// မိဘ ကိုစော်ကားပြစ်မှားတဲ့ ကံဟာ ပြန်ဝဋ်လည် တတ်သလား ? ဘာသာမဲ့တွေရော ယုံကြည်ပါသ လား ? //

in #esteem6 years ago

ဝဋ်တွေ ကံတွေခဏဖယ်၍ လူသား၏သိမှုဘောင်
အတွင်းကဘဲ ဆန်းစစ်ကြည့်ရအောင် ။ လူသား၏
အသိညဏ်အဆောက်အုံဟာ အခြားသော တိရိစ္ဆာန်
သတ္တ တွေထက်ပိုမိုမြင့်မားတ ယ် ။ တိရစ္ဆာန်တွေမှာ
အဖေနှင့်သမီး သားနှင့်အမိကြားမှာ သွေးချင်းယှက်
incest rape လိုမျိုးတွေ ရှိတယ် ။ တိရစ္ဆာန်များ၏
ဘဝကို ယျေဘူယျခြုံငုံကြည်ရင် အိပ် စား ကာမ ကို
အခြေတ ည်သော သောက အဘိဇ္ဈာ ဒေါသ တို့သာ
ဖြစ်ပေါ်လေ့ရှိတ ယ် ။ ဥပ ဒေ ပြဋ္ဌာန်းထားမှု မရှိ ။
အားနွဲ့သူခံစတမ်း အားကြီးသူနိုင်စတမ်း တရားမှု
မတရားမှု - လုပ်သင့် မလုပ်သင့်ကို သိပ်တွေးခေါ်
လေ့ မရှိဘဲဘဝတစ်ခုကိုဖြတ်သ န်းကုန်ဆုံးကျတယ်။
လူသားများ၏ အသိညဏ်ဖွဲ့စည်တည်ဆောက်ထား
ပုံဟာထိုထို တိရစ္ဆာများထက် အဆ 100 သာလွန်
တယ် ။ အဆ 1000 လောက် တွေးခေါ်တွက်ဆ နိုင်
အဖြေထုတ်နိုင်တယ် ။ ဒါကြောင့် ဘာသာစကား
ယဉ်ကျေးမှု - အရှက် သိက္ခာတည်ကြည်မှု ဂတိသစ္စာ
တရားမှု - မတရားမှု ဥပဒေတို့ကို တီထွ င်လာကြတယ်။
နောက်ဆုံး Freedom ဆိုတာတွေထိပါ တောင်းဆို
လာတတ်ကြတ ယ် ။ အများစုလက်မခံနိုင်သော လုပ်
ရပ်ကို ပြုမှုသောလူသားကို ကျန်လူများက ကဲ့ရဲ့ရှုံ့ချမှု
များရှိသလို - အများစုလေးစားအတုယူ ဖွယ်ရာ များ
ကို ပြုမှုသောလူသားကို အခြားလူအများက ချီးကျူး
ဂုဏ်ပြု အတုယူမှုတွေ ရှိတ ယ် ။ တိရိစ္ဆာန် အသိုင်းဝန်း
မှာ ဒီလိုမျိုးတွေ တွေ့ရလေ့ သိပ်မရှိ ။ အကြမ်းဖျဉ်း လူ
သားနှင့် တိရိစ္ဆာန်ရဲ့ ကွာခြားမှုဘဲ ။ လုပ်သင့်တာနဲ့
မလုပ်သင့်တာကို ခွဲခြားသိရှိမှု အပိုင်းကို ဆိုလိုတ ယ် ။
ကောင်းပြီ မိဘနဲ့သားသမီးကြား ဖြစ်ပေါ်လာ ခဲ့တဲ့
ကလေးငယ်တစ်ဉီး၏ ပတ်သတ်ဆက်နွယ်မှုကိုကြည့်
ရအောင် ။ မိဘဟာ ဒီကလေးငယ်ကို လာပါလို့ ဖိတ်
