Hero ဇာတ်​ကားကြိုက်​သူများတွက်

in #esteem8 years ago

Deadpool 2 ဖြစ်ပါတယ်။ Marvel Comics ရဲ့ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Deadpool ဇာတ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

X-Men ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး ၂ဝ၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Deadpool ဇာတ်ကားရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို David Leitch က ရိုက်ကူးတာဖြစ်ပြီး Ryan Reynolds၊ Josh Brolin၊ Morena Baccarin၊ Julian Dennison စတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားပါတယ်။ Deadpool ဇာတ်ကောင်အဖြစ် ကနေဒါသရုပ်ဆောင် Ryan Reynolds က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

စားသောက်ဆိုင်စာဖိုမှူးတစ်ဦးဖြစ်တဲ့ Wade Wilson တစ်ယောက် စွမ်းအားရှင်အဖြစ်နဲ့ လူအများကိုကယ်တင်ပုံတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စူပါဟီးရိုးဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ပါဝါထုတ်အသုံးပြုပုံတွေ၊ ကွန်ပြူတာအထူးပြုလုပ်ချက်အများအပြားကို ဇာတ်ကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စူပါဟီးရိုးဇာတ်ကားတွေကို စွဲစွဲလန်းလန်း ကြိုက်နှစ်သက်သူတွေ အတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ ဒီဇာတ်ကားကို Marvel Entertainment၊ The Dooner’s Company၊ Genre Films တို့က ထုတ်ဝေတာဖြစ်ပြီး 20th Century Fox က ဖြန့်ချိတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂ဝ၁၈ ခုနှစ် မေလမှာ ရုံတင်ပြသမှာဖြစ်တယ်လို့လည်း သိရပါတယ်။Deadpool 2 ဖြစ်ပါတယ်။ Marvel Comics ရဲ့ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Deadpool ဇာတ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

စားသောက်ဆိုင်စာဖိုမှူးတစ်ဦးဖြစ်တဲ့ Wade Wilson တစ်ယောက် စွမ်းအားရှင်အဖြစ်နဲ့ လူအများကိုကယ်တင်ပုံတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စူပါဟီးရိုးဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ပါဝါထုတ်အသုံးပြုပုံတွေ၊ ကွန်ပြူတာအထူးပြုလုပ်ချက်အများအပြားကို ဇာတ်ကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စူပါဟီးရိုးဇာတ်ကားတွေကို စွဲစွဲလန်းလန်း ကြိုက်နှစ်သက်သူတွေ အတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ ဒီဇာတ်ကားကို Marvel Entertainment၊ The Dooner’s Company၊ Genre Films တို့က ထုတ်ဝေတာဖြစ်ပြီး 20th Century Fox က ဖြန့်ချိတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂ဝ၁၈ ခုနှစ် မေလမှာ ရုံတင်ပြသမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://x-men.wikia.com/wiki/Deadpool_(Ryan_Reynolds)

Coin Marketplace

STEEM 0.05
TRX 0.29
JST 0.044
BTC 68043.89
ETH 1971.53
USDT 1.00
SBD 0.38