ညီမလေး အတွက်.. ကိုကိုပေါ့ ။ အယ်လဲ့

in #esteem8 years ago

image

တိမ်တွေပြာနေဖို့မလိုဘူး
မိုးတွေရွာနေဖို့မလိုဘူး
ညီမလေးပြုံးနေဖို့ပဲလိုတယ်။
ဒီလောက်ဆို ကိုကို့ရာသီဥတုသာယာတယ်။

ကိုကို့ကမ္ဘာကြီးက ၅ပေမပြည့်ဘူး
ပြသနာမရှိဘူး
ဒီတစ်ဘဝစာ ကောင်းကောင်းလုံတယ်
ညီမလေးကို ကိုကိုချစ်တယ်။

ကိုကိုလို့တစ်ခါပဲခေါ်ပါ
ဖူဂျီတောင်ကြီး ညီမလေးအိမ်ရှေ့ပို့ပေးမယ်
ချယ်ရီပန်းတွေညီမလေးမျက်နှာကျက်ကပ်ပေးမယ်
Selfileဆွဲပါ ကိုကို့ကိုအာဘွားပေးပါ။

ရိုးရိုးလေးကုန်ဆုံးသွားတဲ့အချိန်တွေတိုင်း
တိုးတိုးပြီး ကိုကို့ကိုချစ်ပါ
သံသရာပါမယ့်ထီးကလေးဟာကိုကိုပေါ့
နေပူရင်ဆောင်းဖို့
ညီမလေးနူတ်ခမ်းလေးကိုရန်ရှာတဲ့အခါ ကွယ်ဖို့။

ကယ်လီဖိုးနီးယားက lavender ကွင်းကြီးကအစ
အိမ်ရှေ့ကစံပါယ်ရုံလေးအဆုံး
ညီမလေးပြုံးဖို့ ကိုကိုဖန်တီးပေးမယ်
ကိုကို့ကမ္ဘာကြီးမှာ ဒီလိုဖန်ဆင်းနိုင်တာတွေရှိတယ်။

သတ္တိတွေသိပ်ရှိတဲ့အခါ
ကိုကို့ကိုမချစ်တော့ဘူးပြောပါ
ထိန်ပင် ရေဝေး တစ်ခုခုရွေးခွင့်ရှိမယ်
ငါးမိနစ်အတွင်း အလောင်းပြကျစေရမယ်
ကိုကိုက ဒီလိုချစ်တယ်။

Sort:  

You got a 15.87% upvote from @sureshot courtesy of @min2thant!

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.058
BTC 71010.49
ETH 2192.89
USDT 1.00
SBD 0.53