ခေါ်ခဲ့တာမဟုတ်သလို ကလေးငယ်ဘက်ကလည်း အ
တင်းကြီး လာခဲ့ပါရစေလို့မတောင်းဆိုပါဘူး။ အကြောင်း
တိုက်ဆိုင်လို့ ဖြစ်လာတ ယ် ။ သွေးချင်းစက်ယှက် ဖြစ်
တည်လာတော့လည်း ချစ်ရတာဘဲ ။ မိဘတွေဟာ
မွေးကင်းစ ၎င်းကလေးငယ်အပေါ်မှာထားတဲ့ ရလိုမှု
အာသာဆန္ဒတောင်းတမှုမျော်လင့်ချက်ဆိုတာဘာမှ
မရှိပါဘူး ။ ဒီကလေးနဲ့ မိဘကြားကို အဓိက တုပ်နှောင်
ထားတာက မေတ္တာတရားဘဲ ။ မိဘတွေဟာ ထိုအတွက်
ကျေးဇူးရှိတ ယ် ။ သို့သော် လူသားတစ်ဉီး ပီပီ မှားနေနိုင်
သလို အမြဲမျှတစွှာ ကြင်နာတတ်တဲ့ မိဘမျိုးလည်း ရှိတယ်။
ကျနော်ကိုယ်တိုင် မိမိ၏ အတ္တကို ရှေ့တန်းသိ ပ်တင်ပြီး
အတ္တ ဆန္ဒကို ဦးစားပေးသော ဖခင်မျိုးနဲ့ ကြုံတွေ့ရတ ယ်။
ငွေကြေးပြည်စုံမှုကို နာကျင်ပူလောင်မှုများနဲ့ နှိုင်းယှဉ်တဲ့
အခါတိုင်း ၎င်းပြည့်စုံမှုဟာ ငရဲဘဲ ။ဒီတော့ စာအုပ်များနဲ့
စိတ်ထွက်ပေါက်ရှာတယ် ။ ဖခင်၏ သွေးများ ကိုယ့်ခန္ဓာ
ကိုယ်ထဲမှာ လည်ပတ်စီးဆင်းသလိုခံစားမိတိုင်း ရုပ်ကြမ်း
ဝါဒီဆန်ဆန် အတွေးမျိုးတွေ ဝင်လာတယ် ။ စူဆိုက် လုပ်
ဖို့အထိတောင် တွေးဖူးတယ် ။ အမှန်က မိဘနှင့်သားသမီး
ကြားက တည်ဆောက်မှု တစ်ခုဟာ သွေးခြင်းဆက်ယှက်
ပြီးပေါ်လာတဲ့ မေတ္တာ တရားဘဲ ။ ဘယ်သတ္တမှာ မိမိ
အတ္တကို မိမိစွန့်ပယ်လေ့မရှိတဲ့ ချစ်ခြင်းမျိုး ။ ဒါဟာ မိဘ
နှင့်သားသမီးကြားက တူညီသော အတ္တကို ဗဟိုပြုထား
သောမေတ္တာနှောင်ကြိုး ။ ၎င်းအတ္တကို ထိပါးလာလျှင်
မိဘက သားသမီးကို အမွေဖြတ်တာမျိုးနှင့် သားသမီး
က မိဘကို အိမ်ပေါ်က နှင်ချတာမျိုး ဖြစ်လေ့ရှိတ ယ် ။
သံယောဇဉ် ဖြတ်တောက်တယ်ပေါ့ ။ ဒါဟာ မှန်ကန်တဲ့
လုပ်ရပ်ပါဘဲ ။ နှင်ချ ဆဲဆို ဖြတ်တောက်ရအောင် မကြမ်း
သင့်ပေမဲ့ ။ နူးညံ့ညင်သာ စွှာ ဖြတ်တောက်ပစ်
ဘို့ပါဘဲချစ်နိုင်သလောက် ချစ်ပေးကြဘို့ ။ မချစ်
နိုင်တော့လည်း မေတ္တာနှောင်ကြိုးဖြတ်ကြစို့ က အစွှန်း
