိတ်​ကူးသစ်

in #esteem6 years ago (edited)

image

Credit image source

သင့်ကိုလူတယောက်ကရိုင်းစိုင်းရင် ပြန်မရိုင်းစိုင်းပါနဲ့ သူရဲ့ရိုင်းစိုင်းမှုကတချိန် သူ့ကိုယ်သူရှက်စရာကောင်းမှန်း သူသိသွားပါလိမ့်မယ် သင့်ကိုတစုံတယောက်ကဒေါသထွက်တဲ့အခါ အပြန်အလှန်မထွက်ပါနဲ့ သူ့ရဲ့ဒေါသက သူ့ကိုတချိန်နောင်တရစရာကောင်းမှန်း သူသိသွားပါလိမ့်မယ် ရိုင်းစိုင်းတဲ့လူတယောက်ကိုအနိုင်လိုချင်ရင် အဆုံးစွန်ဆုံး သင်ယဉ်ကျေးလိုက်ပါ ဆဲရေးတဲ့လူတယောက်ကို အနိုင်လိုချင်ရင်လည်း အသိမ်မွေ့ဆုံးစကားလုံးတို့ကိုသုံးပါ အဲဒါကိုယ့်ကိုတိုက်ခိုက်လာတဲ့လူတယောက်ကို အကောင်းဆုံးအနိုင်ယူနည်းပါပဲ တချို့ အရာတွေမှာ ကိုယ်ကအမှန်အတိုင်း သိနေပေမဲ့ မသိယောင်ဆောင်နေလိုက်တယ် လူလူခြင်း ဆက်ဆံရေးမှာ " ယုံကြည်မှု " ဆိုတဲ့ စကားလေးသုံးခွန်းက ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သလို အနာဂါတ်တစ်ခုလုံးလည်း ကျဉ်းစံသွားနိုင်စေပါတယ် ။လက်လွှတ်ရမယ့် လူတချို့ရှိတယ် လက်မလွှတ်နိုင်ရင် စိတ်ထဲကနေ တဖြည်းဖြည်း ထုတ်ပစ်ရတယ် တစ်စုံတယောက်ရဲ့ ပေးဆပ်မှုကို တန်ဖိုးမထားတတ်သူ အသိအမှတ်ပြုရကောင်းမှန်း မသိတတ်သူ အယူချည်းပဲရှိပြီး ပြန်ပေးရမှန်း မသိတဲ့သူ ကိုယ်နဲ့ပတ်သက်ရင် ခံစားချက် ဘာမှမရှိတဲ့သူ ကိုယ့်ဆီက ထွက်ခွာချင်နေသူ ကိုယ့်ကို အမြဲစိတ်ဆင်းရဲဖို့ သေချာနေစေသူ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးမထားသူ ကိုယ့်ပေးဆပ်မှုတွေ တန်ဖိုးမထားသူ ကိုယ့်အပေါ် ခံစားချက် မရှိသူတွေကို စိတ်ထဲကနေ ထုတ်ပစ်နိုင်လေ စိတ်ချမ်းသာရလေပဲ ကိုယ့်ကို လိုအပ်တဲ့နေရာမှာ ရှင်သန်ပါ ကိုယ့်တန်ဖိုးကို သိတဲ့သူအတွက် ပေးဆပ်ပါ ဒါ ကိုယ့်ကိုကိုယ် တန်ဖိုးရှိကြောင်း ကိုယ်ဆိုတာ အရေးပါကြောင်း အမြဲအမှတ်ရနေစေတဲ့ အချက်ပဲ ဒါမှ ဘဝဆိုတာ ပျော်စရာကောင်းတာ ကိုယ့်ကို မလိုအပ်တဲ့သူဆီမှာ ရောက်ရှိနေတာ တန်ဖိုးမထားသူကို ပေးဆပ်နေတာ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သေဆုံးအောင် ပြန်သတ်နေသလိုပဲ ကမ္ဘာကြီးကလေ သင့်ကို ပျော်ရွှင်စရာ နေရာတစ်နေရာလောက်တော့ ပေးထားတတ်ပါတယ် သင်က မရှာဖွေတာ ဒါမှမဟုတ်လည်း သင် တုံးအလွန်းလို့ မပျော်ရွှင်ရတဲ့နေရာမှာ မိုက်မဲနေတာပါ။

