လူကိုဖျက်​​တော့ အပိုင်း (၁၀)

in #esteem8 years ago

လူကိုဖျက်​​တော့ အပိုင်း (၁၀)

နောက်ဆုံးတွင် မိနွယ်၏ သံယောဇဉ် စကားကြောင့် မောင်ငြိမ်းတစ်ယောက် မိနွယ်ကို အောက်ပြည် အောက်ရွာ ရန်ကုန်သို့  ခြေရာဖျောက် ခိုးယူခဲ့တော့သည်။

ဦးဘမော်၏ အရိပ်အကဲ ခြေလှမ်း ခြေစတို့ ကို သိသဖြင့် မောင်ငြိမ်းနှင့် မိနွယ်တို့ သည် ရွာနှင့် အဆက်အသွယ် မမှီသည့် ရန်ကုန် ဆင်ခြေဖုံးမြို့ နယ် ရပ်ကွက် ကလေး တစ်ရပ်ကွက်တွင် ဇာတ်မြှုပ်၍ နေခဲ့၏။

မိနွယ်က သူ့ တွင် ပါလာသော လက်ဝက်လက်စား အချို့ ကို စားဝတ် နေရေးအတွက် အပြတ်ထုခွဲရန် ပြောသည်။
မောင်ငြိမ်းက လက်မခံခဲ့ချေ။

နဂိုကတည်းက လယ်ယာအလုပ်ကြမ်းသမားပီပီ ဆိပ်ကမ်း ကုန်ထမ်း အလုပ်သမား အဖြစ် ခံယူ၍ လင်မယား နှစ်ယောက်၏ ဘဝကို တည်ဆောက်ခဲ့သည်။

ဆရာတင့်​လူ၏ ပညာ​ပေးဇာတ်​လမ်းတိုများ စုစည်းခြင်း
image

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 70087.84
ETH 2122.69
USDT 1.00
SBD 0.50