Are U ready For SuccessĂ

in #esteem8 years ago (edited)

သင်အောင်မြင်ဖို့ အဆင်သင့်ဖြစ်နေပြီလား?

သင်အောင်မြင်ဖို့ အသင့်ဖြစ်နေပြီဆိုရင် သူတပါးထက်ခေါင်းတလုံးသာနေပါပြီ။ဥပမာ ကလေးငယ်လေးတွေကိုဘဲကြည့်ပါ။သူတို့ လေးတွေဟာ လမ်းမလျှောက်တတ်ခင်ကတည်းက လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။လူတယောက်ဟာ အောင်မြင်ဖို့ အဆင်သင့်မဖြစ်သေးသ၍သင်သူ့ ကိုအောင်မြင်ဖို့ ဘယ်လိုဘဲဖိအားပေးပေး မရပါဘူး။သင့်ကိုယ်သင်မေးသင့်တဲ့မေးခွန်းအချို့ ကိုတင်ပြပေးပါမယ်။

၁. မိမိရည်မှန်းထားတဲ့ဘဝပုံစံရမလာခင် သင့်ကိုယ်သင်ဘာတွေပြောင်းလဲသင့်လဲဆိုတာကိုမေးပါ

၂. သင့်ဘဝရည်မှန်းချက်ရဲ့အနှစ်သာရဘာလဲ?

၃. အောင်မြင်ဖို့ ဘယ်လိုအချက်တွေကိုလိုက်နာမလဲ?

"  ကြိုတင်ပြင်ဆင်ခြင်းဟာ မသေချာမှုကနေ သေချာမှုဆိုတဲ့အချက်ကိုသေချာစေပါတယ်"

ဘာ့ကြောင့်လူအများစုမအောင်မြင်ကြတာလဲ?

အင်တာနက်ပေါ်မှာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ဖြုံးတာများရင် သင့်အိမ်မက်တွေကိုထိခိုက်မှာအသေအချာပါဘဲ။ သင်ဟာ အင်တာနက်အခြေပြုစီးပွားရေးလုပ်ကိုင်တယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမယ့် အခြားသူတွေဆိုရင်တော့ ခဏတာဘဲအချိနိပေးပြီး သုံးသင့်ပါတယ်။
သင့်ကိုယ်သင် အလုပ်ကြိုးစားတယ်လို့ ထင်ပေမယ့် လက်တွေ့ မှာသင်မကြိုးစားဘူး။သင်အလုပ်ခွင်မှာ အရမ်းကြိုးစားတယ်။ဒါပေမယ့် အလုပ်ကပြန်ရောက်တဲ့အခါ အားလပ်ရက်တွေမှာ TV ဘဲကြည့်တယ်။ ကလပ်သွားတယ်။ ဒါဟာမကောင်းတဲ့အချက်ပါ။သင့်ကိုမလုပ်နဲ့ လို့ မပြောပါဘူး။ အားလပ်တဲ့အချိန် အများစုမှာ သင့်စီးပွားရေးနဲ့ ဆိုင်တဲ့ပရောဂျက် အကြောင်းတွေ သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအစီအစဉ်တွေကိုချမှတ်နေသင့်ပါတယ်။ ဗဟုသုတရစေမယ့် စာပေတွေကိုဖတ်ရှုရမယ်။

 #Waytosuccess
 #Toptenteam

@toptenmotivation

image

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 68434.74
ETH 2083.01
USDT 1.00
SBD 0.47