ဆီးအိမ် တက်ကြွလွန်းတယ်လို့ ရောဂါ

in #esteem8 years ago

ဆရာဝန်က ဆီးချိုလိုမျိုး နောက်ခံရောဂါတစ်ခုခု ရှိ၊ မရှိ သိဖို့ သွေးစစ်ခြင်း၊ ရောဂါပိုးဝင်ခြင်းအတွက် ဆီးပိုးမွေးခြင်း စတာတွေနဲ့ ဆီးကျိတ် ကြီး၊ မကြီး သိနိုင်ဖို့အတွက် စအိုစမ်းသပ်ခြင်းတွေ လုပ်ပါလိမ့်မယ်။ ကဖင်းတွေ သောက်တာ များ၊ မများ သိနိုင်ဖို့အတွက် စားသောက်နေထိုင်ပုံနဲ့ အမူအကျင့်တွေကို မှတ်ထားနိုင်ပါလိမ့်မယ်။
image
ဆီးအိမ် တက်ကြွလွန်းတယ်လို့ ရောဂါ မသတ်မှတ်ခင်မှာ ကျောက်ကပ် ကျောက်တည်ခြင်းစတဲ့ တခြားအကြောင်းတွေကို စစ်ဆေးဖို့ ၀မ်းဗိုက်အာထရာဆောင်းလည်း ရိုက်ဖို့ လိုပါတယ်။ ပြဿနာအပေါ် မူတည်ပြီး ကုထုံးအမျိုးမျိုး ရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေး၊ ဆီးအိမ် တက်ကြွလွန်းခြင်းအတွက် အောက်ပိုင်းကြွက်သား လေ့ကျင့်ခန်းတွေ လုပ်စေပါ့မယ်။ ဒါက အထောက်အကူ မဖြစ်ဘူးဆိုရင် ဆီးအိမ် ပြေလျော့စေဖို့ Vesicare, Detrol, Ditropan စတဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ တချို့ရောဂါတွေမှာဆိုရင် ဆီးအိမ် ပြေလျော့စေဖို့နဲ့ ဆီးပေါက်ချင်စိတ် နည်းစေဖို့အတွက် Botox ထိုးနိုင်ပါတယ်။ အောင်မြင်တဲ့ ကုထုံးတွေက ဘ၀အရည်အသွေးကို မြင့်စေပြီး အိမ်သာ မကြာခဏ သွားရတဲ့ဒုက္ခမှလည်း ကင်းဝေးစေနိုင်ပါတယ်။ ဆီးအိမ် တက်ကြွလွန်းခြင်းကို သေချာကုသနိုင်မယ်ဆိုရင် ဆက်ပြီး ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပါဘူး။

Sort:  

Hello! I find your post valuable for the art community! Thanks for the great post! ARTzone is now following you! ALWAYs follow @artzone and the artzone tag, and support our artists!

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.055
BTC 75211.61
ETH 2352.41
USDT 1.00
SBD 0.51