ကွန်ပျူတာ ပညာရေးဆိုတာ

in #esteem6 years ago

image

ကွန်ပျူတာ ပညာရေးဆိုတာ

အီလက်ထရွန်းနစ် ပစ္စည်းတစ်ခုခု အထောက်အကူနဲ့ ပညာသင်ကြားမှုကို အမြန်ဆုံး၊ အလွယ်ဆုံး၊ အကောင်းဆုံး၊ ဒေတာတွေကို အတိကျဆုံး ရရှိနိုင်စေအောင် အထောက်အကူပြုသင်ကြားနိုင်ရန် စီစဉ်ခြင်းလို့ ဆိုနိုင်ပါတယ်။ လူအားထက် ကွန်ပျူတာရဲ့ မှတ်ဉာဏ်အားကို အသုံးပြုပြီး အကျိုးရှိစွာ အသုံးချနိုင် အောင်လုပ်တာ ကွန်ပျူတာ ပညာရေးရဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။

ကွန်ပျူတာကို သင်ကြားရေးမှာ အထောက်အကူပြုဖို့အတွက် ပရိုဂရမ်တွေ ထည့်သွင်းနိုင်ပါတယ်။ ဆော့ဖ်ဝဲတွေနဲ့ စိတ်ဝင်စားမှု အများဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ စာသင်ခန်းတစ်ခုကို အစဉ်အလာကနေ ဇောက်ထိုး မိုးမြော်ဖြစ်သွားအောင် လုပ်လိုက်နိုင်ပါတယ်။ ကွန်ပျူတာ ပညာရေးဟာ ကျောင်းသားကို စိတ်ပါဝင်စား လာအောင် အသုံးပြုနိုင်ရုံမက အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူနိုင်တဲ့ သင်ယူမှုနယ်ပယ်တစ်ခုကို အဖန်တီးနိုင်ဆုံး နေရာတစ်နေရာ ဖြစ်လာနိုင်ပါတယ်။

ကွန်ပျူတာဟာ ဆရာတွေထက် အချက်အလက်ဒေတာတွေကို စုစောင်းသိုမှီးထားနိုင်ပါတယ်။ ကွန်ပျူတာ သုံးလိုက်တာဟာ အချိန်ကုန်သက်သာစေချင်လို့ နားလည်မှုအလွယ်ဆုံးဖြစ်အောင်လို့ဆိုတဲ့ သဘောအပေါ်မှာ အခြေခံနေပါတယ်။ ဥပမာ ဆင်မမြင်ဖူးတဲ့ ကလေးတစ်ယောက်ကို ပါးစပ်ကနေ ရှင်းပြနေတာ မျက်မမြင် ပုဏ္ဏား တွေကို ဆင်စမ်းခိုင်းနေသလို ဖြစ်စေနိုင်ပါတယ်။

image

ကွန်ပျူတာကို အသုံးပြုလိုက်ရင် အင်တာနက်ဆိုတာ အသုံးပြုနိုင်ကြောင်း ကလေးတွေ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်ရအောင် လုပ်ပေးနိုင်ပါတယ်။ ကွန်ပျူတာနဲ့ သိချင်တာတွေကို ရှာလို့ရတယ်ဆိုတာ တစ်ဆင့်တက်နိုင် ပါတယ်။ ဆင်အကြောင်းကို အင်တာနက်ထဲမှာ အလွယ်ရှာနိုင်ပါတယ်။ ကမ္ဘာအနှံ့မတူညီတဲ့ ဆင်အမျိုးအစား ပေါင်းများစွာကို ခွဲခြား ပြနိုင်ပါတယ်။ ဆင်တွေရဲ့ လှုပ်ရှားမှု အသံတွေကို ကြားရအောင် လုပ်နိုင်ပါတယ်။

ကွန်ပျူတာပညာရေးကို ဘာကြောင့် မူကြိုနဲ့ ကေဂျီတွေမှာ ပိုသင်သင့်သလဲဆိုတော့ မျက်မမြင်ပုဏ္ဏားတွေကို ဆင်စမ်းခိုင်းတဲ့ ဘဝမျိုး မရောက်စေချင်လို့ပါ။ ကွန်ပျုတာက ဘာတွေ စွမ်းဆောင်ပေးနိုင်တယ်၊ ဘယ်လောက် စွမ်းဆောင်ပေးနိုင်တယ်၊ ဘာတွေ စွမ်းဆောင်ပေးနိုင်တယ်ဆိုတဲ့ ပညာပေးနဲ့ ပညာရေးအသိရှိသူတွေဟာ ကွန်ပျူတာနဲ့ကလေးတွေကို မဝေးအောင်လုပ်မှ ပညာရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

တင်ညွန့်

photo :facebook

image

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58296.60
ETH 3064.91
USDT 1.00
SBD 2.26