မရောက်ဘဲမျှတပါတ ယ် ။ ဒါထက်ပို၍ မမျှမတ လုပ်မယ်
အင်အားချည့်နှဲ့သောမိခင်ကို အသုံးမကျရကောင်းမ
လားရိုက်နှိက်ပုတ်ခတ်နေသောလုပ်ရပ်ကိုတော့ နောက်
အမိနဲ့သား အဖနဲ့သမီးရဲ့ incest rape လုပ်ရပ်တွေကိုတော့
ဘယ်လူ့အဖွဲ့စည်းက မှ လက်မခံ ။ မိမိ၏ စိတ်အခြေနေ ပုံမှန်
မဟုတ်တော့သည်ကို သာပြနေတ ယ် ။ လုပ်သင့် မလုပ်သင့်
ကိုပင် ထည့်မတွက်နိုင်သော တိရိစ္ဆာန်သာသာ အတွေး
ခေါ်မျိုးရောက်သွားတ ယ် ။ မိိမိ၏ သ ားသမီးမ် ားက ၎
အပြုမှုပေါ် ရှုမြင်သဘောကျ ခိုင်မြဲစွှာ ဆုပ်ကိုင်မိသွားရင်
အကျိုးဆက်က မိမိဆီပါ ရီအက်ရှ င် အနေနဲ့ အနည်းနှင့်
အများပြန်ရိုက်ခတ် နိုင်တ ယ် ။ မြန်မာစကားစကားပုံလေး
တစ်ခုရှိသတဲ့ ။ အရိပ်နေနေ အခက်ချိုး ချိုး ဆိုလား ? ပူ
လောင်ပြင်းပြသော ကန္တာရ လမ်း နွေခရီးကို ဖြတ်ကျော်
ပြီးတောအုပ်လေးလေးထဲက သစ်ပင်လေး တစ်ပင် မှာ
အရိပ်ခို ပြီးအမောဖြေတ ယ် ။ မိမိ၏ ပူလောင်မှုကို အတန်
သင့်ပေးစွှမ်းနိုင်သော ထိုသစ်ပင် အရိပ်မှာ ကွန်းခိုပြီးလျှ င်
ထို သစ်ပင်ရဲ့ အကိုင်းခက် တစ်ခုကိုတောင်မှ ချိုးယူ ဖြတ်
ဆီးခြင်းငှာ မလုပ်ထိုက်ဖူး လို့ ကျေးဇူးတရားနဲ့ ပတ်သတ်
လာ ရင် သက်မဲ့ပင် ဖြစ်နေစေအုန်းတော့ သိတတ် နားလည်
ပေးမှုကို ပြတဲ့ စကားပုံကို ရှေးလူကြီး များ ထားခဲ့ဟန်ရှိတယ်။
ဘာသာမဲ့ ဘာ ဝဋ် ကံ ငရဲ ကိုတော့ ယုံကြည်မှု ရှိချ င်မှ ရှိ
လိမ့် မ ယ် ။ သို့သော် လူ့အဖွဲ့စ ည်းက လက်ခံနိုင်တဲ့ ပြ
ဋ္ဌာန်းထားသော လုပ်ကိုသာလုပ်လေ့ ရှိတ ယ် ။ လူ့အဖွဲ့
စည်းက လက်ခံမနိုင်သော အပြုမှုမျိုးကို ဘယ် ဘသမ မှ
လုပ်မ ယ်မထင်ဘူး ။ လူတွေနဲ့ အံမဝင်သော လုပ်ရပ်ကို
လုပ်လေ့ရှိတဲ့ လူကိုတော့ ဘသမ ဖြစ်စေ ဘသရ ဖြစ်စေ
ကျနော်တို့ အပြင်းအထန် ရှုံ့ချကန့်ကွက်ပါတ ယ် ။

.
လေးစားလျှက် . . .
image
Writer by@minmaha

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26