အဖေ့ရဲ့ မေတ္တာတရား

in #father7 years ago (edited)

ကိုးယောက်ဆိုတဲ့ အိမ်ထောင်ရေး
အဖေရှာကျွေးခဲ့တုန်းက
ဆီဆန်ဆားငရုပ် အိမ်မှာအထုပ်လိုက်ထားပြီး
ကျွန်တော်တို့ တပျော်တပါး ဝိုင်းလို့ စားခဲ့ကြရတယ်။
သားသမီးတွေ အရွယ်ရွယ်မို့ 
ပန်းလှတယ်လို့  အဖေမငြီး
အနာဂတ်ခရီးလှစေဖို့  ပညာအမွေတွေသူပေးရင်း
ပြုံးပြုံးကြီးပျိုးထောင်လို့ 
သူ့ ပုခုံးတွေလည်းဖူးရောင်လို့ ပေါ့ ။...
သူ့ ခေတ် ၊သူ့ အခါ တိုက်တာနှင့်ခြံကား
အဖေရှာ မထားပေးနိုင်ခဲ့ ပေမဲ့
အေးမြတဲ့အရိပ်စစ် နွေးထွေးတဲ့မေတ္တာချစ်နဲ့
သွပ်မိုး ပျဉ်ထောင်အိမ်လေးတစ်ဆောင်တော့
အဖေ တည်ထောင်ပေးနိုင်ခဲ့ပါတယ်လေ ။
သြော် အခုတော့
အဖေ့ကို တစ်ဖန်ကျေးဇူးဆပ်ဖို့
သူ့ ရဲ့အိမ်အိုလေးအထဲမှာ
အစီအရီ ရှိနေတဲ့ သမီးသား
တစ်ဦးမှ မပြုစုနိုင်ရှာပါလား။

ကဗျာလေးကတိုပေမယ့် ရသလေးတော့ ပေးစွမ်းနိုင်မှာပါဗျာ...
@tamuthar (Own Creation)
image

Sort:  

စကားပြေလေးထည့်ရေးရင် ပိုကောင်း။

ဟုတ် အခုတလော စကားပြေလို ရေးတင်တာများနေတယ်..ဖတ်ရတဲ့လူတွေ ပျင်းနေမလားလို့ ကိုကြီး

ကဗျာ လေးကြိုက်တယ်

ကျေးဇူး ကိုသာအေး

တမူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကိုဒွန်းလေးးးးးးးးးးးးးးးးဆွဲပြီး
ရေးနိုင်တော့ဘူး..😃😃

ကောင်းတယ် ကျွန်တော်သာဆိုရင်တော့ ဓာတ်ပုံကို ခေါင်းစဉ်ရဲ့အောက် အပ်ါဆုံးမှာထားမယ်ဗျ

Good idea,thanks!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 63209.23
ETH 3482.75
USDT 1.00
SBD 2.53