Women 's life in myanmar

in #esteem6 years ago

သမီးမိန်းက​လေး​တွေ ​မွေးထားတာ ဘာလုပ်​ဖို့လဲ?
မ​နေ့က ​မေ​မေက သမီး၂​ယောက်​နဲ့ပုံ Cover
Photo change လိုက်​တယ်​။ အဲ့ပုံ​အောက်​ cmtမှာ "သမီး​ချော​လေး​တွေ​မွေးထားတာ သမက်
ကောင်း​ကောင်း​ရွေး​နော်​" တဲ့ :3
အဲ့ဒီမန့်​ဟာ ကိုယ့်​မျက်​စိထဲ ကန့်​လန့်​ကြီး​ပြေးဝင်
လာတယ်​။ What the hell ပါပဲ။
ကိုယ်​တို့ရဲ့ society ကြီးက မိန်းက​လေး​တွေအတွက်​ အရာအားလုံးသည်​ လင်​ယူသား​မွေးနဲ့ တိုင်းတာ 
နေကြတာဟာ အ​တော်​ကို စိတ်​ပျက်​စရာကိစ္စပဲ...။
သမီး​လေး​မွေးထားတယ်​ စကားတတ်စ မပီကလာပီကလာ အရွယ်​ထဲကဘယ်​လိုစကြသလဲ? "မီးမီးကြီးလာရင်​ ​ယောက်ျားယူမှာလား
အပျိုကြီးလုပ်​မှာလား?" အဲ့ဒါ စ စရာလို့လည်း
မမြင်​မိပါဘူး။တစ်​​ယောက်​မဟုတ်​ နှစ်​​ယောက်​မဟုတ်​ ခဏခဏစ​နေကြတဲ့အခါ သိတတ်​စအရွယ်​ထဲက
က​လေး​ခေါင်းထဲကို လင်​ယူခြင်းမယူခြင်းဟာ
အ​ရေးကြီးတယ်​ဆိုတဲ့ အသိကို မသိမသာရိုက်​သွင်း
လိုက်​သလိုပဲ။

