About Car (13)

in #esteem-awesome8 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း။(၁၃)

(၁၄) အင်ဂျင်ပါဝါနိမ့်သောကားများတွင် Catalytic Converter ပိတ်ခြင်း Catalytic Converter ပိတ်သောကြောင့် ရေဆူတတ်ခြင်းမှာ အင်္ဂျင်ပါဝါနိမ့်သော 1500 cc အောက်ကားများတွင်သာအများဆုံးဖြစ်တတ်ပါသည်။ Catalytic Converter ပိတ်ကာ အင်ဂျင်အားနှင့် မမျှအောင် အိတ်ဇောငွေ့များကို တွန်းထုတ်နေရသည့်အပြင် ဝန်နှင့်အားမမျှအောင် တင်ဆောင်ထားသောကြောင့် ရေဆူတတ်ပါသည်။ 1600 cc နှင့်အထက်ကားများတွင် Catalytic Converter ပိတ်သောအခါ ကားဆွဲအားကျသွားသည်မှအပ ရေဆူသည်ကို မတွေ့ရပါ။

ကားတစ်စီး၏ ပုံမှန်ရေအပူချိန်မှာ ပျမ်းမျှ 89C ဖြစ်ပြီး ရေမီတာပါသောကားများမှာ ရေမီတာတိုင်းသောလက်တံလေး သည် ရေမီတာဒိုင်ခွက် အလယ်တွင်ရှိနေပါက ရေအပူချိန်ပုံမှန်ဖြစ်ပါသည်။ ရေမီတာမပါသောကားများတွင် ပြဒါးတိုင်ပုံစံ အနီရောင်မီးလေးလင်းလာပါက ရေအပူချိန် ပုံမှန်ထက်မြင့်လာသောကြောင့်ဖြစ်သည်။ အထက်ပါအချက်များတွင် (၁) မှ (၁၀) အထိကို ဂရုစိုက်ပြုပြင်ပါက အင်ဂျင်ဟက်ဖွင့်ရသော အဆင့်သို့ မရောက်နိုင်ကြောင်းတင်ပြလိုက်ရပါသည်။

@taori

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 66355.93
ETH 1999.97
USDT 1.00
SBD 0.50