Google Search ဖုန်းမှာသုံးကြည့်ကြမယ်…

in #esteem8 years ago

google search ကို ကွန်ပျူတာမှာ ကောင်းကောင်းသုံးနိုင်သူတွေအနေနဲ့ ဖုန်းထဲမှာလည်း google search ကို သုံးနိုင်မှာ အသေအချာပါပဲ။
အင်တာနက်ရနိုင်တဲ့နေရာမှာသာဆိုရင် google search ဟာ စွယ်စုံကျမ်းပေါင်းအများအပြားနဲ့ ညီမျှပါတယ်။ သိချင်တဲ့ကိစ္စမှန်သမျှ google search မှာ ရိုက်ထည့်လိုက်ရင် ကျလာမှာ အမှန်ပါပဲ။
အင်္ဂလိပ်စာလုံးမသိတဲ့ အဓိပ္ပာယ်ကို ရှာချင်ရင်လည်း ကိုယ်ရှာချင်တဲ့စာလုံးရဲ့နောက်မှာ meaning ဒါမှမဟုတ် definition လို့ ရိုက်ထည့်လိုက်ရင် အင်္ဂလိပ်လို ရှင်းလင်းထားတဲ့ အဓိပ္ပာယ်အပြင် အဓိပ္ပာယ်တူတဲ့ စာလုံး (synonyms) တွေပါ တစ်ခါတည်း ကျလာပါလိမ့်မယ်။ ဥပမာ - delicacy meaning ဒါမှမဟုတ် delicacy definition၊
တချို့ အကောင်ဘလောင်တွေ၊ အပင်တွေဆိုရင် အဓိပ္ပာယ်ရှင်းပြရုံနဲ့ မျက်လုံးထဲမှာ မမြင်ပါဘူး။ အဲဒီလိုမျိုးဆိုရင် google မှာပါတဲ့ image ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် အဲဒီစာလုံးနဲ့ဆိုင်တဲ့ ဓာတ်ပုံတွေ ကျလာမှာ အမှန်ပါပဲ။
ဒါပေမယ့် google search engine ကို သုံးနိုင်ဖို့အတွက် ဖုန်းထဲမှာ အရင်ဆုံး browser တစ်ခုခု ရှိဖို့ လိုပါတယ်။ ဖုန်းတိုင်းမှာ များသောအားဖြင့် default အနေနဲ့ ထည့်ပေးထားတဲ့ browser တစ်ခု ပါလာပြီးသားပါ။ တချို့ မူရင်းပါတဲ့ browser တွေက အရမ်းကောင်းပေမယ့် တချို့ browser တွေက အသုံးမတည့်ပါဘူး။ အဲဒီအခါမျိုးဆိုရင်တော့ moxilla firefox ဖြစ်ဖြစ်၊ google chrome ဖြစ်ဖြစ် ထည့်သွင်းထားနိုင်ပါတယ်။
image
Browser ကို သုံးပြီးသွားရင်တော့ history တွေကို ပြန်ဖျက်ပစ်တာ အကောင်းဆုံးပါပဲ။ history တွေကို မဖျက်တဲ့အခါ ဖုန်းထဲမှာ အမှိုက်တွေများပြီး စက်လေးလာနိုင်ပါတယ်။Google search ကနေတစ်ဆင့် ကိုယ်သိချင်တဲ့ သင်ခန်းစာတွေနဲ့ သတင်းတွေအပြင် သိချင်တဲ့ ဝက်ဘ်ဆိုဒ်တွေကိုလည်း အလွယ်တကူ ရှာကြည့်နိုင်မှာ ဖြစ်ပါတယ်။

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.058
BTC 72383.36
ETH 2239.12
USDT 1.00
SBD 0.53