တွေ့မျှကူးချ..၂၂

in #esteem6 years ago

အခန်း.၃.၃.
တခုတော့ရှိပါတယ် ရန်ရာ..လင်းလင်းက မိန်း ကလေးပဲ..မင်းလိုချင်တဲ့ ပုံစံထိတော့ ဖြစ်ချင်မှ ဖြစ်လာ မှာပေါ့..နောက်တခုက အရွယ်လည်း ရှိပါသေးတယ်လေ အသက်အရွယ်လေး ရလာလို့  ရင့်ကျက်လာတဲ့အခါကျ တော့ အသိညာဏ်လည်း ပြောင်းလာမှာပါ´´ ဖိုးကိုစကားကို ရန်က ခေါင်းညိတ်သည်...ဟုတ်ပါတယ်..ငါကလည်း သဘောပြောတာပါ
အမှန်က တွေးပုံ..ခေါ်ပုံ နဲ့ယူဆပုံလေးတွေလောက်ပဲပြင်
စေချင်တာပါ..တကယ်တော့ လင်းလင်းမှာအကျင့်စာရိတ္တ
ပိုင်းတွေ ဘာတွေ ဘာမှ ချို့ယွင်းတာမှ မဟုတ်တာပဲ´´
ရန့် စကားအဆုံးမှာ ဖိုးကိုက ရယ်သည်..ရယ်ရင်းနှင့်...
ဒီလိုလည်း ရှိသေးတယ်ရန်..လင်းလင်း ကို သွားအပစ်မတင်နဲ့ဦး..ခုဟာက ဘယ်လိုဖြစ်နေသလဲဆို တော့ လင်းလင်းက ကလေးဆန်တာမဟုတ်ပဲ မင်းက လူ ကြီးသိပ်ဆန်နေတာလည်း ဖြစ်နိုင်တယ်..စဉ်းစားကြည့် လေ ဒီအရွယ်မှာ မင်းလို ဘယ်သူက တခမ်းတနားတွေး နေကြမှာလဲ..လူငယ်ဘဝ လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါး နဲ့ ထင်ရာလုပ်တတ်ကြမှာပဲလေ´´ ရန်က ခေါင်းခါရင်း...မဟုတ်သေးဘူး ဖိုးကို...တစ်ချို့ အလေ့အထ
လေးတွေက ငယ်တုန်းကတည်းက ပြင်သွားရတာ..ကြီး
လာမှ ပြင်ဖို့ ဆိုတာက သိပ်မလွယ်တတ်ဖူး..လင်းလင်းကို
လည်း ငါက အများကြီး ပြုပြင်စေချင်တာ မဟုတ်ပါဘူး..
ဘဝ မှာ ရည်ရွယ်ချက်ကလေးတခုနဲ့  ကိုယ့်ရည်ရွယ်
ချက် အတိုင်း မတိမ်းမစောင်းအောင် သတိလေး တခုပဲ
ထားစေချင်တာ..ကျန်တာတွေက ဘာမှ ပြသနာမရှိပါဘူး
လေ´´
အေးပါ...အဲ့ဒါတော့ အဲ့ဒါပေါ့ကွာ..ဒါပေမယ့် ငါ့သဘောကတော့ ရည်းစားထားမယ့် ကိစ္စ ရည်းစားထား ဖို့ လောက်ပဲ သဘောထားတာ ကောင်းလိမ့်မယ်ထင် တယ်..နို့ မို့  မင်းတို့  ရည်းစားထားမယ့်ကိစ္စက ဘယ်ပျော် စရာကောင်းပါတော့မလဲ..ဘုရားဂေါပက လူကြီးရွေးတာ ဆိုရင်တော့ တမျိုးပေါ့´´ ရန် သက်ပြင်းချသည်...ငါလည်း ပျော်ချင်တာပါပဲ ဖိုးကိုရာ..ခုတိုင်းက
တော့ ပျော်စရာ တစက်မှ မကောင်းမှန်း ငါလည်းသိပါ
တယ်´´
အဲ့ဒါ ငါပြောတာကွ..ရှိပါစေကွာ..သူနေ တတ်သလိုပဲ နေပါစေပေါ့..မင်းကလည်း တော်ရုံတန်ရုံ အလိုက်အထိုက်သာ နေလိုက်..တယောက်နဲ့တယောက် သံယောဇဉ်ကြီးလာပီး သိပ်ချစ်ကြတဲ့အခါကျတော့ လည်း သူလိုချင်တဲ့ပုံစံ ကိုယ်လိုချင်တဲ့ပုံစံလေး အပေး အယူလုပ်ပီး ပြင်သွားရင် ရမှာပါ´´ ဖိုးကို စကားအဆုံးတွင် ရန်က တစ်စုံတစ်ခုကို တွေးမိပီး ပြုံးလိုက်သည်...ရယ်တော့ ရယ်စရာပဲ ဖိုးကို..ပြောသာပြော
