အသင်းရဲ့ ခြေစွမ်းအပေါ်မှာ စိတ်မကောင်း

in #esteemapp8 years ago

ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက ဘရာဇီးလ်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာအသင်းရဲ့ ခြေစွမ်းပိုင်းကျဆင်းခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။
image
ဒီပွဲစဉ်မှာ ၂ ဖက်အသင်းနည်းပြတွေက ကစားသမားသစ်တွေ နဲ့ နည်းစနစ်အသစ်တွေကို ပြောင်းလဲအသုံးပြုခဲ့ပြီး ဘရာဇီးလ်အသင်းက ဂါဘရီရယ် ဂျီဆပ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲစဉ်မှာ ၇ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ရလဒ်ဆိုးကို ဘရာဇီးလ်အသင်း ပြန်လည်တုံ့ပြန်နိုင်ခဲ့တာဖြစ်သလို ၂၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရယူထားနိုင်ခဲ့တဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းရဲ့ မှတ်တမ်းကောင်းကိုလည်း ဘရာဇီးလ်အသင်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။ ပွဲအပြီးပြောကြားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ “ပြသခဲ့တဲ့ ခြေစွမ်းပိုင်းက မကောင်းပါဘူး ၊ အသင်းသားတိုင်းမှာ ပြဿနာရှိနေခဲ့ပါတယ်။ ဘရာဇီးလ်အသင်းကို ထိရောက်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပဲ သူတို့အသင်းကို ပိုပြီးကောင်းမွန်အောင်ပြုလုပ်ပေးသလို ဖြစ်ခဲ့ပါတယ်။” “ခြေစမ်းပွဲစဉ်တွေဆိုတာ ကြိုးစားဖို့အကောင်းဆုံး ပွဲစဉ်တွေပါ ရလဒ်ပိုင်းက ဆုံးဖြတ်ချက်မပါဘူးဆိုပေမယ့် ဒီနေ့ပွဲစဉ်မှာ အဓိက ရင်ဆိုင်ခဲ့ရတာက အသင်းသားတွေရဲ့မှားယွင်းတဲ့ ပေးပို့မှုတွေကြောင့်ပါ” နောက်ထပ်ပြဿနာတစ်ခုကတော့ အသင်းရဲ့နောက်တန်းကစားသမား ဂျရိုမီဘိုတန် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ၆၈ မိနစ်မှာ နစ်ကလပ်စ် ဆူလီနဲ့လူစားလဲခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ “သူရဲ့ ဖနော့င်မှာ ဒဏ်ရာရရှိခဲ့တာပါ ဒဏ်ရာအခြေအနေကို သိရအောင် လူစားလဲလှယ်ခဲ့တာဖြစ်ပြီး ပြင်းထန်းမှုတော့ မရှိပါဘူး”လို့ ဂျိုအာချင်လိုက ပြောကြားခဲ့ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.057
BTC 70233.49
ETH 2145.17
USDT 1.00
SBD 0.51