image
Credit image source

ကိုယ်က ရိုးသားမှုတွေ အမှန်တရားတွေကို မြတ်နိုးရင် ကိုယ်တိုင်လည်း အမှန်တရားကို လက်ခံတတ်ပြီး ရိုးသားစွာ ရှင်သန်နေဖို့ လိုအပ်ပါတယ် ကိုယ်တိုင်က မရိုးသားစိတ် ရှိနေရင် တဖက်လူတွေစီကလည်း ရိုးသားမှုချည်း မမျှော်လင့်နဲ့ ကိုယ်ကိုယ်တိုင်က ကောက်ကျစ်စိတ်မွေးမြူနေရင်လူတွေစီကလည်း အမှန်တရားချည်း လိုချင်နေလို့ မရဘူး ဒါဟာ လောကကြီးရဲ့ နိယာမပဲလေ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်မှာ လူတချို့ ရဲ့ အော်ကလီဆန်တဲ့ အပြုအမူ အကျင့်စရိုက်တွေ မြင်နေ တွေ့ နေရပါတယ် သူများစီက အမှန်တရားကို လိုချင်တယ် တဖက်သားကိုကျ မရိုးသားဘူးလို စွတ်စွဲတယ် သူတို့ ကိုယ်တိုင်ကျ ကောက်ကျစ်တဲ့စိတ် ၊ ယုတ်မာတဲ့ လုပ်ရပ်တွေကို ပိုင်ဆိုင်ထားကြပြီး လူတွေစီက အများကြီးမျှော်လင့်နေတာ အတော်လေး ရယ်စရာကောင်းပါတယ် တူသောအကျိုးဆိုတာကို လက်မခံတတ်ကြသူတွေလေ လူ့ လောကကြီးထဲ တခဏလာတဲ့ ဧည့်သည်အချင်းချင်း သူသာမှပေါင်းမယ် ၊ သူမှန်ကန်မှ လက်ခံမယ်ဆိုပြီး တပါးသူရဲ့ လိုအပ်ချက်တွေကို လက်ညှိုးမထိုးပါနဲ့ ကိုယ့်ဖက်ကို လက်သုံးချောင်းက ပြန်ပြီး သတိပေးနေပါတယ် လူတစ်ယောက်စီတိုင်းမှာ လိုအပ်ချက်ဆိုတာတစ်ခုတော့ ရှိစမြဲလေ အပြစ်ကင်းသူဆိုတာ ရှိကြလား ကိုယ်တိုင်ရော အပြစ်ကင်းရဲ့လား စဉ်းစားကြည့် တစ်ခုလေးပဲ ထမင်းစားရင် ထမင်းနဲ့ တန်တဲ့ အသိတရားလေး ရှိနေရင် လူဖြစ်ပါပြီ ထမင်းစားပြီး သူ့ ဖက် ကိုယ့်ဖက်မမျှတဲ့ အတ္တတွေကို လက်ကိုင်ထားရင် ကိုယ်ဘယ်အဆင့်လည်း ကိုယ့်ကိုကိုယ်သာ သတ်မှတ်လိုက်ပါ လူတိုင်းက ရိုးသားမှုကိုလက်ခံကြတယ် အခက်ခဲ တစ်ခုခုရှိနေလို့  မရိုးသားသလို ဖြစ်သွား တာတွေလည်း ရှိတတ်တယ် လူတိုင်းက အမှန်တရားကို မြတ်နိုးတယ် မမျှော်လင့်တဲ့ အခြေအနေကြောင့် အမှားဆိုတဲ့အရာကို ကျူးလွန်မိတာလည်း ရှိတတ်ပါတယ် တခါတရံ အမှားကို အပြစ်ပြောလို့ မရဘူး နာလည်ပေးနိုင်ရမယ် ဒါပေမယ့် တမင်တကာကြိုတင် ကြံစည်ထားတာကိုကျ ခွင့်မလွှတ်ပါနဲ့ ဒီနေ့ ခေတ် လူသန်းပေါင်းများစွာထဲ ရပ်တည်ရှင်သန်ဖို့ အတွက် " အပြန်အလှန် ယုံကြည်မှု " ဆိုတဲ့ အရာက အလွန်ဆေးဖက်ဝင်စေပါတယ် ကိုယ့်ဖက်က လူတစ်ယောက်ကို အပြည့်အဝယုံကြည်ထားတယ် အခွင့်အရေးတွေ ပိုပေးခဲ့တယ် ဒီကြားထဲက ကိုယ့်ရဲ့ယုံကြည်မှုကို ချနင်းလာတယ် မရိုးသားတော့ဘူးဆို အဖြေက ရှင်းနေပါပြီ တစ်ယောက်အပေါ် တစ်ယောက်ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးရှိလာရင် ဘယ်လောက်ချစ်ရသူ ဖြစ်နေပါစေ အမုန်းတရားမရောက်ခင် လမ်းခွဲလိုက် ။
image