တာ သူ့ ကွယ်ရာကျ ငါက ဘာဖြစ်သလေး ညာဖြစ်သ
လေးနဲ့ ဂျိကျများနေတာ..သူ့ ရှေ့ကျ ဘာမှ လုပ်နိုင်ပြော
နိုင်တာလည်း မဟုတ်ပါဘူး..နောက်ဆုံးတော့ မင်းပြော
သလိုပဲ ဖြစ်မှာပါပဲလေ..ငါလည်း သိပ်စဉ်းစား မနေတော့
ပါဘူး..အချိန်တန်ကျတော့လည်း ဘာဖြစ်ဖြစ် ငါက ခွင့်
လွှတ်နေရမယ့်ဟာပဲ..ခုလောလောဆယ် သူနေချင်သလို
သာ နေပါစေတော့ကွာ..ဘာမှ လျှောက်ပြောမနေတော့
ပါဘူး´´
ဖိုးကိုက ရယ်သည်...
ဟ...မင်းဟာကလည်း စိတ်လျော့တာ မြန် လှချည်လား´´ ရန်လည်း ရယ်သည်...မမြန်လို့  ငါက ဘာတတ်နိုင်မှာမို့ လို့ လဲ
ဖိုးကိုရာ...အစကတည်းက သူဆိုးခဲ့သမျှ ငါက ဒိုင်ခံ ခွင့်
လွှတ်ပေးခဲ့ရတာပဲလေ..ခုမှတော့ ဒီတိုင်းပဲ ဆက်သွား
ရတော့မှာပေါ့´´
လပြည့်ရက် နီးလာပြီမို့  တိမ်ကင်းကင်း စင်စင်နှင့် ဝိုင်း
စက်ထိန်လင်းနေသော တန်ဆောင်မုန်းလမင်းကြီးကို
မော့ကြည့်နေမိသည်...
ဆောင်းဝင်လာပီမို့ လည်း ညက အေးစိမ့်စိမ့်လေး ဖြစ်
လာသည် ။
•~~~~~~~~•
ဘာပဲပြောပြော နောက်ဆုံးတော့ လင်းလင်း သူ့ စကား
အတိုင်း တည်ခဲ့ပါသည်..
အောင်စာရင်း ထွက်သောအခါ အများနည်းတူ အောင်
လာ၏...
အောင်စာရင်းကြည့်ပီးအပြန် လမ်းလျှောက်လာကြရင်း
လင်းလင်းက စိတ်လိုလက်ရ စကားတစ်ခွန်း ပြောသည်...
ဒီနှစ်တော့ မနှစ်ကလို သိပ်လွတ်လို့  မဖြစ် တော့ဘူး ရန်..ဆယ်တန်းလေးတော့ တနှစ်ထည်းအောင် အောင် ဖြေရဦးမယ်´´ ရန့် စိတ်ထဲ ဝမ်းသာသွားသည်...အမလေး...ငါက နင် အဲ့လိုမှ ဖြစ်ပါ့မလား
လို့  စိတ်ပူနေတာ..ဒီလိုကျတော့လည်း နင်က လိမ္မာသား
ပဲ´´
လင်းလင်းက မဲ့သည်...
လုပ်မနေနဲ့ ရန်...အလကားလာ ငါ့ လာပင့် မနေနဲ့..ငါက ငါ့စိတ်ကူးနဲ့ငါ ဆယ်တန်းကို အပြတ်ဖြေ မယ်လို့  ဆုံးဖြတ်တာ ဘာမှတ်လဲ´´ရော်...ဘာစိတ်ကူးလဲဟ´´
ဘာက မလဲ..ဆယ်တန်းကို အမြန်အောင် အောင်ဖြေမယ်..တက္ကသိုလ်ကို မြန်မြန်တက်မယ်..ဟိုကို ရောက်ရင် အပြတ်ကဲပြစ်မယ်..အထက ကျောင်းမှာဆို ဟိုဆရာကြောက်ရ ဒီဆရာမ ကြောက်ရနဲ့..တက္ကသိုလ် မှာ ဒါမျိုး လုံးဝမရှိဘူးတဲ့..ဘယ်လောက် အဆင်ပြေလဲ´´ ရန် မျက်လုံးပြူးသွားသည်...မြတ်စွာဘုရား´´ဟုလည်း စိတ်ထဲက အလန့် တကြား တ
လိုက်မိသည် ။

Sort:  

Hi, I just followed you :-) Follow back and we can help each other succeed! @hatu

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66331.68
ETH 2720.25
USDT 1.00
SBD 2.87