My engineer Hobby (ကျွန်တော့်ရဲ့ အင်ဂျင်နီယာ ဝါသနာ)

in #esteemapp8 years ago (edited)

image

ကျွန်တော် ငယ်စဉ်က မိသားစုရဲ့ငွေကြေးမပြည့်စုံ မှုကြောင့်
ပညာရေး ချို့တည့်ခဲ့ပါတယ်။ ခုအချိန်မှာတော့ ဘယ်အရာကိုမှ အပြစ်မတင်
တော့ပါ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ရဲ့ ပညာပါရမီကိုက ဒီလောက်ပဲ
ပါလာလို့ လို့ ဖြေပါတယ်။ ခုအချိန်မှာတော့ ကြိုးကြိုးစားစားနဲ့ပဲ စူးစမ်းလေ့လာခဲ့လို့ ဘဝတက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ရခဲ့တဲ့ပေါ့
( ကိုယ့်ကိုယ်ကိုယ် မြှင့်ပြောတာပါလေ) ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ အရာရာမှာ အရှုံးမပေးချင်တဲ့စိတ်ဆန္ဒ
နဲ့ ဝေလေလေထဲမှာ မပါချင်တဲ့သူမို့ သူများတွေထက်ပိုပြီးကြိုးစားတယ်။

         မှတ်မှတ်ရရလေးတခုကိုလဲ ဖောက်သည်ချပါရစေဗျာ။ 

ငယ်ငယ်က ရွာမှာ မူလတန်း တတ်တုန်းက ကျောင်းဆရာကြီးကမေးတယ် တတန်းလုံး
ယောက်ျားလေးရောမိန်းကလေးရောပေါ့ ကျန်တဲ့သူတွေအကုန်လုံးတော့မပြောပြတော့ပါဘူး စာကြောရှည်သွားမှာစိုးလို့ ။ ကျွန်တော့်အရင် ဇော်ရဲ ကိုမေးတယ်

...လာပါဦးငါ့တပည့်ကြီးရ မင်းကြီးလာရင် ဘာလုပ်စားမှာတုန်းကွ...
ဆိုတော့ မောင်ဇော်ရဲက ဖြေရှာပါတယ်
....ကြီးလာရင် နွားထွန် စားမှာဆရာကြီး....။ တဲ့လေ
ဆရာကြီးလဲ သဘောကျပီး ဟတ်ဟတ်ပတ်ပတ်ရယ်လိုက်ပါလေရော။

        ......   နောက်တယောက် ကဲမောင်ထွန်းကိုနိုင် ပြေားစမ်းပါဦး

မင်းရောကြီးလာရင် ဘာလုပ်စားမှာတုန်းကွ....
လို့လဲ ဆရာကြီးကမေးလိုက်ရော ပွင့်ပွင့်လင်းလင်းပဲဖြေရှာပါတယ်။
....ချဲးရောင်စားမယ် ဆရာကြီးတဲ့.....
ဆရာကြီးလဲ ဟန်ဆောင်မှုကင်းတဲ့ ရယ်သံကြီးနဲ့ အားပါးတရရယ်လိုက်ပါလေရောဗျာ။

image

(Photo credit: my facebook)

        ....  အဟဲး .....ဘယ်ရမလဲ ကိုယ့်အလှည့်ရောက်ရင်ပြောဖို့ ကိုယ်တွေက ကိုယ်ဝါသနာပါရာကို စဉ်းစားပီးသားလေ ငိ....ငိ....။

ကိုယ်ဝါသနာပါရာကို လူရှေ့သူရှေ့ (အတန်းထဲက ရွယ်တူ စော်တွေရှေ့ပေါ့နော်) မှာပြောရမှာဆိုတော့ ရင်တွေကလည်း တဒုန်းဒုန်းခုန်လို့ပေါ့။
ဆရာကြီးက ကျွန်တော့်ကိုလှပ်းကြည့်ပြီး
......လာပါဦး မောင်မင်သိုက်ထွန်း နာမည်ကလဲ အပြန်စားပဲကွ....
လို့ခေါ်လိုက်ရော ကျွန်တော်လဲ ရှေ့ကိုထွက်သွားပြီး။
....အင်ဂျင်နီယာ....
လို့အသံတုန်တုန် ခြေတုန်လက်တုန်နဲ့ ဖွင့်ချလိုက်တော့ ဆရာကြီးက
....ဟား...ဟား...ဘာမှတောင်မမေးရသေးဘူး မင်းကအရင်ဖြေလိုက်ပီ...
ဆိုပြီး တကျောင်ရှိသမျှလူတွေ ဟား....ခနဲးပွဲကျသွားပါလေရောဗျာ........။

နောက်ရက်တွေမှ လက်ရှိလုပ်နေတဲ့ mold တွေအကြောင်နဲ့ ပလက်စတစ် ပစ္စည်ထုပ်တဲ့စက်တွေ ချိန်ပုံချိန်နည်းတွေကို အလျှင်းသင့်သလိုဖော်ပြပေးပါ မယ် စာတွေ တအားရှည်သွာရင် စာဖတ်သူတွေ ငြီးငွေ့သွားမှာစိုးလို့ ဒီမျှနဲ့ ရပ်နားပါရစေခင်ဗျာ......။

image

မင်းသိုက်ထွန်း
@minthiketun

rsm-- 5

Sort:  

Vote & follow done par.
Good Luck to you, bro.

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 66595.10
ETH 2049.55
USDT 1.00
SBD 0.48