Credit image source
မှတ်ထား လူလူခြင်းဆက်ဆံရေးမှာ လောင်းကစားသမားတွေပြောနေကြ " လေထိုးရင် လေရမယ် ငွေထိုးရင် ငွေပြန်ရမယ် "ဆိုတဲ့ စကားလိုပေါ့ ကိုယ်က ရိုးသားမှ သူများလည်းရိုးသားမယ် ကိုယ်က ဖြူစင်မှ တဖက်သားကတန်ဖိုးထားမယ် ကိုယ်ကမှန်ကန်နေမှ အမှန်တရားဆိုတာ ရောက်လာမယ် ကိုယ့်ဖက်က မကောက်ကျစ်တတ်မှ ယုံကြည်မှုဆိုတာ တည်မြဲမယ် လိုတာတွေထက်တော့ ပိုမရချင်ပါနဲ့  လူတွေအားလုံး ဘဝအမောကိုယ်စီနဲ့  တစ်နေ့ ထမင်း နှစ်ကြိမ်ပဲ စားနေကြတာ လူအခြင်းခြင်း ဆက်ဆံရေးမှာ ဘယ်သူက ကိုယ့်အပေါ် ဘယ်လိုစိတ်ရှိတယ် ဘယ်သူက ဘယ်လိုသဘောထားနဲ့ ဆက်ဆံတယ် ဆိုတာ ပြုပြုသမျှ အမှန်အတိုင်း အကုန်သိနေပေမဲ့ ကိုယ့် သိက္ခာတရားနဲ့  ကိုယ့်တန်ဖိုးအတွက် မတူသောသူတွေကို မတုဖက်တော့ပဲ မမြင်ယောင်ဆောင် ! မကြားယောင်ဆောင်ပြီး နေလိုက်ခြင်းနဲ့  အနိုင်ယူထားလိုက်ပါတယ် အကုန်သိတယ် " မအ " ပါဘူး ။ တကယ်​​တော့ မတိုးတက်​တာက မစွန့်​လွှတ်​​သေးလို့ပါ မဖြစ်​နိုင်​ ​မျော်​လင့်​ချက်​​လေး​တွေကို ကိုင်​တွယ်​ပြီး အချို့လူ​တွေက ​ဘဝကို အဆုံးသတ်​​နေကြသည်​က ရင်​နစ်​ စရာ မဟုတ်​ပါလား။ပြန်​မလာမှာကို သိရက်​နှင့်​ ​မျော်​​နေသူ ​တွေကို​ ​ပြော ပရ​စေရှင်​။ အပြီးအပိုင်​ စွန့်​လွှတ်​ပစ်​ပါလို့၊ တိုးတက်​ခြင်း​တွေနှင့်​ ပိုင်​ဆိုင်​ရမှာကို အရှုံးမခံပါနှင့်​​နော်​။စွန်​လွှတ်​တတ်​​အာင်​ကြိုစားပါရှင်​​ရေ။မဖြစ်​နိုင်​တဲ့ ကိစ္စကြီးငယ်​တို့​တွေနှင့်​ မဖြစ်​သင့်​တာ​တွေကိုဆိုရင်​ ​ပြောပရ​စေရှင်​ တ​ထွေးကိုပါ မျိုးမချမိပါ​စေနှင့်​ရှင်​​ရေ။ထုတ်​ပစ်​သင့်​လာပြီဆိုရင်​ ထုတ်​ပစ်​ပါ အ​တွေးထဲမှာ အပိုအ​နေနှင့်​ အမှိုက်​ဖြစ်​မခံဖို့ အကြံပြု ပရ​စေ​နော်​။အမှန်​တကယ်​ကို လွတ်​လပ်​ငြိမ်းခြမ်းခြင်း​တွေ ရရှိလာမှာပါ ဘဝမှာ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ လူတိုင်းက ကိုယ်နဲ့အတူ ဘဝကို ဆိုးတူကောင်းဖက်ဖြတ်သန်းရင်း တစ်သက်လုံးနေထိုင်ဖို့ ဝင်လာတာ မဟုတ်ပါဘူး ကိုယ့်ကိုချစ်တဲ့သူလည်း...ရှိမယ် မုန်းတဲ့သူလည်း...တပုံတခေါင်းနဲ့....ပေါ့ အပေါ်ယံ စိတ်ကစားပြီး ခဏတာ အလည်လာတဲ့သူလည်းရှိမယ် အချစ်ကို လက်တည့်စမ်းပြီး အပျင်းပြေ လာတဲ့သူတွေလည်း ရှိမယ် ကိုယ့်ကို လိုသုံးလို သဘောထားပြီး ဝင်နားတဲ့ သူတွေလည်း ရှိမယ်။
