( A kind of mature, called Silence)ရင့်ကျက်ခြင်းတစ်မျိုးကို ဆိတ်ဆိတ်နေခြင်းလို့ခေါ်သတဲ့

in #esteem7 years ago (edited)

Mature
Age or coincidences.
Easy and does not enjoy.
Mature
Is not written on the face of things.
Encrypted into my calmness.

Some looks mature and
In front of the big issues before holding her hand inches.
The small matter of love.
When we saw a flurry of challenges.
When difficult to split inconsolably.

Some people only
Both the big issue, Both the small stuff
They did not tremble.
Did not cry, Do not boil I do not deny, Does not
Do not blame Others fingers.
Distinguish right and wrong and how to solve possible.

Some people
When misconceptions silence.
When reproached critics are silent
I'm among gossip Silence
The complicated issue of silence.
They adjust silence.
Time for the truth will not wait.

In fact,
A kind of mature, called Silence.
Tired quiet resting quietly.
When the pain in silence while.
When I walk in silence because
He refused to talk more.
many time
Silence is easier than it solved.
Silence is lighter than it is expressed.

When Experience
When it takes to survive
May prefer silence.
Those adult world
Silence is mature
The best mark.

But it turns out, turn right,
What he can not loose gradually diminished
Do not miss decisively bonds available, Focus
Bright beer Jesuit,
I did not ask why.
Sue has been paved roads,
Has there been a storm-tossed waves
You have to understand the human brain and human behavior
If the spirit is broken cared
I started slowly and fell silent again.

I've had along the way
The more mature the Jesuit,
The silence for a more peaceful if
I understand

ရင့်ကျက်ခြင်းက
အသက်အရွယ်နဲ့ မဆိုင်ပါဘူး။
စိတ်ခံစားလွယ်မှုနဲ့ မဆိုင်​ပါဘူး။
ရင့်ကျက်ခြင်းဆိုတာ
မျက်နှာပေါ်ရေးထားတဲ့ အမူအရာမဟုတ်ဘူး။
ရင်ထဲသိုဝှက်ထားတဲ့ တည်ငြိမ်ခြင်းဖြစ်ပါတယ်။

တချို့​က ကြည့်ရတာ ရင့်ကျက်သလိုနဲ့
ကိစ္စကြီးကြီးမားမားရှေ့မှာ ခြေမကိုင်လက်မကိုင်မီဖြစ်တယ်။
ကိစ္စသေးသေးမွှားမွှားကို အမှတ်အတေးထားတယ်။
အခက်အခဲနဲ့တွေ့တဲ့အခါ ပျာယာခတ်တယ်။
ဝေခွဲရခက်တဲ့အခါ ရင်ထုမနာဖြစ်တယ်။

တချို့လူတွေလောက်ပဲ
ကိစ္စကြီးကြီးမားမားဖြစ်ဖြစ်၊ သေးသေးမွှားမွှားဖြစ်ဖြစ်
သူတို့ကို မတုန်လှုပ်စေဘူး။
မငိုဘူး၊ မဆူဘူး၊ မငြင်းဘူး၊ မဆဲဘူး၊
အပြစ်ပုံမချဘူး၊ သူတစ်ပါးကို လက်ညိုးမထိုးဘူး။
အမှားအမှန်ကိုခွဲခြားပြီး ဖြေရှင်းနိုင်တဲ့နည်းကိုရှာတယ်။

လူတချို့က
အထင်အမြင်မှားခံရတဲ့အခါ ဆိတ်ဆိတ်နေတယ် ​ဝေဖန်ကဲ့ရဲ့ခံရတဲ့အခါ ဆိတ်ဆိတ်နေတယ် အတင်းအဖျင်းတွေကြားမှာ ဆိတ်ဆိတ်နေတယ် ရှင်းလေရှုပ်လေကိစ္စရပ်မှာ ဆိတ်ဆိတ်နေတယ် သူတို့ဟာ ဆိတ်ဆိတ်နေခြင်းနဲ့ အဖြေရှာတတ်​တယ်​ အချိန်ကပေးမယ့် အမှန်တရားကိုစောင့်တယ်။

တကယ်တော့
ရင့်ကျက်ခြင်းတစ်မျိုးကို ဆိတ်ဆိတ်နေခြင်းလို့ခေါ်သတဲ့ မောပန်းတဲ့အခါ ဆိတ်ဆိတ်ငြိမ်ငြိမ်အနားယူတယ်။
နာကျင်တဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်အောင့်ခံတယ် ဆိတ်ဆိတ်နေခြင်းမှာ ကျင့်သားရလာတဲ့အခါ စကားများများ မပြောတော့ဘူး။
အချိန်တော်တော်များများမှာ
ဆိတ်ဆိတ်နေခြင်းက ဖြေရှင်းတာထက်လွယ်ကူတယ်။
ဆိတ်ဆိတ်နေခြင်းက ထုတ်ဖော်ပြောရတာထက် ပေါ့ပါးလို့ဖြစ်တယ်။

အတွေ့အကြုံများလာတဲ့အခါ၊
ရှင်သန်ရကြာလာတဲ့အခါ
ဆိတ်ဆိတ်နေခြင်းကို ပိုနှစ်သက်လာတတ်တယ်။
အရွယ်ရောက်သူတွေရဲ့လောကမှာ
ဆိတ်ဆိတ်နေခြင်းက ရင့်ကျက်ခြင်းရဲ့
အကောင်းဆုံး အမှတ်အသား တစ်​ခုဖြစ်တယ်။

ကြည့်ရအဆင်မပြေရင် လှည့်ထွက်လိုက်မယ်၊
လွှတ်မချနိုင်တဲ့အရာ ဖြည်းဖြည်းချင်းဖြည်လျော့ကြည့်မယ်
ဆုံမှတ်မရှိနိုင်တဲ့နှောင်ကြိုး ပြတ်ပြတ်သားသားလက်လွှတ်မယ်၊
စကားများများ မ​ပြော​တော့ဘူး
ဘာကြောင့်လဲလို့ လိုက်လိုက်မမေးဘူး။
ဆူးခင်းလမ်းတွေလျှောက်ဖူးခဲ့ပြီ၊
လှိုင်းမုန်တိုင်းတွေ ထန်ခဲ့ဖူးပြီ၊
လူ့စိတ် လူ့မနှောကိုနားလည်ပြီ၊
ဖြစ်ပြီးပျက်တဲ့သဘောကိုသိပြီဆိုရင်
ဖြည်းဖြည်းချင်း ဆိတ်ဆိတ်နေတတ်သွားတော့တယ်။

လျှောက်ခဲ့ဖူးတဲ့ လမ်းခရီးတလျှောက်မှာ
ရင့်ကျက်တဲ့လူက စကားများများမပြောဘူး၊
ဆိတ်ဆိတ်နေတဲ့လူက ပိုငြိမ်းချမ်းတယ်ဆိုတာကို သိနားလည်ခဲ့လို့ပါပဲ
image
MUS 042

Sort:  

You receive vote 100 % Vote From @daviddkl. Because YouTag msu. MSU is Myanmar Steemit User Group.

ဘာသာပြန်​တာလား

သိဘူးကြိုက်တယ်

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is myanmar steemit
user group.

Good Luck
#msu

ကဗျာလား

စကားမ​များတိုင်းလည်း ရင့်​ကျက်​သူမဟုတ်​ပါဘူး😝

ကဗျာ ရေးရမှာ ကြောက်ပါတယ်ဆိုမှ
ရေးချင်စိတ်တောင် ကုန်သွားပီ
ကြမ်းချက် ဘာပြောရမှန်းကို မသိတော့
@aggamun