ဘာကြောင့် ကိုယ်ကနိမ့်ကျနေရတာလဲ

in #esteem8 years ago

လူနှစ်ယောက်မှာ တူတာတွေက
၁။ အသက်အရွယ်
၂။ ပညာအရည်အချင်း
၃။ အလုပ်အကိုင်
image

တူခြင်းသုံးမျိုးနဲ့ အလုပ်လုပ်နေတာ ဖြစ်ပါရက်နဲ့ တစ်ယောက်က အဆင်ပြေတယ်၊ အောင်မြင်တယ်၊ နောက်တစ်ယောက်က မအောင်မြင်ဘူး။ ဒါဆို ဘာ့ကြောင့်လဲ?

ဟိုတုန်းက တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးဆီမှာ ပညာသင်နေတဲ့ တပည့်နှစ်ယောက်ရှိတယ်။ အသက်အရွယ်ရော၊ ပညာသင်ခဲ့တဲ့ နှစ်ရော ၊ ရရှိထားတဲ့ ဘွဲ့ရော၊ အတူတူပဲ။ ဒါပေမယ့် မေးခွန်းတစ်ခုကို မေးလိုက်တိုင်း တစ်ယောက်က မြန်မြန်ဖြေနိုင်ပြီး ကျန်တဲ့တစ်ယောက်က နောက်ကျမှ ဖြေနိုင်တယ်။

ဒါကို နောက်ကျမှ ဖြေနိုင်တဲ့ တပည့်က ဆရာကြီးဟာ ဟိုလူ့ကို အချိန်ပိုတွေနဲ့ ပညာတွေ ပိုသင်ပေးတယ်၊ ဒါ့ကြောင့် သူဟာ လျင်လျင်မြန်မြန် ဖြေနိုင်တယ်ဆိုပြီး အထင်လွဲသွားတယ်။

သူ့ရဲ့ အထင်လွဲမှုကို သိသွားတဲ့ ဆရာကြီးက အတိတ်ကံ ဆိုတာတွေ၊ ပင်ကိုယ်ဉာဏ်ဆိုတာတွေနဲ့ သူတို့မမှီတာတွေကို အသုံးပြုပြီး ဖြေရှင်းမနေတော့ဘူး။ မနက်စောစော ဝေလီဝေလင်းမှာ တစ်ယောက်ကို အရွယ်တူ အိုးတစ်လုံးစီ ပေးပြီး ဒီအိုးထဲကို ညကကျတဲ့ နှင်းစက်တွေနဲ့ ပြည့်အောင် ဖြည့်ခဲ့ကြ-ဆိုပြီး ခိုင်းလိုက်တယ်။ တကယ်တော့ ဒါဟာ သူတို့အတွက် ပြိုင်ပွဲပါပဲ။

အဖြေကို နောက်မှ ကြာမှ ရတဲ့ တပည့်က သစ်ခက်လေးတွေမှာ တွဲရရွဲ ခိုနေတဲ့ နှင်းစက်ကလေးတွေကို အိုးထဲလိုက်ပြီး လှုပ်ခါလှုပ်ခါထည့်တယ်။ တော်တော်နဲ့ အိုးက မပြည့်ဘူး။ အချိန်အတော်ကုန်မှ ပြည့်လုနီး အိုးလေးကို ကိုင်ပြီး ဆရာ့ဆီကို ယူသွားတယ်။

ဟိုတပည့် တစ်ယောက်ကတော့ သစ်ခက်တွေရှိရာကို မသွားတော့ပဲ မြက်ခင်းပြင်ထဲကို သွားပြီး ခေါင်းပေါင်းလာတဲ့ အဝတ်ကို ချွတ်ပြီး မြက်ခင်းပေါ်ကို စိုရွှဲသွားအောင် လူးလိုက်တယ်၊ နောက်ပြီးတော့ အိုးထဲကို နှင်းတွေ ညှစ်ထည့်တယ်။ ဒီလိုနဲ့ပဲ သူ့အိုးလေးကတော့ မိနစ်အငယ်အတွင်း ပြည့်သွားတယ်။

ဆရာ့ဆီရောက်တော့ ဆရာက သူတို့ကို ပြောတယ် " မောင်ရင်တို့ကို ပေးလိုက်တဲ့ အိုးဟာ အရွယ်အစားချင်းလည်းတူတူပဲ၊ လွှတ်လိုက်တဲ့ အချိန်လည်း အတူတူပဲ၊ နှင်းစုတဲ့ အလုပ်လည်းအတူတူပဲ။ ဒါပေမယ့် ပြန်ရောက်တာကျတော့ တစ်ယောက်က နောက်ကျပြီး တစ်ယောက်က အစောကြီး ပြန်ရောက်လာတယ်၊ ဒါဟာ ဘာ့ကြောင့်လဲ?" ဆိုပြီး သြဝါဒပေးလိုက်ရတယ်။

တကယ်တော့ မိမိတို့တတွေဟာ ဒီသဘောလေးကို သိထားမယ်ဆိုရင် အလုပ်တွေ၊ ပညာအရည်အချင်းတွေ၊ အသက်အရွယ်တွေ တူနေသော်လည်းပဲ ရလာဒ်တွေကတော့ ကွာခြားနေဦးမှာဆိုတာကို သိမှာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ------------ အမြင်ခြင်း မတူလို့ပါ ။။။

Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.075
BTC 71740.97
ETH 2219.00
USDT 1.00
SBD 0.49