တွေ့သမျှကူးချ.၃၀.

in #esteem6 years ago

အခန်း.၃.၁၁.
ရန် အတော် စိတ်ပျက်လက်ပျက်နှင့် ခေါင်းကုတ်ပြီး...
တော်တော့ လင်းလင်း..ရှေ့ဆက်ပြောရင် နင့် ကြီးမေ အပျိုကြီးကော..ဗိုလ်တထောင်က နင့် အဘွား လေးပ ပါလာတော့မယ် တော်ပါတော့ဟ´´ သည်လိုကျတော့လည်း လင်းလင်းက ရယ်သည်..ရယ် ရင်းနှင့်...ဒါဖြင့် အဲ့ဒါတွေ တယောက်မှ မဟုတ်ဖူးပေါ့´´
မဟုတ်ဖူး လင်းလင်း..လုံးဝ မဟုတ်ဖူး´´ဒီလိုဆို ငါ လုံးဝ မသိတဲ့ သူထဲကလား´´
အဲ့ဒါလည်း မဟုတ်ဖူး..ငါ့မှာ နင်မသိတဲ့ မိန်းက လေးသူငယ်ချင်း တယောက်မှမရှိပဲ လင်းလင်းရာ...´´ငါသိတဲ့ အထဲကပဲပေါ့...´´
ဟုတ်တယ် နင်သိတဲ့ အထဲကပဲ..သိလွန်းလို့  ခက်တောင်နေပါဦးမယ်´´နင်နဲ့ ရင်းနှီးလား´´
ရင်းနှီးတာပေါ့´´လှလား´´
လှတာပေါ့´´နင်ကကော သူ့ ကို လှတယ်လို့  ပြောဖူးလား´´
ပြောဖူးတယ်´´ဟား...ဟား...ဟား...´´ဟု လင်းလင်းက ကျေနပ်သွားပုံ
ဖြင့် အားရပါးရရယ်၏...ပီးမှ နုတ်ခမ်းစေ့၍ ပြုံးတုံ့ တုံ့ အမူ
အယာဖြင့်...
အဲ့ဒါဆို နင် မပြောနဲ့တော့ ရန်...ငါ သိသွားပီ... ဟင်း..ကောင်စုတ် သိပ်အမြင်ကတ်ဖို့ ကောင်းတာပဲ´´ သိချင်တာနှင့် သိသွားသည့်ကြားမှာ အမှန်တကယ်ပဲ လင်းလင်း ရိပ်မိသွားတာလား..ဒါမှမဟုတ် ချော်တောငေါ့ နေပြန်ပလား ရန် ဝေခွဲမရ ..မဝံ့မရဲနှင့်ပြန်အကဲစမ်းရ သည်...နင် ဘာသိတာလည်း လင်းလင်း ဘယ်လိုလုပ်
နင်က သိရတာလဲ´´
လင်းလင်း ရယ်သည်...
အမယ်လေး...ရန်ရာ ငါ အဲ့လောက် မအ သေး ပါဘူး..နားလည်လား..အစကတည်းက အဲ့ဒီလိုပဲဖြစ်လိမ့် မယ်လို့  ငါတွက်ပီးသားပါ..မသေချာသေးလို့ ဒီပြင်လူတွေ ကို တမင်လျှောက်မေးနေတာ..နင်နဲ့ငါ ငယ်ငယ်လေးက တည်းက ပေါင်းလာတာပါ ရန်ရယ်..နင် ဘယ်သူ့ ကို သံ ယောဇဉ် အရှိဆုံး ဆိုတာ ငါသိပါတယ်... အဲ့ဒီ ကောင်မ လေးက ခပ်ဆိုးဆိုးလေး မဟုတ်ဖူးလား..နင် သူ့ ကို လှ တယ်လို့  ပြောတုန်းက ညဘက်ကြီးမှာလေ..ဟုတ်တယ် မဟုတ်လား..ဘယ်သူလည်း ဆိုတာကော ငါ ပြောပြရဦး မှာလား´´ ရန် မျက်နှာထားရ ခက်သွားသည်..ဒီတိုင်းဆို လင်းလင်း သိသွားတာ မှန်သလောက် ရှိနေ၏..မထူးတော့မည့်အတူ တူ...ဟုတ်တယ် လင်းလင်း ငါ ဖွင့်မပြောချင်သေး
ဘူး ဖွင့်လည်းမပြောရဲသေးလို့  မပြောသေးတာ..ငါပြော
တဲ့ အဲ့ဒီ ကောင်မလေးက နင်ပဲ´´ဟု ပြောချလိုက်ရင်
ကောင်းမလားဟု စဉ်းစားမိသည်..ဒီတိုင်းဆို လင်းလင်း
ဘက်ကလည်း သိပ်ဆိုးဆိုးရွားရွား အခြေအနေ တုံ့ ပြန်စ
ရာ မရှိလောက်..သို့ သော် ခက်သည်က ရည်မှန်းချက် တ
ခုကို သူ့ အချိန်နှင့် သူကျမှ အကောင်အထည်ဖော်ချင်
သည့် စိတ်..ချီတုံချတုံနှင့် ရင်ထဲမှာ စိတ်နှစ်ခု လွန်ဆွဲနေ
ကြသည်..မေးခွန်းတခုက ခေါင်းထဲတွင် ဘောင်ဘင်ခတ်
နေသည်...
``ဘယ်လိုလုပ်ရရင် ကောင်းမလဲ...´´
ဆောင်းဘက်သို့ ကူးလာသည့် ည...အေးစိမ့်စိမ့်ရာသီမှာ
ပင် ရန် ချွေးစို့ လာ၏ ။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65762.46
ETH 2656.88
USDT 1.00
SBD 2.81