Myanmar twelve auspicious ceremonies
Myanmar love auspicious occasion. Myanmar have 12 auspicious occasions throughout their life. Mingala or auspicious occasion means joyous, delighted, prosperous, successful time. It is a grace, in other words. When Myanmar meet one another they greet among them Mingalaba. The following are the twelve auspicious ceremonies to be held by Myanmar
မင်္ဂလာအခမ်းအနားများ
မြန်မာတို့သည် မင်္ဂလာအချိန်အခါကို အလွန်နှစ်သက်ကြသည်။ မြန်မာတို့၏ ဘဝတစ်သက်တာတွင် ပြုလုပ်နိုင်သော မင်္ဂလာ ၁၂ ခန်းရှိသည်။ မင်္ဂလာဆိုသည်မှာ ပျော်ရွှင်စရာကောင်းသော၊ စိတ်ကြည်နူးစရာကောင်းသော၊ စိတ်ဆင်းရဲစရာများ ကင်းဝေးသောအချိန်၊ အောင်မြင်မှုများ ရရှိသောအချိန်ကို မင်္ဂလာရှိသော အချိန်ဟု ဆိုကြ၏။ မင်္ဂလာဆိုသည်မှာ ကျက်သရေရှိခြင်းဖြစ်၏။ မြန်မာတို့အချင်းချင်း တွေ့ဆုံကြသော အခါများတွင် ``မင်္ဂလာပါ ´´ဟုပင် နှုတ်ဆက်ကြသည်။ မြန်မာတို့ကျင်းပသော မင်္ဂလာ (၁၂) ခန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- The conception ceremony.
- The birth ceremony.
- The shampooing ceremony.
- The head shaving ceremony.
- The cradle putting ceremony.
- The name giving ceremony.
- The garment giving ceremony.
- The rice spooning ceremony.
- The hair knotting ceremony.
- The ear-boring ceremony.
- The novitiation ceremony.
- The wedding ceremony.
၁။ ပဋိသန္ဓေတည့်သည့် မင်္ဂလာ ၊
၂။ ကလေးမွေးဖွားသည့် မင်္ဂလာ ၊
၃။ ကင်ပွန်းတပ် မင်္ဂလာ ၊
၎။ ဦးခေါင်းရိတ် မင်္ဂလာ ၊
၅။ ပုခက်တင် မင်္ဂလာ ၊
၆။ အမည်ပေး မင်္ဂလာ ၊
၇။ အဝတ်အစားဆင် မင်္ဂလာ ၊
၈။ ထမင်းခွံ့ မင်္ဂလာ ၊
၉။ ဆံပင်ထုံးသည့် မင်္ဂလာ ၊
၁၀။ နားထွင်း မင်္ဂလာ ၊
၁၁။ ရှင်ပြု မင်္ဂလာ ၊
၁၂။ လက်ထပ် မင်္ဂလာ ၊
Of the above said twelve ceremonies, the shampooing, the name giving, the ear-boring, the novitiation and the wedding ceremonies are held as the most important occasions.
ထိုမင်္ဂလာ (၁၂) ပါးတွင် ကင်းပွန်းတပ် ခေါင်းဆေးမင်္ဂလာ၊ အမည်ပေး မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ ရှင်ပြုမင်္ဂလာနှင့် လက်ထပ်မင်္ဂလာတို့ကို အလေးအနက်ထားပြုလုပ်ကြသည်။