image

အရွယ်​​လေး​ရောက်​လာ​တော့လည်း ဆူကြ
ကြိမ်းကြတဲ့ စကားတဲ့ "နင်​​တော့ဒီ​အချိုးနဲ့ဆို
ယောက်ျားရရင်​ ​ယောက်ျားရိုက်​ခံရမှာပဲ၊ ​ယောက္ခမနှိပ်​စက်​ခံရမှာပဲ" ဟယ်​...အဲ့ဒါ အသုံးမကျရင်​ဆူတဲ့စကားတဲ့လား? ဒါဆို မိန်းမ​တွေ အချိုး​ပြေဖို့အသုံးကျဖို့ဟာ သူများဘဝ​တွေကို ​ပေးဆပ်​ဖို့သက်​သက်​ပဲလား၊ ကိုယ့်​အတွက်​ကိုယ်​မဟုတ်​ဘူးလား?
မိန်းက​လေး​တွေ အသက်​ ၂၅​ကျော်​ ၃၀ ဝန်းကျင်​မှာမှ​ယောက်ျားမရ​သေးရင်​ ရည်းစားမရှိ​နေရင်
အပျိုကြီး မစွံ​တော့ဘူး လင်​ရချင်​ရက်​နဲ့မရ​တော့ဘူးတို့် တွဲ​နေတာကြာပြီ မယူကြ​သေးဘူးလားတို့ ဆိုတာ
စ​နောက်​စရာစကားမှ မဟုတ်​တာ။
သမီးမိန်းက​လေး​မွေးထားရင်​ ဗိုင်း​ကောင်း
ကျောက်​ဖိထားပြီး အချိန်​တန်​ လင်​​ကောင်း​ပေးစား သမီးမိန်းက​လေးဆိုတာ ​ရောင်းကုန်​ပဲတို့ဆိုတဲ့ အ​တွေးအ​ခေါ်​တွေကို ဘိုး​တော်​ဘုရား ​လေးဖက်​ကုန်းတဲ့​ခေတ်​ထဲမှာ မထားခဲ့နိုင်​ကြဘူး​နော်​။ လင်​ဆိုးမယား
တဖားဖားဖြစ်​မှာစိုးတဲ့ ​စေတနာကို နားလည်​ပါတယ်​။ မ​ကောင်းတဲ့​ယောက်ျားမရ​စေချင်​ရင်​ မ​ကောင်းတဲ့ 
ယောက်ျား​တွေကို ​ရှောင်​တတ်​​အောင်​၊ လူ့အထာနပ်
အောင်​၊ ကိုယ်​ပိုင်​ရပ်​တည်​မှုရှိ​အောင်​၊ အ​လေးစားခံရ
အောင်​ သင်​​ပေးရမယ့်​အစား ​လင်​​ကောင်းသား​ကောင်း ရ​ရေးကို ဦးစား​ပေး​နေ​တော့ အခု​နောက်​​ပေါက်
ချာတိတ်​မ​တွေ ဘာဖြစ်​လဲသိလား? သူတို့စိတ်​ထဲ 
ကောင်းတဲ့​ယောက်ျားလို့ တစ်​ထစ်​ချယုံရင်​ တ​လောကလုံးနဲ့ပဲ စစ်​ခင်းရခင်းရ၊ ဘယ်​သူ့ဆီက​ကျော်​ရခွရ ethic မရှိ၊ သိက္ခာမရှိ၊ မာနမရှိ ပုဆိုးစဆွဲအတင်းလိုက်​​တော့တာ။
ဘာအလုပ်​မှ စိတ်​မဝင်​စားဘူး။ သင်​တန်း​တွေ မိဘထားလို့သာတက်​မယ်​၊ သင်​တန်းမှာ
ဘာသင်​လဲထက်​ ဘယ်​​ကောင်​​လေး​ချောလဲ
ဘယ်​သူကလာကြိုက်​လဲက ပိုအ​ရေးကြီးမယ်​။
အချိန်​တန်​ လင်​​ကောင်း​ကောင်းရမယ်​လို့
ယုံကြည်​ချက်​ရှိတယ်​ ​ကိုယ်​တိုင်​က ဘာ​သောက်​သုံးမှမကျဘူး။ ​မျှော်​လင့်​ချက်​ပန်းတိုင်​သည်​ လင်​​ကောင်းရဖို့ပဲ။ အရင်းစစ်​ အမြစ်​​မြေကတဲ့
ကြီးပြင်းလာရတဲ့ ပတ်​ဝန်းကျင်​ကြီးကိုက မိန်းက​လေး
တွေကို ထူးချွန်​ထက်​မြက်​​အောင်​ ပံ့ပိုးခြင်းမရှိပဲ
ယောက်ျားယူလိုက်​ရင်​ ပြီးပြီဆိုတဲ့
တလွဲဆံပင်​​ကောင်း ​သောက်​ logic ​တွေကို
ရိုက်​ထည့်​ထားတာပဲ။
သမက်​​ကောင်း​ကောင်း​ရွေး​ရ​အောင်​လည်း
မ​အေနဲ့​ပေါင်းမှာမှ မဟုတ်​တာ။ ကိုယ်​တိုင်​​ရွေးချယ်​နိုင်​တဲ့ အရည်​အချင်းရှိ​အောင်​မလုပ်​​ပေးကြပဲ
မိဘက သင့်​​တော်​ရာ​ရွေး​ပေးမှ အဆင်​​ပြေမယ်
ထင်​​နေကြရင်​ ကိုယ်​တိုင်​​တောင်​ ချစ်​လို့မှ ယူထားကြ
ပြီး ဘယ်​လို​တွေဖြစ်​ပျက်​ကြရသလဲ
စဉ်းစားကြည့်​ကြ​စေချင်​တယ်​။ အိမ်​​ထောင်​ပြုတာဟာ ကံစမ်းမဲနှိုက်​သလိုပဲ။ မမြင်​ရတဲ့အရာ​တွေအတွက်​ တလွဲအ​တွေး​ခေါ်​တွေနဲ့ရှင်​သန်​ကြ​စေမယ့်​အစား ​သေချာတဲ့ ရပ်​တည်​နိုင်​မှု.ခွန်​အား​တွေသာ ​ပေးတတ်​ကြရင်​ အ​တော်​​လေး ​နေ​ပျော်​စရာ​ကောင်းမယ်​ထင်​တယ်။

Sort:  

what happened to caption?

Congratulations @thuraaunghtet! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @thuraaunghtet! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70453.17
ETH 3808.25
USDT 1.00
SBD 3.51