ချန်ပီယံလိဂ် စည်းမျဉ်းအချို့ပြောင်းလဲ

in #esteem8 years ago

ချန်ပီယံလိဂ် စည်းမျဉ်းအချို့ပြောင်းလဲ

ချန်ပီယံလိဂ်စည်းမျဉ်းအပြောင်းအလဲကိုယူအီးအက်ဖ်အေကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။လာမယ့်ရာသီမှာ စည်းမျဉ်းစတင်အသက်ဝင်မှာဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေကတော့.... ၁။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာရှုံးထွက်အဆင့် ကစလို့ အချိန်ပိုရောက်ရင် ၄ ဦးမြောက်လူစားလဲခွင့်ပြုခြင်း။
image
၂။ အရန်ကစားသမားကို အရင်က ၇ ဦးသာခွင့်ပြုပေမယ့် ၅ ဦးတိုးပြီး ၁၂ ဦးအထိခွင့်ပြုပေးခြင်း။

၃။ ပွဲချိန်တွေပြောင်းလဲခြင်း။

၄။ အုပ်စုပွဲစဉ်တွေအပြီး မှာ ကစားသမား ၃ ဦးကိုမည်သည့် ကန့်သတ်ချက်မှ မထားဘဲမှတ်ပုံတင်နိုင်ခြင်း။

(ဒီစည်းမျဉ်းကြောင့် ရာသီပထမပိုင်းမှာ ဥရောပပြိုင်ပွဲကစားခဲ့သူတစ်ဦးဟာ ဒုတိယပိုင်းမှာသူပြောင်းတဲ့အသင်းနဲ့ ဘယ်ပြိုင်မဆို ကစားခွင့်ရှိတော့မှာပါ။ ဒါကြောင့် ကော်တင်ဟိုကဘာစီလိုနာအတွက် ချန်ပီယံလိဂ် ကစားလို့မရတဲ့အဖြစ်၊ အူဘာမီယန်ကအာဆင်နယ်အတွက် ယူရိုပါလိဂ် မကစားပေးနိုင်တာမျိုးတွေရှိလာမှာ မဟုတ်တော့ပါဘူး။)

Coin Marketplace

STEEM 0.07
TRX 0.31
JST 0.056
BTC 73940.07
ETH 2318.16
USDT 1.00
SBD 0.53