သံကိစ္စ သာမဏေ အပိုင်း၅

in #flower8 years ago

(5)
ဘာဆက်ဖြစ်သလဲဆိုတော့……… :-D
ရွာတစ်ရွာက ဆင်းရဲသား တစ်ယောက်က သူနေတဲ့ရွာမှာ မိုးရေ ခေါင်းပါး အစာရှားတဲ့အတွက် ဒုဗ္မိက္ခဘေး ရောက်နေတာနဲ့ တခြားရွာမှာရှိနေတဲ့ သမီးအိမ်သို့ ထွက်လာခဲ့တယ်။
ခရီးစဉ်ပြီးလာခဲ့တယ်……လမ်းမှာ……
သုံးကျိပ်သောကိုယ်တော်များက ရွာတစ်ရွာက ဆွမ်းခံပြန် ချောင်းကလေးတစ်ခုမှာ ရေမိုးချိုးပြီးတော့ သစ်ပင်ရိပ်ကောင်းကောင်းမှာ ဆွမ်းဘုဉ်းပေးနေတာနဲ့တွေ့တယ်………

ဆွမ်းဘုဉ်းပေးနေတဲ့သံဃာတ်ာတွေကလည်း ခရီးရောက်မဆိုက်ရောက်လာတဲ့ ဒီလူကိုကြည့်ရတာ တော်တော်ဆာလောင်မွတ်သိပ်တဲ့ပုံရတယ်!
"ဒကာ ဘယ်သွားမလို့လဲ"ဆိုပြီး သံဃာတော်တွေကမေးတယ်။

သံဃာတော်တွေကို တွေ့တော့ ဆင်းရဲသား ဒီလိုစဉ်းစားတယ်……
သူ့ သမီးဆီ မသွားတော့ဘဲ ဒီကိုယ်တော်တွေဆီမှီခိုပြီး အသက်ရှည်ရှည်နေတော့မယ်လို့ စိတ်ကူးပြီးတော့……
"အရှင်ဘုရားတို့ ဝတ်ကြီးဝတ်ငယ်ကို ပြု၍ အရှင်ဘုရားတို့ဆီမှာနေပါရစေဘုရား" ဆိုပြီး လျှောက်ထားတော့……
"ကောင်းပြီ ဒကာ" ဆိုပြီး သံဃာတော် သုံးကျိပ်က ဆင်းရဲသားကို ကျောင်းကိုခေါ်သွားတယ်…………
ဆင်းရဲသားက လိမ်လည်းလိမ်မာပါတယ်တဲ့……
ရောက်တယ်ဆိုရင်ပဲ ကျောင်းတလင်းတေကသာယာလို့!
သောက်ရေသုံးဆောင်ရေလည်းအပြည့်။
ဘုရားလှူ ဖို့ရေချမ်းပန်း မိုးသောက်ရောက်တယ်ဆိုစီမံပြီး။
ရဟန်းတော်များကလည်းသူ့ကို ကျွေးမွေး……
တစ်နေ့တစ်နေ့အင်မတန်ချမ်းချမ်းသာသာနေရာကနေ…
နှစ်လလောက်ရောက်တော့……
သူက သမီးကိုလွမ်းလာတယ်………
လွမ်းတော့ သူ ဘာဆက်စဉ်းစားလဲဆိုတော့………… :-D image

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.060
BTC 69800.68
ETH 2123.38
USDT 1.00
SBD 0.53