ပရိသတ်တွေအကြိုက်တွေ့နိုင်မယ့် Sai Sai is Sai Sai

in #esteemapp8 years ago

ပရိသတ်တွေအကြိုက်တွေ့နိုင်မယ့် Sai Sai is Sai Sai
အောင်မြင်မှုပန်းတိုင်တစ်ခုကို ကြာရှည်စွာထိန်းထားနိုင်ခဲ့တဲ့ အဆိုတော် စိုင်းစိုင်းဟာဆိုရင် သူ့ကိုချစ်တဲ့ ပရိသတ်တွေနားဆင်ဖို့ သီချင်းသစ်လေးတွေကို ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တကိုယ်တော်ခွေ Sai Sai is Sai Sai စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၂၅ ရက်နေ့က ပြည်ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
Sai Sai is Sai Sai ဆိုတဲ့သီချင်းခွေမှာ သီချင်းအားလုံး ၁၂ ပုဒ်ပါဝင်မှာဖြစ်ပြီး ကိုယ်တိုင်ရေး သီချင်း ၈ ပုဒ်မှာ ပါဝင်မှာဖြစ်ပါတယ်။ သီချင်းအမျိုးအစားကတော့ Rap သီချင်းတွေ အဓိကပါဝင်ထားတယ်လို့ သိရပါတယ်။
image
Featuring အနေနဲ့ကတော့ နန္ဒစိုင်း၊ ငယ်ငယ်၊ အမရဘုဏ်းနဲ့ Franzo က Artists တွေဖြစ်တဲ့ Snare၊ ကိကိ၊ ဘန်နီဖြိုး၊ ဂျွန်၊ G – Fatt တို့ပါဝင်သီဆိုတဲ့ သီချင်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
သီချင်းခွေ ထွက်ရှိမယ့် ဧပြီလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ Junction Square မှာ ပရိသတ်များနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးပေးသွားမယ်လို့သိရပါတယ်။စိုင်းစိုင်းကိုအားပေးဖို့ အသင့်ပဲလား ပရိသတ်ကြီးရေ…

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.057
BTC 73888.08
ETH 2318.46
USDT 1.00
SBD 0.52