တဒင်္ဂဘဝကို လွန်မြောက်ပြီး နေထိုင်ပါ
တဒင်္ဂဘဝကို လွန်မြောက်ပြီး နေထိုင်ပါ
တကယ်တော့ အသက်က အရမ်းကြီးနေပြီ.. နှစ်ပေါင်း လေးငါးထောင်လောက် ရှည်နေပြီ ... ခုလက်ရှိအသက်နံပါတ်က လူတွေကို လှည့်စားထားတာ။ ကျမ အဲလို စိတ်ကူးယဉ်တယ်။
ကိုယ့်ကိုယ်ကိုယ် နှစ်ပေါင်းလေးငါးထောင်မက အသက်ရှည်နေတဲ့ သူတစ်ယောက်အနေနဲ့ လောကကြီးကို မြင်ရ ကြည့်ရရင် ဘယ်လိုနေမလဲ ...
လူ့သမိုင်းတစ်လျှောက် ပြောင်းလဲသွားတဲ့ ရေမြေတောတောင်သဘာဝတွေ ... ရာသီဥတုတွေ .. တိမ်ကောသွားတဲ့civilization ကြီးတွေ .. ပျောက်ကွယ်သွားတဲ့ culture တွေ .. တဖြည်းဖြည်း အစွန်းရောက်လာတဲ့ ကိုးကွယ်ယုံကြည်မှုတွေ.. လူတွေအရူးထဖို့ဖြစ်လာတဲ့ ပိုက်ဆံကို တီထွင်လာတာတွေ.. သိက္ခာမဲ့စရာဖြစ်လာတဲ့ ပြောင်ပြောင်လက်လက်ကျောက်တုံးတွေ ... ဒီကျောက်တုံးတွေ တူးဆွဖို့ လူ့အသက်ကို စတေးတာတွေ .. ဈေးကွက်ဝင်လာတဲ့ ဝင်းဝင်းဝါဝါ သတ္တုတွေ ..
ဒီကမ္ဘာမှာ ငါသာလျှင် အကြီးကျယ်ဆုံး ငါသာလျှင် အမြတ်ဆုံး .. ငါသာလျှင် တန်ခိုးအထွားဆုံး လို့ .. ဆိုခဲ့ကြသူတွေရဲ့ မြေကြီးအောက်က အပျက်အဆီးပုံကြီးတွေ ... ဟိုဟာငါ့ဟာ ဟိုမြေငါ့မြေ လို့ အော်ခဲ့တဲ့သူတွေရဲ့ အရိုးတွေ ကမ္ဘာမြေအနှံ့ပျံ့ကျဲနေတာတွေ ... ချစ်ခဲ့ဖူးတဲ့အချစ်တွေ .. မုန်းခဲ့ဖူးတဲ့ အမုန်းတွေ .. ပစ်ပယ်ခံသံယောဇဉ်တွေ ... မေ့လျော့ခံ တွယ်တာမှုတွေ ..
အားလုံးကို
မြင်နေမှာပဲ ...
သိနေမှာပဲ...
.
လူတွေ ဖျပ်ဖျပ်လူးကြတာ ဘာလို့လဲ ..
ဒီ အချိန်တို တဒင်္ဂဘဝလေးပဲ ကွက်မြင်လို့...
.
သမိုင်းတစ်လုံးကို နေခဲ့ပြီးလို့ မြင်ခဲ့ပြီးတဲ့အပြင် မရောက်လာသေးတဲ့ သမိုင်းကိုပါ ကြိုမြင်ပြီး ကြိုနေထိုင်ပြီးသွားတဲ့ သူတစ်ယောက် ....
သူဘယ်လိုလူဖြစ်နေမလဲ..
.....
သူ့ရင်ထဲ ဘာတွေတွေးနေမလဲ
.
သိဖို့လိုပါတယ်...
တွေးကြည့်တတ်ဖို့ လိုပါတယ် ..
..
စိတ်ထဲမှာ တစ်ခုခုကို ဖျပ်ဖျပ်လူး ဖြစ်တယ် ဆိုရင် သတိထားပြီး အမြဲလိုလို ပြန်တွေးပါ ..
တွေးမိတိုင်းလည်း ဒီအတွေးကို စိတ်ဝင်စားပါ ..
ငါဟာ တဒင်္ဂဘဝကို ဘယ်လို သဘောထားနဲ့ နေနေတာလဲ ...
အကယ်၍ ငါ့အသက်က လေးငါးထောင်လောက်ရှိပြီ ဆိုရင် ခုလက်ရှိ ဒီကိစ္စကို ဘယ်လို မြင်မလဲ .. ဘယ်လို ခံစားမလဲ...
ဒီတစ်သက် သေသည်ထိ ဒီအတွေးကို အမြဲ စိတ်ဝင်စားနေပါ ။ တွေးပါ။ ခံစားကြည့်ပါ။
လောကကိုလွန်မြောက်နေတဲ့အတွေး ..
တဒင်္ဂဘဝကို လွန်မြောက်နေတဲ့ အတွေးပါ....။
photo : facebook