ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

in #esteem8 years ago

ကဆုန်လပြည့် ဗုဒ္ဓနေ့ရောက်ရင် ငယ်ငယ်ကလေးဘဝတုန်းကတော့ စာထဲမှာပဲ သင်ဖူးခဲ့တာ ညောင်ရေသွန်း တယ်တဲ့ ကိုယ့်ရွာဖက်ကလည်း ညောင်ရေမသွန်းကျတော့ သတိမထားမိပါဘူး ၄ ၅တန်းရောက်လာတော့ အဖိုးက ညောင်ရေသွန်းကျတယ်တဲ့ သူများတွေဆီက ဆိုတော့မှ အော် တကယ်ညောင်ရေသွန်းကြတာပါလားလို့ သိခဲ့ရတယ်
ရွှေဘိုမှာ ကျောင်းသူအဖြစ်နဲ့နေတော့မှ ညောင်ရေသွန်းပွဲတော်ဆိုတာ ဘာဆိုတာလဲဆိုတာ သိလိုက်ရတယ် image
ရွှေဘိုက ဗုဒ္ဓနေ့ ကို ထူးထူးမြတ်မြတစည်စည်ကားကားကို ကျင်းပကြတယ် တမြို့လုံး တစ်နယ်လုံးပေါ့ ရွှေတန်ဆာဘုရားက မော်တောမြင်သာစေတီကို အဖူးမျှော်ခံဖို့ကြွချီရင် မြို့တစ်လျှောက် စတုဒိသာတွေနဲ့ ဘုရားရောက်သည်အထိ အလှုအတန်းတွေနဲ့ တစ်မြို့လုံး လိုက်ပါပို့ဆောင် ကုသိုလ်ယူကြပါတယ် ကျွန်မတို့က အဲ့အချိန်ဆို သိပ်ပျော်ပါတယ် စတုဒိသာ တွေစားရတာကိုး ညောင်ရေသွန်းတဲ့န်ေရောက်ရင် မြို့ခံလူတွေရော နယ်သူနယ်သားတွေ ကျောင်းသူကျောင်းတွေရော မော်ဓောမြင်သာဘုရားမှာရှိတဲ့ညောင်ပင်ကို ညောင်ရေသွန်းကြပါတယ် ကျွန်မတို့သာ.ရွှေဘိုက ထွက်လာလို့ ညောင်ရေသွန်းပွဲတော်ကို မဆင်နွဲ့ဖြစ်ပေမယ့် ရွှေဘိုသူ ရွှေဘိုသားတွေကတော့ အခုချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ဆင်နွဲ့နေကြတဲ့မြင်ကွင်းကို FB ကတစ်ဆင့် မြင်သိရတာ ဝမ်းမြှောက်နုမော် သာဓုသာဓုသာဓု ခေါ်မိပါတယ် image
ရွှေဘိုညောင်ရေသွန်းပွဲတော်မှာ ပါဝင်မဆင်နွဲနိုင်ပေမယ့် ရွှေတီဂုံစေတီတော်ပေါ်မှာညောင်ရေသွန်းရင် ရွှေဘိုကို လွမ်းမိပါတော့တယ် image
ညောင်ရေသွန်းနေကြပုံများ
image

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.058
BTC 70466.92
ETH 2147.17
USDT 1.00
SBD 0.51