လူကိုဖျက်တော့ အပိုင်း (၁၈)
လူကိုဖျက်တော့ အပိုင်း (၁၈)
သည်လိုနှင့်ရက်မှလ၊ လမှနှစ်သို့ပင်
အခါခါ ပြောင်းခဲ့သည်။
ပတ်ဝန်းကျင်မှ သားအဖနှစ်ယောက်ဒုက္ခကို နားလည်ခံစားလာသဖြင့် နောက်ထပ်အိမ်ထောင်ပြုရန် တိုက်တွန်းကြသည်။
သို့သော် မောင်ငြိမ်းက လက်မခံ။
သမီးလေး မိဖြူကိုလည်း မိဒွေးလက်သို့ မအပ်လိုပေ။
အထူးသဖြင့် မိဘကိုပစ်၍မိဘစွန့်ပယ်ခြင်းကို ခံယူ၍ မိမိကိုချစ်ခဲ့ မိမိနောက်သို့လိုက်ခဲ့ အနစ်နာခံခဲ့သော မိနွယ်၏ နေရာကို မည်သူ့ကိုမျှ မပေးလို။
အစားလည်း မထိုးလိုပေ။
အချိန်ရှိသ၍ မိနွယ်ကိုသာ လွမ်းဆွတ်နေမိသည်။
မိနွယ်ကို လွမ်းဆွတ်တမ်းတမိလေ မိနွယ်နှင့်တူသော အမေတူသမီးလေး မိဖြူကိုလည်း တွယ်တာလေဖြစ်သည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း
God bless you. @biblegateway