image
Credit image source
ကိုယ့်နှလုံးသားကို ကစားစရာလို သဘောထားပြီးခံစားချက်တွေလာပေးတဲ့ သူတွေလည်း ရှိမယ်ဟန်ဆောင်ခြင်းကိုနှစ်သက်ပြီး လူကို ဓားစာခံလုပ်ကာ ငိုတတ်အောင် သင်ပေသွားတဲ့ သူတွေလည်း ရှိမယ် လူတိုင်းအပေါ်မယုံဖို့ကို သာဓကနဲ့တကွ လှည့်ဖျားမှုဆန်ဆန်နဲ့ ပညာပြသွားတဲ့သူတွေလည်...ရှိမယ် ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ယုတ်မာဖို့ အပြုံးတုတွေနဲ့ ဝင်လာတဲ့ သူတွေလည်း ရှိမယ်​ ကိုယ့်ရဲ့သည်းခံမှုကို အသုံးချပြီး ပညားသားပါပါ ကောက်ကျစ်သွားတဲ့ သူတွေလည်း ရှိမယ် ကိုယ့်ဘဝနဲ့ကိုယ် တတ်နိုင်သလောက်ချစ်ခဲ့ပေမဲ့ အလိုရမ္မက်တွေကြီးပီး..စွန်ပစ်သွားတဲ့ သူတွေလည်း ရှိမယ် လူတော်တော်များများကတော့ ကိုယ့်ဘဝထဲကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နေကြမှာပါပဲ ကိုယ့်ဘက်က လူတိုင်းအပေါ်မှာ စိတ်ရင်းနဲ့ မခံစားဖို့နဲ့ သံယောဇဉ် အရမ်းမကြီးဖို့ပဲလိုတယ် အကြိမ်ကြိမ် ချိုးနှိမ်ခံရတာ များလာရင် အမှတ်သည်းခြေ ရှိရပါ့မယ် ကိုယ့်အပော်မကောင်းတဲ့သူကို ပြတ်ပြတ်သားသားနဲ့ စွန့်လွှတ်နိုင်ရမယ် ကိုယ့်ကိုနာကျင်စေသူတွေကိုလည်း မဖက်တွယ်မိအောင်..ဆင်ခြင်နိုင်ရမယ် ကိုယ့်တန်ဖိုး.နားမလည်တဲ့သူတွေကို အရမ်းကြီး မပေးဆပ်တော့ဘဲ..နေတတ်ရမယ် ဒါမှ ကိုယ့်ဘဝထဲကို ပျော်ရွှင်စရာတွေ အလုံးအရင်းနဲ့ အလုအယက် ဝင်လာနိုင်မှာ တန်ဖိုးဆိုတာ မြတ်နိုးတတ်သူရဲ့ လက်ထဲမှာပဲ ရှိနေသင့်တာပါ ကိုယ့် စိတ်ခံစားမှုနောက်လိုက်ပြီး မျက်ရည်လွယ်တာတွေ ရပ်လိုက်ပါတော့ တချို့လူတွေရဲ့ စွန့်ပစ်ထားခဲ့မှုက ကိုယ့်ကို ပိုကောင်းတဲ့သူနဲ့ ဆုံစည်းစေတယ် မင်းအင်္ကျီရဲ့ ကြယ်သီးလေးတစ်လုံး ပျောက်ရှသွားလို့ ငိုမနေပါနဲ့ နောင်တစ်ချိန် ကြယ်သီးလေးကို ပြန်တွေ့တဲ့အချိန် မင်းမှာ အခြားပိုကောင်းတဲ့ အင်္ကျီလေးတစ်ထည် ပိုင်ဆိုင်နိုင်နေရပြီဆိုရင် ကြယ်သီးလေးပျောက်ခဲ့တာ...မင်းအတွက် အဓိပ္ပါယ် မရှိသော ဆုံးရှုံးခြင်းပါပဲ။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 57962.42
ETH 3050.85
USDT 1.00
SBD 2.25