လူနှင့်တိရစ္ဆာန်ကွာခြားမှု
တိရစ္ဆာန်တွေဟာ စားချင်တယ်၊အိပ်ချင်တယ်၊နွေးတဲ့ နေရာမှာနေချင်တယ်။လူတွေလည်း စားချင်တယ်၊အိပ်ချင်တယ်၊အပူအအေးမျှတဲ့နေရာမှာ နေချင်တယ်။ဒါပေမယ့် လူဟာ အဲဒါလောက်နဲ့ မကျေနပ်နိုင်သေးဘူး။လူလူချင်းလေးစားတာ၊တန်ဖိုးထားတာ၊အသိအမှတ်ပြုတာ၊နေရာပေးတာကိုလည်း လိုချင်သေးတယ်။လူလူချင်း အသိအမှတ်ပြုတာကိုမရရင် သူ့ဘဝဟာ မပြည့်စုံနိုင်ဘူး။ကျေနပ်စရာမကောင်းဘူး။ဘာကြောင့်လည်းဆိုတော့ လူဟာအသိုင်းအဝိုင်းနဲ့နေတဲ့ သတ္တဝါဖြစ်ဖြစ်နေလို့ပါပဲ။ဒါကြောင့် အသိုင်းအဝိုင်းထဲမှာ နေရာ တစ်နေရာလိုပါတယ်။လူနဲ့နီးစပ်တဲ့ ချင်ပန်ဇီတွေတောင် သူတို့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊ရအောင်လုပ်တဲ့အကျင့်လည်း ရှိကြပါတယ်။အသိုင်းအဝိုင်းက ဝိုင်းကျင်ထားလိုက်မှာကို ကြောက်ကြတယ်။တချို့ အသိုင်းအဝိုင်းက ဝိုင်းကျင်ထားလိုက်ရင် သေတောင်သေတယ်လို့ ဖတ်ရဖူးပါတယ်။ဒါကြောင့် လေးစားထိုက်ပြီး အများတကာအသိအမှတ်ပြုတဲ့ လူတော်တစ်ယောက်ဖြစ်အောင်ကြိုးစားသင့်ပါတယ်။
Photo Credit### Google Photo
MSU-035
@htoohan
ရေးထားတာကောင်းတယ် ဘရို
ကျေးဇူးပါ
ဒီအဓိပ္ပာယ်အကြောင်း ကဗျာတစ်ပိုဒ်လောက်ဖြစ်လာရင်ကောင်းမှာပဲ
ဟုတ်ကဲ့ပါ
သိပ်မှန်တယ်ဗျာ။ ကျွန်တော်တို ကိုယ်လေးစားချစ်ခင်သူက သူ့ဘာသာအလုပ်များနေလို့ ကိုယ့်ကို စကားသိပ်မပြောဖြစ်ရင်တောင် ငါ့ကိုဘာများစိတ်ဆိုးသွားလဲ ဆို စိတ်ထဲ တနုံ့နုံ့ ဖြစ်ပြီး စိတ်မကောင်းဖြစ်နေတာ အတော်ဆိုးတဲ့ခံစားချက်ပါ
ဖြစ်လေ့ရှိတဲ့သဘောပါအကိုရေ
nice post
သိုင်းကျူးပါအကို
မှတ်သားထားပါ့မယ်
ဟုတ်
good
သိုင်းကျူးပါ
ဟုတ် ကျနော်လည်း လေးစားမှုက အဓိကကျတယ်လို့ ယူဆထားမိပါတယ်
ဟုတ်
Good Post bro
Thanks bro
လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်က ဘာလဲ တဲ့
လူလူချင်းလေးစားတန်ဖိုးထားတတ်ပီး လူပီသဖို့က အဓိကပဲလို့ထင်ပါတယ်ဗျာ
This post has received a 25.90% upvote from thanks to: @htoohan!!!
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.